မိုးထဲလေထဲ စစ်ဘေးရှောင်နေရတဲ့ ထီးလင်းပြည်သူတွေကို YDF ကူညီ

မိုးထဲလေထဲ စစ်ဘေးရှောင်နေရတဲ့ ထီးလင်းပြည်သူတွေကို YDF ကူညီ

#မကွေးတိုင်း #ထီးလင်းမြို့ #YDF #MilitaryCoupInMyanmar #DeltaNewsAgency မကွေးတိုင်း၊ထီးလင်းမြို့ပတ်ဝန်းကျင် မိုးထဲလေထဲ တောထဲ ရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို YDF ရဲဘော်တွေက ဘေးလွတ်ရာဆီကူညီပြောင်းရွေ့ပေးခဲ့ကြောင်း YDF (Shwe Som Nyo) က ဒီကနေ့ထုတ်ပြန်ပါတယ်။အနီးဝန်းကျင်ရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေချိန် အထူးဂရုစိုက်သွားလာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Read More
မိုးထဲလေထဲ စစ်ဘေးရှောင်နေရတဲ့ ထီးလင်းပြည်သူတွေကို YDF ကူညီ

မိုးထဲလေထဲ စစ်ဘေးရှောင်နေရတဲ့ ထီးလင်းပြည်သူတွေကို YDF ကူညီ

မကွေးတိုင်း၊ထီးလင်းမြို့ပတ်ဝန်းကျင် မိုးထဲလေထဲ တောထဲ ရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို  YDF ရဲဘော်တွေက ဘေးလွတ်ရာဆီကူညီပြောင်းရွေ့ပေးခဲ့ကြောင်း YDF (Shwe Som Nyo) က ဒီကနေ့ထုတ်ပြန်ပါတယ်။ အနီးဝန်းကျင်ရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေချိန် အထူးဂရုစိုက်သွားလာကြဖို့လည်း  မေတ္တာရပ်ခံထားပါတယ်။

Read More
စစ်ကြောင်းထိုးလာတဲ့တပ် မိုင်းဆွဲခံရပြီး လေးဦးသေ

စစ်ကြောင်းထိုးလာတဲ့တပ် မိုင်းဆွဲခံရပြီး လေးဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေ၊ ၄ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင် PDF ကထုတ်ပြန်ပါတယ်။ ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီထိုးခါနီးမှာ မြိုင်မြို့နယ်၊နယ်သတ်ရွာအနီး ခန့်မှန်းအင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်း ၄ လုံး၊ရှေ့ထွက်မိုင်း ၅ လုံးတို့နဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ‘PDFရဲဘော်တွေရှေ့တင် တုံးလုံးပက်လက်တွေဖြစ်ကုန်တာ တွေ့ရတယ်။ပြီးတော့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ…

Read More
ရေစကြိုအနီးကပ်တိုက်ပွဲ စစ်သား၄ဦးသေဆုံးကြောင်း ထုတ်ပြန်

ရေစကြိုအနီးကပ်တိုက်ပွဲ စစ်သား၄ဦးသေဆုံးကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊အောင်သပြေရွာနဲ့ တောင်ဦးရွာကြားမှာ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း ရေစကြိုPDF ကထုတ်ပြန်ပါတယ်။ ဇွန်၂၄ရက်နေ့ ညနေ၄နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမှာ ရေစကြိုPDF ထောက်ပို့ရဲဘော်တစ်ဦးလည်း ကျည်သင့်ကျဆုံးခဲ့ရပါတယ်။ ဇွန်လ၂၂ရက်နေ့ကလည်း ရေစကြိုPDFအပါအဝင်ဒေသတွင်းမဟာမိတ်၇ဖွဲ့ပူးပေါင်းပြီး ဧရာဝတီမြစ်ကြောင်း အတိုင်းစုန်ဆင်းလာပြီး စစ်သားနဲ့ရဲတို့လိုက်ပါလာတဲ့ ဇက်သင်္ဘောကို ခြုံခိုတိုက်ခိုက်ခဲ့ပါသေးတယ်။ ပုံစာ-စစ်ရေးလေ့ကျင့်နေတဲ့ရေစကြိုPDFရဲဘော်တွေ

Read More
ရေစကြို၊ တောင်ဦးရွာသားတစ်ဦး စစ်တပ်ပစ်တဲ့ကျည်ထိပြီး သေ

ရေစကြို၊ တောင်ဦးရွာသားတစ်ဦး စစ်တပ်ပစ်တဲ့ကျည်ထိပြီး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးရွာသားတစ်ဦး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ကျည် ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။ တောင်ဦးရွာကို ဇွန် ၂၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တောင်ဦးရွာ၊ရွာမ အနောက်ပိုင်းနေ ကိုထွန်းသန်း(အသက်၄၀)မှာ ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ YSO D Day Newsက ဒီကနေ့ထုတ်ပြန်ပါတယ်။ ရေစကြိုမြို့နယ်၊အမှတ်(၅)ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ‘စစ်တပ်ကဝင်လာပြီး ပစ်တာကျည်ထိသွားတာ။အကုန်လုံးလည်းပြေးကုန်ကြတော့ သူကိုယ်တိုင်ကလည်းကျည်ထိပြီး ဘယ်မှပြေးမရတော့…

