ထီးလင်းမြို့နယ် ကံသာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊နေအိမ်ဆယ့်တလုံး ပျက်စီး

ထီးလင်းမြို့နယ် ကံသာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊နေအိမ်ဆယ့်တလုံး ပျက်စီး

မကွေးတိုင်း ထီးလင်းမြို့နယ်က ကံသာကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းက အဲ့ဒီရွာကို စက်တင်ဘာလ (၂၂) ရက်ညပိုင်းမှာ (၂၃)ရက်မနက်ပိုင်းတွေမှာ မီးရှို့ဖျက် ဆီး ခဲ့တာပါ။စစ်တပ်ဟာ ကျေးရွာအတွင်းလူနေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြ တယ် လို့ယောဒေသကယ်ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ သူတို့က အိမ်တွေကိုမီးရှို့ပြီး ကျနော်တို့အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ခြိမ်းခြောက်တဲ့စာတွေ လည်းရေး ထားခဲ့တယ်” လို့ YDF ဗျူဟာမှူး သခင်ဇော်ကပြောပါတယ်။…

Read More
ဂန့်ဂေါမြို့က ရှုံးရှီကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူ

ဂန့်ဂေါမြို့က ရှုံးရှီကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူ

မကွေးတိုင်း၊ဂန့်ဂေါမြို့အနောက်ဖက်က ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ ရှုံးရှီကျေးရွာထဲကို စစ် တပ်က ဒီကနေ့ နေ့လယ်ပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ရွာခံတွေရဲ့ ပစ္စည်း တွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကားသုံးစီးန(နဲ့) အနောက်ဖက်ကိုသွားလေကြပြီးသိပ်မကြာဘူး တအုန်းအုန်းပစ်ကြတော့တာ၊ လူ တွေက ပြေးခင်လို့ မထိကြဘူး၊ ညနေမှ ပြန်လာခဲ့ကြတာ၊အိမ်တွေကိုမှန်တယ်၊လူတော့မထိဘူး” လို့ ဂန့်ဂေါမြို့ခံတစ်ဦးကပြောပါတယ်။ ရှုံးရှီကျေးရွာဟာ ဂန့်ဂေါမြို့နဲ့မြစ်သာမြစ်သာခြားပြီး မြစ်ရဲ့အနောက်ဖက်မှာတည်ရှိတာဖြစ်ပါတယ်။ စစ် ကောင်စီတပ်တွေက အဲ့ဒီရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ တာလို့ဆိုပါတယ်။…

Read More
ရေစကြိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့စခန်းတခု စီးနင်းခံရပြီး ကျပ်သိန်းငါးရာခန့် တန်ဖိုးရှိအသုံးအဆောင် များဆုံးရှုံး

ရေစကြိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့စခန်းတခု စီးနင်းခံရပြီး ကျပ်သိန်းငါးရာခန့် တန်ဖိုးရှိအသုံးအဆောင် များဆုံးရှုံး

မ​ကွေးတိုင်း​၊ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သင်တန်းသားတွေနေတဲ့ စခန်းတခု စီးနင်း ဖျက်ဆီး ခံရလို့ ကျပ်သိန်းငါးရာဝန်းကျင် တန်ဖိုးရှိတဲ့အသုံးအဆောင်တွေ ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုပကဖက ထုတ်ပြန် ပါတယ်။ “ကျွန်​တော်တို့စခန်းကို စကစ​တွေ လာတာက လမ်းပြပါလာတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သ တင်းထုတ်ပြန်ရေး တာဝန်ခံက DNAကိုပြောပါတယ်။ စစ်တပ်က စက်တင်ဘာ (၁၆)ရက် မနေ့ မနက်အစောပိုင်းမှာ အဲ့ဒီစခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနဲ့သင်တန်းသားတွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမယ့် စခန်းကအဆောက် အအုံတွေနဲ့ကားတ စီးအပါအဝင်…

Read More
ဂန့်ဂေါမှာ စစ်တပ်နဲ့ ပျူစောထီးတွေက PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

