နိုင်ငံရေး

ပုလဲမှာစစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့အရပ်သားလေးဦးဒဏ်ရာရ

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အလည်ဘုံရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တလုံးမီးလောင်ကျွမ်းပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  “အလယ်ဘုံရွာဆိုတာကပုလဲမြို့ပေါ်ကရပ်ကွက်တခုလိုပဲ။ထွေအုပ်ရုံးနဲ့က ၁ဖာလုံလောက်ပဲဝေးတာ။ထွေအုပ်ရုံးရေစင်ပေါ်ကနေရွာထဲကိုလက်နှက်ကြီးနဲ့ပစ်တာ ။ရွာအစွန်ကအဖွားတယောက်ရဲ့အိမ်ပေါ်ကျတာ။ရေတွင်းမိုးတဲ့အဆောင်လေးပါမီးလောင်တယ် ။ပြည်သူတွေဝိုင်းငြိမ်းလို့ဆက်မကူးတာ”လို့ပုလဲမြို့ကဒေသတွင်းအခြေနေတွေကိုဖော်ပြပေးနေတဲ့Pale Entertainmentကကိုနေသူရိန်ကပြောပါတယ် ။ အဆိုပါစစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေမီးငြှိမ်းသတ်နေချိန်မှာလည်းလက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်။ အဆိုပါလက်နှက်ကြီးထိမှန်မှုကြောင့်အဖွားအိုတဦးမှာပေါင်အချက်၂၀ချုပ်ရပြီး ၊နောက်အမျိုးသားတဦးဟာခြေသလုံးနှစ်ဖက်လုံးပွင့်ထွက်သွားခဲ့ပါတယ်။ နောက်တဦးဟာ၂ချက်ခန့်ချူပ်ရပြီးကျန်တဦးကတော့ လည်ပင်းနဲ့ ကျောမှာပေါက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။ ပုလဲမြို့ပေါ်မျာစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမရှိတဲ့အခါမျိုးမှာမြို့ပြင်မထွက်ရဲပဲမြို့စောင့်တပ်အနေနဲ့သာနေထိုင်နေကြတယ်လို့‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့ ပအဖ ရုံးနဲ့ပုလဲတပ်ရင်း (၁) တပ်ခွဲ တစ်ခုကို စစ်တပ်က ရဟတ်ယာဥ်သုံးစီးနဲ့ စီးနင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ကပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ ပုလဲတပ်ရင်း (၁)တပ်ခွဲတစ်ခုတို့ကို စစ် ကောင်စီက အောက်တိုဘာ ၂၅ရက် ညနေပိုင်းမှာ ရဟတ်ယာဥ်တွေနဲ့ဝင်ရောက်စီးနင်းခဲ့တယ်လို့ Royal Eagle People Defence Force အဖွဲ့ ပြန် ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နဲ့ပုလဲမြို့ အစပ် ရင်ပေါင်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် လေကြောင်း က ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ ပုလဲမြို့ အစပ် က ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒီကနေ့ မနက် ပိုင်းမှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ပြီး ရွာအတွင်းစီးနင်း တပ်စွဲထားတယ်လို့ ယင်းမာပင်မြို့နယ် သတင်း မှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ-ပုလဲကားလမ်းဘေး မိုင်းဆွဲခံရ၊စစ်သား ၄ဦးသေဆုံးနိုင်

မုံရွာ-ပုလဲကားလမ်းဘေးဝဲယာ စစ်သားတွေဖြတ်လျှောက်လေ့ရှိတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦး သေဆုံးနိုင်တယ်လို့သိရပါတယ်။ ဒီနေ့မနက်၈နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်နဲ့ လက်တောင်းကြီးရွာကြားမုံရွာ-ပုလဲ ကားလမ်း ဘေးမှာ မိုင်းနှစ်လုံးဆွဲခဲ့ခြင်းဖြစ်ပြီး ခြေလျင်ဖြတ်လာတဲ့ စစ်သား၁၂ဦးအနက် ၄ဦး ဘိုင်းခနဲလဲကျသွားတာ ကိုမြင်လိုက်ရကြောင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။ ‘ကျွန်တော်တို့ မိုင်းအလုံး၂၀ကျော်ထောင်ထားတဲ့အထဲက နှစ်လုံးပဲဆွဲလိုက်တာ။စစ်ခွေးတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့ပေါ်မှာ ဆိုင်တွေ မပိတ်ရင် ပစ်သတ်မယ်လို့ အကြမ်းဖက်စစ်တပ်ခြိမ်းခြောက်

