မြဝတီမြို့က BGF တပ်ကြပ်ကြီးပိုင်တဲ့ အပေါင်ဆိုင်မှာ ဗုံးပေါက်ကွဲ

မြဝတီမြို့က BGF တပ်ကြပ်ကြီးပိုင်တဲ့ အပေါင်ဆိုင်မှာ ဗုံးပေါက်ကွဲ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် သဲပုံဂိတ်နားမှာဖွင့်ထားတဲ့အပေါင်ဆိုင်တစ်ခုမှာ ဒီကနေ့ မနက် ခြောက်နာရီဝန်းကျင်ကဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ “မနက်က အသံတော်တော်ကျယ်တယ်၊မနက်ပိုင်းဆိုတော့ အသံကြားပြီးအိပ်ယာကလန့်နိုးတာ၊ ဆိုင်အရှေ့ ဘက် က တော်တော်ထိသွားတယ်၊လူတွေတော့မထိဘူး၊ ဆိုင်ကယ်ကနေပေါက်တာ၊ ဆိုင်ကယ်လည်း ရစရာမရှိ အောင် ပျက်စီးသွားတယ်”လို့ မြဝတီမြို့ခံတစ်ဉီးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အပေါင်ဆိုင်ဟာနယ်ခြားစောင့်တပ် BGFက ဗိုလ်မှူးစောမုတ်သုန်ရဲ့တပည့် တပ်ကြပ်ကြီး စောဒူးလေးရဲ့ဆိုင်ဖြစ်ပြီး အနားဝန်းကျင်မှာလည်း ဟိန်းစိန်ကာစီနိုရုံရှိတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ခဲ့တဲ အပေါင်ဆိုင်အနီးက သဲပုံဂိတ်ဟာ BGF တပ်ဖွဲ့ဝင်တွေ…

Read More
BGF ဂိတ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားသုံးဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်

BGF ဂိတ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားသုံးဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ အုပ်ချုပ်နယ်မြေ ဖားအံမြို့နယ်ထဲက ညောင်ကုန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် BGF စစ်ဆေးရေးဂိတ်ကနေ ကျေးရွာအတွင်းကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ခဲ့ပါတယ်။ BGF – ၁၀၁၄ တပ်ရင်း၊ (တပ်ခွဲ-၂) လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်တင်ဝင်း ဦးဆောင်တဲ့ ညောင်ကုန်း BGF ဂိတ်ကနေ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ငါးနာရီခွဲဝန်းကျင်မှာ ကျေးရွာထဲကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာပါ။…

Read More
BGFတပ်သားတွေအတွက် တစ်အိမ်ကို ဘတ်၅၀၀ ဆက်ကြေးတောင်းနေ

BGFတပ်သားတွေအတွက် တစ်အိမ်ကို ဘတ်၅၀၀ ဆက်ကြေးတောင်းနေ

ရှေ့တန်းထွက်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်သားတွေအတွက်ဆိုပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာမှာ အိမ်ထောင်စုတစ်စုကို ထိုင်းဘတ်ငွေ ၅၀၀ကျပ်ပေးဆောင်ဖို့အတွက် ဆက်ကြေးတောင်းခံနေတယ်လို့ KICသတင်းဌာနမှာ ဖော်ပြထားပါတယ်။ မေလ ၇ရက်နေ့မှာ ရွှေကုက္ကိုလ်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတာဝန်ရှိသူတွေကို BGFတပ်ဖွဲ့က အစည်းအဝေးခေါ်ယူပြီး အခုလို တောင်းခံခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူတို့ပြောတာက တစ်အိမ် ၅၀၀(ဘတ်) ထည့်ရမယ်ပေါ့။ ဘာဖြစ်လဲဆိုရင် စစ်သားဖြစ်တဲ့လူတွေကို အနောက်ဘက်က ထောက်ပံ့ပေးသလိုပေါ့။ အခုကောက်နေပြီးဆိုတော့ ပိုက်ဆံစ ထည့်ရပြီးပေါ့။…

Read More
BGF က ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး စစ်အုပ်စုစခန်း​တွေဆီ ပို့ဆောင်

BGF က ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး စစ်အုပ်စုစခန်း​တွေဆီ ပို့ဆောင်