Read More
စစ်ကိုင်းနဲ့ မကွေးတိုင်းတွေရဲ့ လမ်းမကြီးတွေကို ၉၀ ရာနှုန်း စိုးမိုးထားနိုင်ပြီလို့ NUG ပြော

စစ်ကိုင်းနဲ့ မကွေးတိုင်းတွေရဲ့ လမ်းမကြီးတွေကို ၉၀ ရာနှုန်း စိုးမိုးထားနိုင်ပြီလို့ NUG ပြော

မနေ့က ဇွန်လ ၂၁ ရက်နေ့ ညနေက ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Press Secretary တာဝန်ယူထားတဲ့ ကိုနေဘုန်းလတ်က စစ်ကိုင်း နဲ့ မကွေးတိုင်းတွေရဲ့ မြောက်ပိုင်းဒေသတွေမှာ အဓိက လမ်းမကြီးတွေရဲ့ ၉၀ ရာနှူန်း ၊ ကျေးရွာ ၈၀ ရာနှူန်းကို PDF တွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။ “စစ်ကိုင်းတို့ ၊ မကွေးတို့မှာရှိတဲ့ အဓိကလမ်းမကြီးတွေရဲ့…

Read More
မြိုင်၊ ကွမ်းတောရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ဖျက်ဆီး

မြိုင်၊ ကွမ်းတောရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကွမ်းတောရွာကိုရောက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာ ရွာအရှေ့ဘုန်းကြီးကျောင်းနဲ့ ကျေးရွာရေရှိရေးအတွက်အသုံးပြုနေတဲ့ သိန်း၅၀လောက်တန်ဖိုးရှိ ဆိုလာပြားတွေကိုပါ ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်၁၉ရက်နေ့က ကွမ်းတောရွာမှာ စတင်တပ်စွဲခဲ့ပြီးအဲဒီနေ့မှာပဲ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ ကထုတ်ပြန်ပါတယ်။ အရင်က ရွာထဲ ရေပေးဝေရေးကို မော်တာနဲ့ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း မီးမလာတော့တာကြောင့် ကျပ်သိန်း၅၀တန်ဖိုးရှိ ဆိုလာပြားဝယ်ကာ ရေပေးဝေရေးကို ဆက်လက်ဆောင်ရွက်ခဲ့တာပါ။ ‘ရွာသားတွေကို ဓားစားခံအနေနဲ့ဖမ်းထားပြီး နှိပ်စက်နေတယ်။စိတ်ဝေဒနာရှင်တစ်ဦးက သတ်လိုက်တယ်လို့ သိရတယ်။ရွာမီးရှို့တယ်လို့တော့မကြားမိဘူး။ထုံးစံအတိုင်းအိမ်တွေဝင်မွှေဖျက်ဆီးတာတွေရှိတယ်။ဘုန်းကြီး ကျောင်းဖျက်ဆီးခံရတာအခြေအနေဘယ်လိုရှိသလဲဆိုတာလည်း သတင်းမရသေးဘူး’လို့ မြိုင်မြို့နယ်၊အမှတ်…

Read More
စစ်တပ်ချန်ထားခဲ့တဲ့ ဗုံးသီးပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေး ၂ ဦးသေ

စစ်တပ်ချန်ထားခဲ့တဲ့ ဗုံးသီးပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေး ၂ ဦးသေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ထားခဲ့တဲ့ ၄၀(မမ) ဗုံးသီး ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေး ၂ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ ကန်ရွာအနောက်ဘက်၊ ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာမှာ စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့တဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံမောင်နဲ့မောင်မင်းထွဋ်ဇော်တို့ သေဆုံးခဲ့ကြောင်း ဂန့်ဂေါ PDF ကထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့…

Read More
ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)က ဒီ ကနေ့ထုတ်ပြန်ပါတယ်။ ဇွန်၁၈ရက်နေ့၊မနက်၇နာရီလောက်မှာ တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်သား၂၀၀ကျော်တို့ကို သင်တောရွာအထွက်မှာ PDF-(701)Gangaw Battalion (YRPA) တပ်ခွဲ (၃)နဲ့ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဒဏ်ရာရစစ်သားတွေလည်း ရှိကြောင်း YRPA က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုလုံးဝမရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့…

Read More
ဂန့်ဂေါမှာ စစ်တပ်က ပြည်သူ၆ဦးကို သတ်ဖြတ်၊၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းလို့ ထုတ်ပြန်

ဂန့်ဂေါမှာ စစ်တပ်က ပြည်သူ၆ဦးကို သတ်ဖြတ်၊၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းလို့ ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာမှာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၆ဦးကို သတ်ဖြတ်ခဲ့ပြီး ၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မနေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၃ရက်က ညောင်လယ်ရွာကို ဝင်ရော က်သ တ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၆ဦးအနက် ၂ ဦးဟာ ညောင်လယ်ရွာသားတွေ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပေမယ့် ကျန် ၄ဦးကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီ…

Read More