ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဟာ ရပ်​ကျေးအုပ်ချုပ်​ရေးအဖွဲ့ဝင် နုတ်ထွက်မှု အများဆုံးဖြစ်

၁၃၊ အောက်တိုဘာလ၊၂၀၂၁။ စစ်ကိုင်းတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်မှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။ အောက်တိုဘာ၁၁ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၁၆၂ဉီး နုတ်ထွက်ထားပြီး ဒုတိယအများဆုံးကတော့ ၉၇ဦးနုတ်ထွက် ထားတဲ့ရန်ကုန်တိုင်းဖြစ်ပါတယ်။ တတိယအများဆုံးမှာ ၅၈ဦးနုတ်ထွက်ထားတဲ့မကွေးတိုင်းဖြစ်ပြီး ပဲခူးတိုင်း-အယောက်၂၀၊ ကရင်ပြည်နယ်၁၀ဦး၊ရခိုင်ပြည်နယ်-၇ဦး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းနဲ့ စစ်အင်အားတိုးချဲ့နေတဲ့အခြေအနေ တွေအရ ပုလဲ မြို့နယ်ထဲက ရွာ၄၀လောက်ဟာ တောထဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ရှောင်ရွာ၄၀လောက်ဟာ သူတို့ရွာတွေနဲ့ ၂မိုင်ဝန်းကျင်ရှိတဲ့တောတွေထဲ မိုးကာတဲထိုးနေထိုင်နေကြ တယ်လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်ကလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးချိုင့် လေသာရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်း ပြည်သူတွေနဲ့ PDFအချို့ အကျဆုံးရှိနေ

၁၁၊ အောက်တိုဘာလ ၊၂၀၂၁။ ထီးချိုင့်မြို့နယ် လေသာရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၇ဦးထက်မနည်း ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၁၁ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းထိ

၁၀၊ အောက်တိုဘာလ၊၂၀၂၁။ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနဲ့ သစ္စေးကုန်းကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ဦးသေဆုံးခဲ့တယ်လို့ The 74 Media သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ အောက်တိုဘာလ ၁၀ရက် နေ့လည် ၁၁နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုဝင်တွေကို တိုက်ခိုက်သွားမယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ပြည်သူအယောင်ဆောင်ထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သွားမယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်အချို့မှာ စစ်အုပ်စုတပ်တွေဟာ အရပ်ဘက်သုံးကားတွေနဲ့ ညဘက်တွေမှာ လှည့်လည်ကြပြီး အာ ဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို အလစ်ဝင်ဖမ်းတာနဲ့ အလစ်မှာဝင်ပစ်တာမျိုး ကျူးလွန်ဖို့အတွက် ဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့အနီးက မြေပြန့်ရွာတွေကို စစ်နဲ့ရဲပူးပေါင်းအဖွဲ့ ၄ရက်ဆက် ခြိမ်းခြောက်လုယက်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နားဝန်းကျင်ကမြေပြန့်ရွာတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တို့ ၄ရက်ဆက်တိုက် ဝင်ရောက်ခြိမ်းခြောက် သေနတ်ပစ်ဖောက်ကာ ပစ္စည်းလုယက်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ၄ရက်နေ့က ပုလဲမြို့နယ်၊ကြောင်သန်းရွာသို့ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ လာ ရောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။ ‘စစ်ခွေးတွေပြန်သွားတဲ့အချိန် ရွာသားတွေကိုယ့်အိမ်ကိုယ်ပြန်လာတော့ တချို့အိမ်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပျူစောထီးခေါင်းဆောင်လို့ သတင်းကြီးနေသူနှစ်ဦး ပစ်ခတ်ခံရ၊တစ်ဦးသေ၊တစ်ဦးပြင်းထန်ဒဏ်ရာရ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်လို့ အများကယူဆထားသူနှစ်ဦးကို ဒေသခံပြောက် ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ တစ်ဦးသေ၊တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ရွှေဘိုမြို့နယ်၊သီးလုံရွာက ပျူစောထီးလို့ ယူဆထားသူနှစ်ဦးကို အောက်တိုဘာ၄ရက်၊နေ့လယ်ပိုင်းက ဇီးကုန်း လေးကျေးရွာအနီးက တံတားနားမှာ ခင်ဦးစားချစ်ညိုနဲ့ SMATH ပူးတွဲအဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူတဲစုကျေးရွာက ပြည်သူ၃ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာမှာ နွားစာကျွေးဖို့ ပြန်လာတဲ့ ပြည်သူ ၃ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပျဉ်ထောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပျဉ်ထောင်ကျေးရွာဒေသခံတွေအပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာမိုင်းဆွဲခံရ ၊ ၅၀ထက်မနည်း သေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။  စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်သို့ သံချပ်ကာယာဥ်၂စီးနဲ့ တက်လာတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ဒေသခံ ပြောက် ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်က ပြောပါတယ်။ ဒီနေ့မနက်မှာအကြမ်းဖက်စစ်ယာဥ်တန်းဟာ ကလေးဘက်ကိုတပ်ကူသွားဖို့ ပုလဲမြို့နယ်ထဲ ဖြတ်သန်းလာတာဖြစ်ပြီး ပြည်သူ့ တော်လှန်ရေးတပ်(PRA)နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာအိမ်တစ်အိမ် စစ်တပ်ဝင်စီး၊လူမတွေလို့ အိမ်မီးရှို့

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မဂ္ဂင်ဘုန်းကြီးကျောင်းနားကအိမ်တစ်အိမ်ကို စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီး လူကိုမတွေ့လို့ အိမ်မီးရှို့သွားပါတယ်။ မုံရွာမြို့၊အက်တောရပ်ကွက်၊မဂ္ဂင်ကျောင်းအနီးက အိမ်တစ်အိမ်ကို ဒီနေ့ညနေ၃နာရီခွဲလောက်မှာ စစ်တပ်က သေနတ်ပစ်ဖောက် ကာ ဝင်စီး ခဲ့တာပါ။ ‘အိမ်ကိုမဝင်ခင် အိမ်ထဲကို သေနတ်၉ချက်လောက်ပစ်တယ်။အိမ်ထဲကနေ ဘာတုံ့ပြန်သံမှ မကြားတော့ [ဆက်လက်ဖတ်ရှုရန်]