သံလွင်မြစ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူတွေကို စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးပြီး စစ်အုပ်စုရဲ့ ဝင်းတာပန်နဲ့ လေးကေစခန်းတွေကို ​ပေါ်တာအဖြစ် ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KIC က ဖော်ပြထားပါတယ်။ မေလ ၁ရက်နေ့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်းက ဗိုလ်တင်ဝင်းဦးစီးတဲ့အဖွဲ့ဟာ သံလွင်မြစ်ကမ်း အနောက်ဘက်မှာရှိတဲ့ ကျေးရွာ ၈ရွာက ဒေသခံပြည်သူ ၁ဝ၀…

Read More
စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရ

စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ကတိုင်ဒီ (ကတဲတေ) BGF စခန်းက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာက အမျိုးသမီးငယ်တစ်ဦးနဲ့ အဖွားအိုတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၃ရက်နေ့ ည ၁၁ နာရီခန့်မှာ ကတိုင်ဒီကျေးရွာ BGF ၁၀၁၃ စခန်းကနေ့ ဘီးလင်းမြို့နယ် ဒေါဇံကြီးကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်…

Read More
BGF မှ တပ်သားတစ်ဦး KNLA ကို လက်နက်နဲ့အတူ အလင်းဝင်

BGF မှ တပ်သားတစ်ဦး KNLA ကို လက်နက်နဲ့အတူ အလင်းဝင်

KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၅) ကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က တပ်သားတစ်ဦး မနေ့က မတ်လ ၁၈ ရက်နေ့တွင် လက်နက်နဲ့အတူ ဝင်ရောက်လာတယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်လိုက်ပါတယ်။ အလင်းဝင်ရောက်လာသူမှာ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သား စောမော်ဝါးဖြစ်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။ M-16 AR…

Read More
လေးကေကော် မြို့သစ်မှာ အကြမ်းဖက် စစ်အုပ်စုတပ်တွေက ဒေသခံအိမ်တွေထဲက ပစ္စည်းတွေခိုးယူနေ

လေးကေကော် မြို့သစ်မှာ အကြမ်းဖက် စစ်အုပ်စုတပ်တွေက ဒေသခံအိမ်တွေထဲက ပစ္စည်းတွေခိုးယူနေ

အကြမ်းဖက် စစ်အုပ်စုတပ်တွေနဲ့ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ တကျော့ပြန် တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ လေးကေကော်မြို့သစ် ရပ်ကွက်ပတ်လည်မှာ ခြေကုပ်စခန်းချ နေထိုင်နေရာယူပြီး လူနေအိမ်တွေထဲ အသုံးအဆောင်ပစ္စည်းတွေကို နေ့စဉ်ခိုးယူနေတယ်လို့ လေးကေကော် စစ်ရှောင်ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIC သတင်းဌာနက ဖော်ပြပါတယ်။ အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦးက “ကျနော့်အိမ်က ကားက မြဝတီရောက်ပြီး သူများမောင်းနေတာတွေ့တော့ မိတ်ဆွေတွေက လှမ်းပြောတာနဲ့ သိရတာ။ ကားမောင်း နေသူကို မေးကြည့်ခိုင်းတော့ ၂၇၅ စစ်တပ်…

Read More
လေးကေ(BGF)စခန်းက စခန်းပြုပြင်ရန်အတွက် ပြည်သူတွေကို လုပ်အားပေး အဓမ္မခိုင်းစေခဲ့

လေးကေ(BGF)စခန်းက စခန်းပြုပြင်ရန်အတွက် ပြည်သူတွေကို လုပ်အားပေး အဓမ္မခိုင်းစေခဲ့

၁၃၊ စက်တင်ဘာလ၊ ၂၀၂၁။ လေးကေကျေးရွာ အလယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ BGF(၁၀၁၄)နဲ့ ခမရ(၄၀၆) ပူးပေါင်းတပ်ဖွဲ့ဟာ သူတို့ရဲ့ တပ်စခန်းကို ပြုပြင်ဖို့အတွက်ဆိုပြီး ဒေသခံပြည်သူတွေကို သစ်၊ဝါးခုတ်ပေးဖို့ အဓမ္မစေခိုင်းခဲ့တယ်လို့ KNU ဘီးလင်းမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းပေးပို့ထားကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။ တပ်စခန်းပြုပြင်ဖို့အတွက် စက်တင်ဘာလ (၆)ရက်နေ့က လေးကေကျေးရွာက ရွာသူရွာသားတွေကို တစ်အိမ်ကို သစ်(၂)ချောင်းနဲ့ ဝါး(၁၀)ချောင်း ခုတ်ပြီး စခန်းကို ပို့ပေးဖို့ အဓမ္မစေခိုင်းခဲ့တာပါ။ “လွန်ခဲ့တဲ့…

Read More