ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို မြို့မရဲစခန်းဘေးမှာ စခန်းချထားတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၅ဦးသေ

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းနဲ့ ကပ်လျပ် ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KA၊ KNDF၊ PDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးသေဆုံးသွားခဲ့တယ်လို့ KNDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမှာပြည်သူ၃၅ဦးကို အကြမ်းဖက်စစ်တပ် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု ကရင်နီနယ်ခြားစောင့်တပ် ရှုံ့ချ

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်းအကြမ်းဖက်စစ်အုပ်စုက ပြည်သူ၃၅ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့မှုအပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးတပ်ဦးက ဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဖရူဆိုမြို့နယ် မူဆိုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (နယ်ခြားစောင့်တပ်ရင်း ၁၀၀၄) တပ်ဖွဲ့ဝင် ၄ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဖူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်လေဆိပ်မှာ MNAက ခရီးသည်တင်လေယာဉ်တစ်စီးဆင်းသက်စဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNAက ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်စဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံခဲ့ရတယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပြန်ချက်ကို ပြည်တွင်းသတင်းဌာနအချို့မှာ ဖော်ပြခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ မနက် ၈နာရီ၃၅မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယားပြည်နယ်(ကရင်နီ)တွင်း ဒီကနေ့တိုက်ပွဲတွေမှာ စစ်အုပ်စုက ၇ဦးသေ

၁၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် ၆မိုင်ကျေးရွာအုပ်စု ဝပ်လထွားကျေးရွာအတွင်းမှာ ကင်းပုန်းစောင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KAနဲ့ KNDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်နေ KNDFမှ ၄ဦးကျဆုံးပြီး စစ်အုပ်စုက သေဆုံးများပြား

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNDFတို့ တိုက်ပွဲပြင်းထန်နေပြီး KNDFမှ ၄ဦးကျဆုံးခဲ့ရကာ စစ်အုပ်စုဘက်မှလည်း သေဆုံးသူများပြားခဲ့တယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးရောင်းနေသူ ၂ဦးကို ကရင်နီပြည်ရဲဌာနက ဖမ်းဆီးအရေးယူ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ကရင်နီပြည်ရဲဌာန KSPက ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ ၇ရက်နေ့က နန်းမယ်ခုံမြို့ ခေါခူရှမ်းရပ်ကွက်က နေအိမ်တစ်ခုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံသွားစစ်ယာဉ်တန်း တိုက်ခိုက်ခံရ၊၁၀ဦးထက်မနည်း သေ

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊လွိုင်ကော်ကနေ ဖယ်ခုံဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့မနက်ပိုင်းက စစ်ကား၅စီးပါယာဉ်တန်းကို မိုးဗြဲPDF နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF BO-3)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုကို မခန့်မှန်းနိုင်ဘူးလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဝင် ၃ဦးသေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ)အတွင်းမှာ တိုက်ပွဲတွေ နေရာအနှံဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာလ ၁၄ရက်နေ့က ဝမ်လထွားကျေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုက ၃ဦး သေဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ ၆မိုင် ဘက်သလင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ဒုတပ်ကြပ်တစ်ဦးကို KGZ ဖမ်းဆီးရမိ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စုံစမ်းထောက်လှမ်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုတပ်ကြပ်သိန်းဇော်ဆိုသူကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က အောက်တိုဘာလ ၂ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ [ဆက်လက်ဖတ်ရှုရန်]