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်က ဆိုင်တွေကို မပိတ်ရင် ပစ်သတ်မယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက် ခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မွန်းလွဲတစ်နာရီလောက်မှာ ပုလဲမြို့ထဲကို အကြမ်းဖက်စစ်သား၅၀ကျော်ရောက်လာပြီး ပုလဲမြို့ပေါ်မှာရှိ တဲ့ ဆိုင်မှန်သမျှ ကို အဲဒီလိုခြိမ်းခြောက်ပြီး ပိတ်ခိုင်းတာလို့ ပုလဲမြို့ခံတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲက ရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့မနက်၇နာရီကနေ ၉နာရီကျော်အထိ အိမ်ခြေ၁၈၀လောက်ရှိတဲ့ မြကုန်းရွာကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပြီး မနက် ၁၀နာရီကနေ ၁၂နာရီအထိ အိမ်ခြေ၁၀၀ကျော်ရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်အတွင်း ရဲကိုလိုင်းကြေးပေးပြီး စီးပွားဖြစ်ဂျင်ဝိုင်းတွေဖွင့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းက ရွာအချို့မှာ ရဲကိုလိုင်းကြေးပေးပြီး စီးပွား ဖြစ် ဂျင်ဝိုင်းတွေဖွင့်နေကြတယ်လို့သိရပါတယ်။ ပုလဲမြို့နယ်၊မွေ့တုံ၊သရက်ခြံဝိုင်းနဲ့ ပန်းရွာဝိုင်းတို့မှာ ဂျင်ဝိုင်းရှိပြီး သရက်ခြံဝိုင်းကဂျင်ဝိုင်းဟာ အကြီးဆုံး ဖြစ်တယ်လို့ ပုလဲဒေသခံတွေက ဆိုပါတယ်။ ‘ဒီလောက် တိုက်ပွဲတွေဖြစ်နေတာတောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြာမကျသေးတဲ့ အိမ်တွေကို အကြမ်းဖက်စစ်တပ် နောက်တစ်ကြိမ် မီးရှို့

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊၅၆မိုင်စခန်းရွာက ပြာမကျသေးတဲ့အိမ်တွေကို အကြမ်းဖက်စစ်တပ်က ထပ်မံ မီးရှို့တယ်လို့ သိရပါတယ်။ အိမ်ခြေ၄၀လောက်ရှိတဲ့ ၅၆မိုင်စခန်းရွာကို အောက်တိုဘာ၁၂ရက်နေ့ည ၆နာရီခွဲလောက်မှာ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလုယက်ခဲ့ခြင်းဖြစ်ပြီး တစ်ဝက်တပျက်သာလောင်သေးတဲ့အိမ်တွေကို နောက် ထပ်ရောက်လာတဲ့စစ်တပ်ကဒီနေ့မှာ  ထပ်မီးရှို့ခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းနဲ့ စစ်အင်အားတိုးချဲ့နေတဲ့အခြေအနေ တွေအရ ပုလဲ မြို့နယ်ထဲက ရွာ၄၀လောက်ဟာ တောထဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ရှောင်ရွာ၄၀လောက်ဟာ သူတို့ရွာတွေနဲ့ ၂မိုင်ဝန်းကျင်ရှိတဲ့တောတွေထဲ မိုးကာတဲထိုးနေထိုင်နေကြ တယ်လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်ကလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်ထဲဝင်လာတဲ့ စစ်ကား၉၀ကျော်ကို မိုင်းဆွဲတိုက်ခိုက်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲကိုဝင်လာတဲ့ အကြမ်းဖက်စစ်ကား၉၀ကျော်ကို ပြောက်ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သံချပ်ကာကား၇စီးနဲ့ အကြမ်းဖက်စစ်ကား၉၃စီး ပုလဲမြို့နယ်ထဲ ဝင်လာစဥ် ပြည်သူ့တော် လှန်ရေးတပ်(PRA)နဲ့ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)တို့ပူးပေါင်းကာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော် လှန်ရေးတပ်ဖွဲ့ဝင် ဗိုလ်စောကပြောပါတယ်။ ‘၇နာရီ၁၅မိနစ်လောက်မှာ မိုင်းဆွဲခဲ့တာ။မိုင်း၆လုံး၊၇လုံးကွဲတယ်။ကျွန်တော်တို့ပြောက်ကျားအလုပ်က [ဆက်လက်ဖတ်ရှုရန်]