နိုင်ငံရေးအကျဉ်းသားတဦးရိုက်နှက်ခံရပြီးနောက် ဘားအံထောင်ဆူနေ

ဒီနေ့ နေ့လည်ပိုင်းက ဘားအံတောင်ကလေး အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ စစ်သားဟောင်းနဲ့အပေါင်းအပါတွေက နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ရိုက်နှက်နှိပ်စက်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေထိ တွေ့မှုတွေရှိနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားကြီး သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသားတွေ ကြွေးကြော်သံတွေရွတ်ဆိုတာ၊နိုင်ရေးသီချင်းတွေဆိုပြီး ဆန္ဒထုတ်ဖော်နေတယ်လို့ သိရပါတယ်။
“ပြဿနာဖြစ်တဲ့အချိန်မှာ ထောင်ပိုင်ကြီးနဲ့၊ထောင်ပိုင်လေးရောက်လာပြီး ကျေနပ်အောင်လုပ်ပေးမယ် လို့ပြောပြီး မလုပ်ပေးပဲ နိုင်ငံရေးအကျဉ်းသားတွေကို ဘားတိုက်တွေထဲအတင်းပြန်ထည့်ဖို့လုပ်နေ တာပါ။ နိုင်ငံရေးအကျဉ်းသားတွေကတော့ မဝင်ပဲဒီတိုင်းဆန္ဒထုတ်ဖော်နေပါတယ်” လို့ ဘားအံအကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီး အကျဉ်းသားတွေကို ရိုက်နှက်မယ့်အခြေအနေ လည်းရှိသေးတယ်လို့ သိရပါတယ်။ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့လက်ရှိအခြေအနေကို မသိရသေးပါဘူး။
Source – သံလွင်တိုင်းမ်