ပျူစောထီးခေါင်းဆောင်လို့ သတင်းကြီးနေသူနှစ်ဦး ပစ်ခတ်ခံရ၊တစ်ဦးသေ၊တစ်ဦးပြင်းထန်ဒဏ်ရာရ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်လို့ အများကယူဆထားသူနှစ်ဦးကို ဒေသခံပြောက် ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ တစ်ဦးသေ၊တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ရွှေဘိုမြို့နယ်၊သီးလုံရွာက ပျူစောထီးလို့ ယူဆထားသူနှစ်ဦးကို အောက်တိုဘာ၄ရက်၊နေ့လယ်ပိုင်းက ဇီးကုန်း လေးကျေးရွာအနီးက တံတားနားမှာ ခင်ဦးစားချစ်ညိုနဲ့ SMATH ပူးတွဲအဖွဲ့က သေနတ်နဲ့ပစ်ခဲ့တယ်လို့ ရွှေဘိုဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရသူ အမျိုးသမီးဟာ လက်ပြင်ကျည်ဆန်မှန်ခဲ့ပြီး အမျိုးသားကတော့ လည်ပင်းကျည်သင့်ကာ သေဆုံး သွားခဲ့တာပါ။

ရွှေဘိုမြို့ခံတစ်ဦးက ‘သူတို့ကပျူစောထီးဆိုတာ တော်တော်များများသိတယ်။စစ်တပ်နဲ့ ပတ်သက်နေတာလည်း သိကြတယ်။အဲဒါကြောင့်အရှင်းခံရတာ။’လို့ပြောပါတယ်။

သူတို့ဟာ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့သတင်းကို စစ်အုပ်စုဘက်ပေးပို့နေကြောင်းသတင်းကြီးနေတယ် လို့လည်း ရွှေဘိုမြို့ခံကဆက်ပြောပါတယ်။