တန့်ဆည်မြို့မှာ ဒလန်လို့ နာမည်ထွက်နေသူတစ်ဦး ခေါင်းဖြတ် အသတ်ခံရ

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။

တန့်ဆည်မြို့နယ် ကြက်ဆူကန်ကျေးရွာနေ မြို့နယ်သမဝါယမ ဥက္ကဌ ဦးကျော်ညွှန့်ကို အမည်မသိသူအဖွဲ့က ခေါင်းဖြတ်သတ်ခဲ့တယ်လို့ သိရပါတယ်။

“သူက ကြက်ဆူကန်မှာနေတာ ပျူစောထီးကလို့ သတင်းထွက်နေတာ လက်နက်ကိုင်ပြီး လျှောက်သွားနေတဲ့သူ ဒီနေ့ မနက်ပိုင်းမှာ ခေါင်းပြတ်ပြီး သေနေတဲ့ သူ့အလောင်းကို

ပဲခင်းကြီး သင်္ချိုင်းနားမှာ တွေ့တယ် ဘယ်သူလုပ်သွားလဲတော့ မသိဘူး ညထဲက ဖြစ်ထားပုံပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဦးကျော်ညွှန့်ရဲ့ အလောင်းကို အကြမ်းဖက်စစ်အုပ်စုက လာရောက်စစ်ဆေးပြီးနောက်မှာ အနီးနားရွာတွေကိုပါ အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။