ဘားအံမြို့ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရ

ကရင်ပြည်နယ် ဘားအံမြို့နယ် အမှတ် ၂ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲမှာ ဓားပြတိုက်ခံရမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၄ရက်နေ့ ညနေ ၃နာရီခန့်မှာ အမည်မသိ အမျိုးသား ၅ဦးက ဘဏ်အတွင်း သေနတ် ၂ချက်ပစ်ဖောက်ကာ ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေသိန်းကျော်နဲ့အတူ ဘဏ်ဝန်ထမ်းတွေရဲ့ ဖုန်းတွေကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“သိန်းထောင်ကျော်ပါသွားတယ်လို့ ပြောနေတယ်၊ ဘဏ်ဝန်ထမ်းတွေရဲ့ ဖုန်းတွေတင်မကဘူး ဘဏ်က CCTVတွေကိုပါ ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်၊ အခု စကစက ဘဏ်မှာရော မြို့တွင်း မြို့ပြင် အကုန်ပတ်စစ်နေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက် ဘဏ်ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပါတယ်။