ဂန့်ဂေါမှာ စစ်တပ်နဲ့ ပျူစောထီးတွေက PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းထဲမှာ PDF ဝတ်စုံတွေနဲ့ အ ယောင် ဆောင်ထားသူတွေလည်းပါဝင်နေတယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၁) တပ်ရင်းမှူး ကိုသားကို က DNA ကိုပြောပါ တယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတစ်ချို့ PDF ဝတ်စုံတွေဝတ်ထားတာကို စစ်ကြောင်းက ဖမ်းဆီးတာ ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံတချို့ကပြန်ပြောလို့သိရတာဖြစ်တယ်လို့ ဆိုပါတယ်။ “မဲရွာကလွတ်လာတဲ့ အမျိုးသမီးတစ်ယောက်က PDF ဝတ်စုံဝတ်ထားတဲ့ သူ အယောက် နှစ်ဆယ်လောက် ရှိတယ်လို့…

Read More
ပခုက္ကူမှာ ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ တဦး

ပခုက္ကူမှာ ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ တဦး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က မြစ်ခြေ-ကျွန်းချောင်းလမ်းပိုင်း ချောင်းမကြီးချောင်းအနီးမှာ စစ်ကောင်စီ ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တန်းနဲ့အတူလိုက်ပါလာတဲ့ ပျူစောထီးနှစ်ဦးသေဆုံးတယ်လို့ ပခုက္ကူ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ “အဲ့ဒီချောင်းမကြီးချောင်းအနီးမှာနှစ်ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တယ်၊ဆိုင်ကယ်တစ်စီး သုံးယောက်ပူးစီး လာတာ သူတို့ဆိုင်ကယ်တွေဘယ်လောက်ပျက်စီးသွားလဲဆိုတာတော့ မြေပြင်အခြေအနေ အရ သူတို့က တန်းပစ်ခတ်တော့ မမြင်လိုက်ရဘူးလို့” ပခုက္ကူ PDF တပ်ဖွဲ့ဝင်တစ်ဦးကDNA ကိုပြောပါတယ်။ ဆိုင်ကယ်ခြောက်စီးနဲ့ ကားတစီးပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မိုင်း ဆွဲတိုက် ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနှစ်ဦးသေဆုံးတဲ့အပြင်…

Read More
ဆောမြို့က ပြည်သူထောင်ချီ ပါဝင်တဲ့ NUGနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ပွဲ

ဆောမြို့က ပြည်သူထောင်ချီ ပါဝင်တဲ့ NUGနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ပွဲ

မကွေးတိုင်း ဆောမြို့နယ်မှာ ပြည်သူအစိုးရ NUG ကိုထောက်ခံကြောင်းနဲ့ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုး ထွန်းကို UN မှာ သံအမတ်အဖြစ် ဆက်လက် ခန့်ထားဖို့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ “ကုလသမဂ္ဂက ကျွန်တော်တို့ရဲ့ ပြည်သူ့အသံတွေ၊ ဆန္ဒတွေကိုသိဖို့ UN မှာ ဦးကျော်မိုးထွန်းဆက်ရှိနေဖို့က အရေး ကြီးတယ်၊အကြမ်းဖက်စစ်ကောင်စီကိုယ်စားပြု ကိုယ်စားလှယ်ရှိနေမှာမျိုးကို ကျွန်တော်တို့လုံး ဝမ လိုလားဘူး၊ ဒါ ကြောင့် ပြည်သူတွေရဲ့ ဆန္ဒကို…

Read More
အောင်လံမြို့က နှစ်ရှည်အရိပ်ရသစ်ပင်ကြီးတွေကို ခုတ်လဲရောင်းချတာ မြို့ခံတွေမလိုလား

