ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးကို ဒီကနေ့ အောက်တိုဘာ (၁၃)ရက် မနက်ပိုင်းမှာ အမည်မသိလူတစ်စုက နေအိမ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်လို့ သေဆုံး သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ သေနတ်သံ ခြောက်ချက်လောက်ကြားရတယ်၊ သူ့ အိမ်က အိမ်ရှေ့မှာ ဈေးဆိုင်ဖွင့်ထားတာ၊ သေန တ်သံကြားပြီး နောက်ခဏနေကျတော့ လူတွေရှုပ် လာတယ်၊ နောက်တော့ သူသေသွားတာကို သိရ တာပဲ ” လို့ ဒေသခံတစ်ဦးက…
Read Moreဒီနေ့ နေ့လည်ပိုင်းက ဘားအံတောင်ကလေး အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ စစ်သားဟောင်းနဲ့အပေါင်းအပါတွေက နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ရိုက်နှက်နှိပ်စက်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေထိ တွေ့မှုတွေရှိနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားကြီး သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသားတွေ ကြွေးကြော်သံတွေရွတ်ဆိုတာ၊နိုင်ရေးသီချင်းတွေဆိုပြီး ဆန္ဒထုတ်ဖော်နေတယ်လို့ သိရပါတယ်။ “ပြဿနာဖြစ်တဲ့အချိန်မှာ ထောင်ပိုင်ကြီးနဲ့၊ထောင်ပိုင်လေးရောက်လာပြီး ကျေနပ်အောင်လုပ်ပေးမယ် လို့ပြောပြီး မလုပ်ပေးပဲ နိုင်ငံရေးအကျဉ်းသားတွေကို ဘားတိုက်တွေထဲအတင်းပြန်ထည့်ဖို့လုပ်နေ တာပါ။ နိုင်ငံရေးအကျဉ်းသားတွေကတော့ မဝင်ပဲဒီတိုင်းဆန္ဒထုတ်ဖော်နေပါတယ်” လို့ ဘားအံအကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒါ့ပြင်…
Read Moreကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်ပေါ်ကိုတက်ရင်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ ကတည်းကပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကို ဒီကနေ့ဧပြီ ၁ရက်နေ့မနက်ပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။ ဒီနေ့ မနက် ၈နာရီလောက်က အထက်ရေ တံခွန် ဘုရားလေးအနီး မရမ်းပင်အောက်မှာ တွေ့ရှိခဲ့တာပါ။ တွေ့ရှိတဲ့အချိန်မှာ အလောင်းကို သစ်ရွက်သစ်ခက်တွေနဲ့ ဖုံးအုပ်ထားသည့်အနေအထားဖြစ်ပြီး ဦးခေါင်းမှာလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဖားအံမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မဇာခြည်လှိုင်ကို…
Read Moreကရင်ပြည်နယ် ဘားအံမြို့နယ် အမှတ် ၂ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲမှာ ဓားပြတိုက်ခံရမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၄ရက်နေ့ ညနေ ၃နာရီခန့်မှာ အမည်မသိ အမျိုးသား ၅ဦးက ဘဏ်အတွင်း သေနတ် ၂ချက်ပစ်ဖောက်ကာ ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေသိန်းကျော်နဲ့အတူ ဘဏ်ဝန်ထမ်းတွေရဲ့ ဖုန်းတွေကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ “သိန်းထောင်ကျော်ပါသွားတယ်လို့ ပြောနေတယ်၊ ဘဏ်ဝန်ထမ်းတွေရဲ့ ဖုန်းတွေတင်မကဘူး ဘဏ်က CCTVတွေကိုပါ ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်၊ အခု စကစက…
Read More၇၊ အောက်တိုဘာလ၊ ၂၀၂၁။ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရချိန်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ BGFက ဘားအံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသခံပြည်သူတွေကို အချိန်ပိုင်း အုပ်ချုပ်ရေးမှူးတွေ မဖြစ်မနေလုပ်ဖို့ အမိန့်ပေးညွှန်ကြားခိုင်းစေနေပါတယ်။ KNUတပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ် မြောက်ပိုင်း တကောင်ဘိုး၊ ကျေးနယ်၊ ကြို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတန်းကြီးနဲ့ မီးပုံးကျေးရွာတွေက ရပ်မိရပ်ဖတွေကို BGF ၁၀၁၄တပ်ရင်း တပ်ဖွဲမှူး ဗိုလ်တင်ဝင်းက ခေါ်ယူတွေ့ဆုံပြီးနောက်မှာ ဒေသခံတွေအနေနဲ့ အလှည့်ကျအဖြစ်…
Read More၂၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ အာဏာသိမ်းစစ်အုပ်စုရဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မွန်ပြည်နယ်သထုံအခြေစိုက် တပ်မ ၄၄ မှာရောက်ရှိနေပြီး စစ်ဆင်ရေးကွပ်ကဲမှုဆောင်ရွက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အရာရှိတစ်ဦးက ပြောပါတယ်။ သထုံမှာနေပြီး စစ်ဖက်ရေးရာကွပ်ကွဲမှုကို သူဦးဆောင်မယ်လို့ သတင်းရရှိတယ်လို့ KNU တပ်မဟာ ၁ က ဗိုလ်မှူးကြီးအဆင့်ရှိသူ အရာရှိတစ်ဦးက ပြောပါတယ်။ လက်ရှိမှာလည်း တပ်မဟာ ၁ နယ်မြေတွေမှာ…
Read More