ဒေသအလိုက် သတင်းကဏ္ဍ

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ အနီးက နေအိမ်တွေ ဖယ်ရှားခံရလို့ အိမ်ထောင်စုတရာနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း (၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံအနောက်ခြမ်း၊ ဘောလုံးကွင်းအနီးကနေအိမ်တွေကို ကျုးကျော်လို့သတ်မှတ်ကာ စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ ဖျက်သိမ်းဖယ်ရှားလိုက်တာကြောင့် အိမ်ထောင်စုတရာဝန်းကျင် အိုးအိမ်မဲ့ပြီး နေထိုင်ရေး အခက်တွေ့နေကြတယ်လို့ နေအိမ်ဖျက်သိမ်းခံရသူတွေက ပြောပါတယ်။ “တခြားဘက်တွေ၊ မာလာမြိုင်ဘက်တွေမှာ အိမ်လိုက်ငှားပါသေးတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုနယ်ထဲက ဆင်အင်းရွာနဲ့ မအူပင်ရွာကို စစ်တပ်က မီးရှို့နေပြီး ဒေသခံအများအပြား ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဆင်အင်းရွာနဲ့ မအူပင်ရွာကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာစစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေ ပေါင်းပြီး မီးရှို့နေပြီး ဒေသခံတွေ ဖမ်းဆီးခံရမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဆင်အင်းရွာအနောက်ဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပြီးဆင်အင်းရွာကို ဝင်ရောက်မီးရှို့ကာ ဒေသခံတွေကိုဖမ်းဆီးတာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ထောင် (၁၅) နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ ထောင်တွင်းတရားရုံးကနေ DNA သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို ဒီနေ့မှာပဲ အမှုနှစ်ခုအတွက် ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

YFA အထည်ချုပ်စက်ရုံက အလုပ်သမားသုံးရာဝန်းကျင်ကို အလုပ်ထုတ်လို့ နစ်နာကြေးရဖို့ ညှိနှိုင်းနေ

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာဖွင့်ထားတဲ့ YFA အထည်ချုပ်စက်ရုံက အလုပ်သမား သုံးရာဝန်းကျင်ကို ကြိုတင်အသိမပေးဘဲ အလုပ်က ထုတ်လိုက်ပြီး အလုပ်သမားတွေအရေး ကူညီပေးနေသူကိုလည်း ရွှေပြည်သာမြို့နယ် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။ YFA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံမြို့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမူးရုံးကို ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ Black Dragon [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မဲဇလီတံတား စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်က လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် တချို့သိမ်းဆည်းခံရ

မကွေးတိုင်း မင်းတုန်းမြို့နယ် မဲဇလီတံတားစစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ (၂၉) ရက် ညနေပိုင်းက ဘုမ္မဝတီယာဉ်လိုင်း ခရီးသည်တင်ယာဉ်တစီးပေါ်မှာ လက်နက်ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်တွေပါလာလို့ စစ်ကောင်စီက သိမ်းဆည်းလိုက်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြည်မြို့ဘက်က ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာ့ အာဘော်

ပြည်သူ့သဘောထားရေချိန် အနိမ့်အမြင့်ကို ကြည့်ပါ

၁။ မြန်မာ့နွေဦးရဲ့ တော်လှန်ရေးဒီရေ အနိမ့်အမြင့်ဟာ ပြည်သူလူထုသဘောထားနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ လူထုတော်လှန်ရေးဟာ လူထုသဘောထားရေချိန်အပေါ်မှာ တည်မှီနေတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လူထုရဲ့ သဘောထားဆိုတာ — အမြဲတမ်း အချိန်ပြည့် တသတ်မတ်တည်း ရှိနေတာတော့ မဟုတ်ပါ။ အနိမ့်အမြင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF (Kalay) အမျိုးသမီးဆေးတပ်သား ကိုးဦးကိုစစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချ

ကလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုး သမီးဆေးတပ်သား (၉) ဦးကို စစ်ကောင်စီက က လေးမြို့တောင်ဘက် မော်လိုက်ကလေး အကျဥ်းထောင်တွင်း တရားရုံးက အောက်တိုဘာလအတွင်းမှာ ထောင်ဒဏ် (၁၂) နှစ် စီချမှတ်လိုက်တယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းမှာ MOU မြန်မာလုပ်သားတွေပါဝင်တဲ့ ခရီးသည်တင်ယာဥ်တိမ်းမှောက်ပြီး မြန်မာလုပ်သားနှစ်ဦးအပါအဝင် သုံးဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်​​မြို့ကနေ တာ့ခ်မြို့ကို သွားတဲ့လမ်းမှာ မနေ့နိုဝင်ဘာ ၂၉ ရက်ညပိုင်းက မြန်မာအလုပ်သမားတွေပါဝင်တဲ့ ဘတ်စ်ကားတစီးတိမ်းမှောက်ခဲ့ပြီး ထိုင်းယာဉ်မောင်းနဲ့ မြန်မာအလုပ်သမား ၂ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းရောက်မြန်မာ့အရေး ဆောင်ရွက်ပေးနေသူဆီက သိရပါတယ်။ အဲဒီကားပေါ်မှာ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုုက်ထိုမြို့နယ် လျှပ်စစ်ရုံးက အရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က လျှပ်စစ်အင်ဂျင်နီယာရုံးက အရာရှိတဦးကို မနေ့အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက အမည်မသိလူတစုက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ မနေ့ညနေပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက မြို့နယ်မှူး ဦးမိုင်းနေထွန်းအောင် ခေါ် ကိုမိုင်းဟာ ရုံးကနေ နေအိမ်ကိုပြန်လာချိန်မှာ အမည်မသိလူတစုက [ဆက်လက်ဖတ်ရှုရန်]