နိုင်ငံရေး

ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက် နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

မတ်၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကိုမနေ့ကမတ်လ၁၈ရက်၊နေ့လယ်၂နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်‌ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိပ်ခွန်ရွာကဒေသခံတွေက  DNA ကိုပြောပါတယ်။ “နမခကနေလာတဲ့ MI 35 ရဟတ်ယာဉ်နဲ့ ရပတ်၊၈ပတ်လာပစ်တယ်။ ဒေသခံနှစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်။ကျန်၃ဦးကတော့လက်မောင်းရှပ်ထိလေးဆိုတော့စိုးရိမ်စရာမရှိပါဘူးလို့”ဒေသခံကို Kelvin ကပြောပါတယ်။ စစ်ကောင်စီတပ်တွေလေကြောင်းပစ်ခတ်ခဲ့တာအကြောင့်အသက်၆ဝကျော်အမျိုးသမီးတဦးနဲ့အသက်၂ဝကျော်အရွယ်အမျိုးသားတဦးတို့သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုနယ်မှာ စစ်သားတွေပါတဲ့ အိမ်စီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးသေ

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းနယ်နဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါသူ ခြောက်ဦး သေဆုံးခဲ့တယ်လို့ Burma Rangers (Shwe Bo) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို-နောင်ကြီးအိုင်လမ်းကို ညဘက် ဖြတ်သန်းခြင်းမပြုဖို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ရွှေဘို-နောင်ကြီးအိုင်လမ်းကို ဒီနေ့ကစပြီး ညဘက် ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SNAKE EYES PDF က ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ရွှေဘို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တည်သီးကျေးရွာက စစ်အုပ်စုနဲ့ ပျူစောထီးတွေ မိုင်းထိပြီး ၂ ဦးသေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင် မောင်ဆန်းဦး ဦးဆောင်တဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်း ဦးဆောင်တဲ့ ပကဖ (ရွှေဘို) အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို သွေးသောက်လို့ ဆိုသူတစ်ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ ရွှေဘိုမြို့နယ်၊ အမှတ် ၆ ရပ်ကွက်နေ ကမ္ဘာကြီး လို့ခေါ်တဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူကို ရွှေဘိုမြို့ ကားကြီးကွင်းအနီးမှာ ရွှေဘိုယမ်းဘီလူးအဖွဲ့နဲ့ မဟာမိတ် ShweBo [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုနယ်မြေရှင်း အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရ၊စစ်သား ၃၀ ထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းနယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုမြို့နယ်၊ တပင်ခေါင်းရွာနဲ့ ကျားရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို ဇီးဖြူကုန်းရွာနဲ့ ဆိပ်ခွန်ရွာကြားအရောက် မဟာမိတ်တပ်ပေါင်းစုတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ပင်သာကျေးရွာမှာ ပြည်သူ ၅ ဦးရဲ့ အလောင်းတွေကို စစ်အုပ်စုက လမ်းပေါ်မှာ စွန့်ပစ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး လမ်းမပေါ်မှာ အလောင်းတွေကို စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်း ညောင်ပင်သာကျေးရွာကနေ အကြမ်းဖက်စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို၊ ကျားရွာက အိမ်ခြေ ၃၀၀ နီးပါးကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာ-တောင်ရွာ တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီလို့ သိရပါတယ်။ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျားရွာ- တောင်ရွာကို ဧပြီ ၂၉ ရက်နေ့ကနေစပြီး မေလ ၁ ရက်နေ့ မနက်အထိ အကြမ်းဖက် စစ်တပ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စု မိုင်းထိပြီး ၁ ဦးသေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီဖြူကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားပြီး ကျေးရွာတွေကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်းဦးဆောင်တဲ့ ပကဖ (ရွှေဘို) က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်သာကုန်းကျေးရွာအနီးတိုက်ပွဲ စစ်အုပ်စုနဲ့ ပျူစောထီး ၁၅ ဦးခန့်သေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကန်သာကုန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုနဲ့ ပျူစောထီးတွေ ၁၅ ဦးခန့် သေဆုံးခဲ့တယ်လို့ Shwebo Daily News က သတင်းဖော်ပြထားပါတယ်။ မနေ့က ဧပြီလ ၂၉ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]