ပုလဲမြို့ပေါ်မှာ ဆိုင်တွေ မပိတ်ရင် ပစ်သတ်မယ်လို့ အကြမ်းဖက်စစ်တပ်ခြိမ်းခြောက်

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့ပေါ်က ဆိုင်တွေကို မပိတ်ရင် ပစ်သတ်မယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက် ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မွန်းလွဲတစ်နာရီလောက်မှာ ပုလဲမြို့ထဲကို အကြမ်းဖက်စစ်သား၅၀ကျော်ရောက်လာပြီး ပုလဲမြို့ပေါ်မှာရှိ တဲ့ ဆိုင်မှန်သမျှ ကို အဲဒီလိုခြိမ်းခြောက်ပြီး ပိတ်ခိုင်းတာလို့ ပုလဲမြို့ခံတစ်ဦးကပြောပါတယ်။

‘ဘာ့ကြောင့်ပိတ်ခိုင်းသလဲ အကြောင်းပြချက်မရှိဘူး။ပုလဲမြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေ၊စားသောက်ဆိုင် တွေ၊ကုန်စုံဆိုင်တွေ၊ကွမ်းယာဆိုင်တွေ အကုန်ပိတ်ခိုင်းတယ်။မပိတ်ရင် တကယ်လည်းပစ်မယ့်ကောင်တွေဆို တော့ ပိတ်ရတော့တယ်’လို့ သူကပြောပါတယ်။

ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေက ဗိုလ်သံမဏိလို့ခေါ်တဲ့ သပြေအေးဆရာ တော် ပုလဲမြို့နယ်ထဲ ရောက်လာတယ်ဆိုတဲ့သတင်းအရ မုံရွာကနေ ပုလဲကို အကြမ်းဖက်စစ်သား၅၀ကျော်ရောက်လာတယ်လို့ သိရ ကြောင်းပြောပါတယ်။

‘သပြေအေးဆရာတော်က ယင်းမာပင်က နွေဦးတော်လှန်ရေးဆရာတော်ပါ။ယင်းမာပင်ခရိုင်တစ်ခုလုံးက တော်လှန်ရေး အင် အားစုတွေအပေါ် ဩဇာကြီးတယ်’လို့ သူကပြောပါတယ်။

ပုလဲ၊ဆားလင်းကြီး၊ယင်းမာပင်နဲ့ ကနီမြို့တို့ဟာ ယင်းမာပင်ခရိုင်ထဲက မြို့တွေဖြစ်ပါတယ်။

ပုလဲမြို့ဟာ အိမ်ခြေ၁၂၀၀ကျော်ရှိတဲ့မြို့ငယ်လေးဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လတ်တလောခြိမ်းခြောက်မှု တွေကြောင့် မြို့နားမှာရှိတဲ့ ယာခင်းတွေဆီ လူအချို့ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။