ကယားပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဝင် ၃ဦးသေ

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဝင် ၃ဦးသေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ)အတွင်းမှာ တိုက်ပွဲတွေ နေရာအနှံဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာလ ၁၄ရက်နေ့က ဝမ်လထွားကျေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုက ၃ဦး သေဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ ၆မိုင် ဘက်သလင်နဲ့ ဝမ်လထွားကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို KNDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု ၃ဦးသေဆုံးခဲ့ပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက…

Read More
စစ်အုပ်စုရဲ့ ဒုတပ်ကြပ်တစ်ဦးကို KGZ ဖမ်းဆီးရမိ

စစ်အုပ်စုရဲ့ ဒုတပ်ကြပ်တစ်ဦးကို KGZ ဖမ်းဆီးရမိ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စုံစမ်းထောက်လှမ်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုတပ်ကြပ်သိန်းဇော်ဆိုသူကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က အောက်တိုဘာလ ၂ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အခြေစိုက် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း အဆရ(၁၀)က ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီးကို လာရောက်စုံစမ်းထောက်လှမ်းနေသူလို့ ယူဆရ​ေ​ြကာင်း KGZက သတင်းထုတ်ပြန်ထားပါတယ်။ ကုန်းသာကျေးရွာအနီး စစ်ဆေးရေးဂိတ်မှာ မသင်္ကာဖွယ်လုပ်ဆောင်နေလို့…

Read More
ဖယ်ခုံနဲ့ဒီးမော့ဆိုမြို့နယ်တွေကို စစ်အုပ်စု အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ

ဖယ်ခုံနဲ့ဒီးမော့ဆိုမြို့နယ်တွေကို စစ်အုပ်စု အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ

၂၈၊ စက်တင်ဘာလ၊ ၂၀၂၁။ ဖယ်ခုံမြို့နဲ့ ဒီးမော့ဆိုမြို့နယ်တွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KNDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖယ်ခုံမြို့ ကောင်းမိုင်းနဲ့ လွယ်လုံကျေးရွာအကြားမှာ စက်တင်ဘာလ ၂၈ရက်နေ့ မနက် ၆နာရီ၃၀မိနစ်ခန့်က အကြမ်းဖက်စစ်အုပ်စုက အင်အားဖြည့်တင်းဝင်ရောက်လာတာကြောင့် KNDFက ခုခံတိုက်ပွဲ ဆင်နွှဲခဲ့ရပြီး စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ နေ့လည် ၁၂ခန့်အထိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာဘက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ည ၇နာရီ ၅၀မိနစ်ခန့်က…

Read More
လွိုင်ကော် တိုက်ပွဲအတွင်း စစ်အုပ်စုမှ ဗိုလ်ကြီးတစ်ဦး အပါအဝင် သေဆုံးသူများပြား

လွိုင်ကော် တိုက်ပွဲအတွင်း စစ်အုပ်စုမှ ဗိုလ်ကြီးတစ်ဦး အပါအဝင် သေဆုံးသူများပြား

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။ လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု ကွန်နားကျေးရွာနဲ့ ဒေါတဟေးကျေးရွာအနီးမှာ ဩဂုတ်လ ၂၈ရက်နေ့ က ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုက ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြားသေဆုံးခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ “တိုက်ပွဲက မနက် ၈ နာရီကတည်းက တိုက်ပွဲစနေတာ ည ၇ နာရီ လောက်မှ ငြိမ်သွားတယ်။ စကစဘက်က လက်နက်တချို့ကို KNDF…

Read More
စစ်အုပ်စုသီးသန့်သုံး လျှပ်စစ်တာဝါတိုင် နှစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဖယ်ခုံ PDFထုတ်ပြန်

စစ်အုပ်စုသီးသန့်သုံး လျှပ်စစ်တာဝါတိုင် နှစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဖယ်ခုံ PDFထုတ်ပြန်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ကယားပြည်နယ်မှာရှိတဲ့ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးဓာတ်ရုံကနေ နေပြည်တော်ကို သွယ် တန်းထားတဲ့ စစ်အုပ်စုသီးသန့်သုံး မဟာဓာတ်အားလိုင်းက တာဝါတိုင် ၂ခုကို ဩဂုတ် ၁၂ရက်မှာ မိုင်း ခွဲဖျက်ဆီးဖြိုချခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ကြေညာပါတယ်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အကြား လွယ်ဟဲကျေးရွာအနီးမှာရှိတဲ့ လျှပ်စစ်တာဝါတိုင် ၂ခုကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ လောပိတကနေ နေပြည်တော်၊ လောပိတကနေ မန္တလေးကို သွယ်တန်း ထားရှိတဲ့ မဟာဓာတ်အားလိုင်း ၂ခုအနက်…

Read More