အောင်လံမြို့က နှစ်ရှည်အရိပ်ရသစ်ပင်ကြီးတွေကို ခုတ်လဲရောင်းချတာ မြို့ခံတွေမလိုလား

မကွေးတိုင်း၊ အောင်လံမြို့နယ်နိမိတ်ထဲက ပြည်-မန္တလေးကားလမ်းပေါ်က အရိပ်ရနှစ်ရှည် သစ်ပင်ကြီး တွေကို ခုတ်လဲပြီး ပျဉ်ထိုးရောင်းချနေတဲ့အပေါ် မလိုလားပေမယ့် စည်ပင်အရာရှိညွှန်ကြားချက်နဲ့ လုပ် တယ်ဆိုတာကြောင့် မပြောရဲကြဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “မြို့ကအပူပိုင်းဒေသလည်းဖြစ်တော့ နွေ မိုးဆောင်း ဒီအပင်ကြီးတွေအောက်မှာပဲ ကလေးလူကြီးအားလုံး အား ကစားပဲလုပ်လုပ်၊ခရီးသွားလာရင်းနားခိုတာဖြစ်ဖြစ်၊ဈေးရောင်းဈေးဝယ်ကစ ဒီအရိပ်မှာပဲဆိုတော့ မခုတ်စေချင် လည်း ဘယ်သူ့သွားပြောမလည်း တာဝန်ရှိသူတွေလုပ်နေကြတာဆိုတော့လည်း ဒီတိုင်း ထိုင်ကြည့်နေရ တယ်” လို့ မြို့ခံတဦးဖြစ်တဲ့ ကိုမျိုးကြီးကပြောပါတယ်။ အခုလို…

Read More
ထီးလင်းရဲစခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ရဲ တစ်ဦးသေ၊သုံးဦး ဒဏ်ရာရ

ထီးလင်းရဲစခန်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ရဲ တစ်ဦးသေ၊သုံးဦး ဒဏ်ရာရ

မကွေးတိုင်း ထီးလင်းမြို့ပေါ်က (တောင်)ရဲစခန်း ဝင်းကို ဒေသကာကွယ်တပ်ဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ရဲတစ်ဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။ ” ကျနော်တို့က မြို့ထဲကိုပစ်ခတ်မှာဖြစ်တဲ့အတွက် တိကျဖို့လိုတယ်။ ပြည်သူတွေကို ထိမှာစိုးရတယ်။ ဒါကြောင့် အကြိမ်ကြိမ်စမ်းသပ်ပြီးမှ ခုလိုပစ်ခတ်ခဲ့ တာပါ” လို့ သခင်ဇော်ကပြောပါတယ်။ YDF(ထီးလင်း)နဲ့ ပေါက်တောင်ပိုင်း တွေ့မရှောင် ပျောက်ကျားတပ်တို့ နည်းပညာဆိုင်ရာပူးပေါင်းပြီး ထီးလင်းမြို့ထဲက စစ်ကောင်စီ ပစ်မှတ် နေရာ နှစ်ခုကို…

Read More
ထီးလင်းမှာ စစ်ကောင်စီတပ် အချင်းချင်း လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်

ထီးလင်းမှာ စစ်ကောင်စီတပ် အချင်းချင်း လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဒေသတွင်းလှုပ်ရှားနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ မြို့အထွက်ဘုရားကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်ပိုင်းက အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်ကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ “စပစ်တာက ဘုရားကုန်းက တပ်က ငါးချက်ရှိတယ်၊ ဟိုက ပြန်ပစ်တာက သုံးချက်၊ ဘုရားကုန်းနားတော့ကျတယ်ဗျ၊ ထိမထိတော့ မသိဘူး၊ ဘုရားကုန်းဘက်က ပြန်တော့မပစ်တော့ဘူး” ဒေသခံတစ်ဦးက DNA ကို​ပြောပါတယ်။ ဒေသတွင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ ဩဂုတ် (၂၅) ရက် မနက်ပိုင်းက…

Read More
ဆောမြို့နယ်မှာ နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခံရလို့ ခြောက်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဆောမြို့နယ်မှာ နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခံရလို့ ခြောက်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်မှာလက်နက်ကိုင်ထားသူတစုက ဝင်ရောက်ပစ်ခတ်သတ်ဖြတ်လို့ မိသားစု ဝင်ငါးဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆောမြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ ဒေသခံတွေ ဆီကသိရပါတယ်။   “အရင်ဆုံး လက်နက်ကြီးပစ်သံ သုံးချက်လောက် ကြားတယ်၊ည၈နာရီလောက်ကျတော့ သေနတ်အတွဲ လိုက်ပစ်သံတွေရော ငိုသံတွေရောကြားရတယ်”လို့ ဆောမြို့နေ ပြည်သူတဦးက DNA ကို ပြောပါတယ်။   အဲ့ဒီပစ်ခတ်သတ်ဖြတ်မှုဟာ ဆောမြို့ ဇေယျာ ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်တ ဦးဖြစ်တဲ့ ဦးခင်မောင်လင်း…

Read More