နိုင်ငံရေး

တပ်ရင်းမှူးဆိုင်ဂုံနဲ့တပ်ဖွဲ့ဝင်ခြောက်ဦးကိုစွပ်စွဲဖမ်းဆီးတဲ့ကိစ္စ NUG နဲ့ KIA ကြားဝင်ဖြေရှင်းပေးဖို့တောင်းဆို

မေ၊ ၂၄ မကွေးတိုင်း၊  သရက်ခရိုင်အတွင်း အခြေပြု လှုပ်ရှားတဲ့ မိုးကြိုးပျောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဆိုင်ဂုံ နဲ့တပ်ဖွဲ့ဝင်ခြောက်ဦးပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)က စွပ်စွဲဖမ်းဆီးမှုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ကြားဝင်ဖြေရှင်းပေးဖို့ အဲဒီတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ပြည်သူ့တပ်မတော်သားဦးဆောင်အဖွဲ့ဝင်တွေကမေလ ၂၃ ရက်  [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ပြည်တွင်းဆန်စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာပြီး အတက်ဘက်ကိုသာဦးတည်နေ

မေ၊ ၂၄   ပြည်တွင်းမှာဆန်‌စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာတာ ဆန်ချောတအိတ်ကို ကျပ်တသိန်းကျော်အထိ ပေးဝယ်နေရပြီး ဆန်စျေးဟာ စျေးအတက်ဘက်ကိုသာ ဦးတည်နေတယ်လို့ ဆန်ရောင်းဝယ်သူတွေက သုံးသပ်နေကြပါတယ်၊၊   ” တော်ရုံ တောင်သူကြီးတချို့ကလွဲလို့ တောင်သူအများစုလက်ထဲ စပါးမကျန်တော့ပါဘူး။ စပါးထွက်ထဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးပစ်ခတ်မှုအပြီး စစ်ကောင်စီက အရပ်သားလေးဦးကို ဖမ်းဆီး

မေ၊ ၂၄ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့က လဝကရုံးအပါအဝင် ရုံးသုံးခု ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်နေအရပ်သားလေးဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။ “ မနေ့ညနေပိုင်းလောက်မှာပဲ၊ လေးယောက်လုံး ဖမ်းခံလိုက်ရတာ၊ အဓိကတော့ ဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ပဲလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဇီးကုန်းမြို့နယ်က ဒေသခံတဦးကို ထောင်ဒဏ်နှစ်ငါးဆယ်နဲ့ လျှပ်စစ်ဝန်ထမ်းသုံးဦးကို ထောင်ဆယ်နှစ်စီ စစ်ကောင်စီချမှတ်

မေ၊ ၂၄   ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်က ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ်ငါးဆယ်အထိ ချမှတ်လိုက်သလို မြို့နယ်လျှပ်စစ်ရုံးပေါက်ကွဲမှုအတွက် ဖမ်းဆီးခံထားရတဲ့ လျှပ်စစ်ဝန်ထမ်းသုံးဦးကိုလည်း ထောင်ဆယ်နှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။   ပေါင်းတည်မြို့အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံရတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

မေ၊ ၂၄   စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် စစ်ကောင်စီတပ်ခလရ (၂၂၈)တပ်ရင်းက ကလေးမြို့နယ်တောင်ပိုင်းကို ဒီကနေ့ မေ ၂၄ ရက်မနက်ကိုးနာရီခန့်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဆယ်ကျော်သက်အရွယ်မိန်းကလေးနှစ်ဦး အပါအဝင်သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” လက်နက်ကျည်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတ-သန်လျင်ရထားသံလမ်းပေါက်ကွဲမှုကြောင့် ဧည့်စာရင်းစစ်ပြီး လူငယ်အချို့ကိုရှာဖွေနေ

မေ၊ ၂၄   ရန်ကုန်မြို့၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ရထားသံလမ်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက အနီးနားရပ်ကွက်ကို ဧည့်စာရင်းစစ်ဆေးတာတွေလုပ်ပြီး လူငယ်အချို့ကို ရှာဖွေနေတယ်လို့ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက် ဒေသခံတွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်ရဲ့နောက်ဆုံးဘုရင် ဝတ်ခဲ့တဲ့ လက်ပတ်နာရီကို စံချိန်တင်ဒေါ်လာငါးသန်းကျော်နဲ့ လေလံတင်ရောင်းချ

မေ၊ ၂၄ တရုတ်ရဲ့ နောက်ဆုံး ဧကရာဇ် ဝတ်ဆင်ခဲ့ရာ လက်ပတ်နာရီကို လေလံတင် ရောင်းချရာမှာ စံချိန်တင် ဒေါ်လာ ၅ သန်းကျော်ထိ ရရှိသွားခဲ့ပါတယ်။ ချင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် ဖြစ်ခဲ့သူ အိုင်ဆန် ဂီယိုရို ပူယီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နယ်စပ်ကျူးကျော်သူတွေဆီက အမေရိကန်လုပ်စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရုရှားထုတ်ပြန်

မေ၊ ၂၄ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးကျော် တိုက်ခိုက်မှုမှာ အမေရိကန် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရုရှားက ပြောကြားခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းက ရုရှားနဲ့ ယူကရိန်းတို့ ထိစပ်ရာ နယ်စပ်နားက ရုရှားပိုင် ဘယ်လ်ဂိုရော့ဒ် ဒေသမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာကမုန်တိုင်းသင့်ဒေသတွေအတွက် အမေရိကန်က ကန်ဒေါ်လာဆယ့်ခုနစ်သန်း ထပ်မံကူညီမယ်

မေ၊ ၂၄   မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံက ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအဖြစ် ကန်ဒေါ်လာ (၁၇)သန်းနီးပါး ထပ်တိုးကူညီသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။   အဲ့ဒီကူညီထောက်ပံ့မှုကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကတဆင့် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အိုလံပစ်ဖွင့်ပွဲအတွက် လုံခြုံရေးအထူးတင်းကျပ်ထားမယ်လို့ ပြင်သစ်အာဏာပိုင်တွေပြော

မေ၊ ၂၄ ၂၀၂၄ ခုနှစ် ပါရီ အိုလံပစ် ဖွင့်ပွဲ အခမ်းအနားမှာ ဒရုန်းတိုက်ခိုက်မှုတွေ ကြုံလာနိုင်ခြေ အပါအဝင် ခြိမ်းခြောက်မှု အားလုံးအတွက် လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားမယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့ [ဆက်လက်ဖတ်ရှုရန်]