နိုင်ငံရေး

ဖျာပုံက တိုင်းဒေသကြီးကိုယ်စားလှယ်လည်း ဖမ်းဆီးခံရ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ NLDပါတီရဲ့ ဖျာပုံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် အမတ် မပြုံးပြုံးအေးကို စစ်ယူနီဖောင်းဝတ်သူ (၁၀)ဦးနဲ့ ရိုးရိုးဝတ်လူ (၄)ဦးတို့က စစ်ကားတစ်စီး၊ ရိုးရိုးကားအဖြူတစ်စီးနဲ့နေအိမ်ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ ခင်ပွန်းဖြစ်သူ ကိုအောင်မိုးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာရဲ့ သတင်းစကား

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲမှာ ထိန်းသိမ်းခံနေရတဲ့ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာက ပြည်သူတွေ စိတ်မပူဖို့ ၊ ပြည်သူ့ဆန္ဒသာ အဓိကဖြစ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကို ဘယ်သူဖျက်ဖျက် မပျက်ဘူးလို့ Delta News Agency ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီရဲ့ ဒီချုပ်ပါတီတိုင်းရုံးကို စစ်တပ်ဝင်ရောက်စစ်ဆေး

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ အမှတ် ၂ ရပ်ကွက်၊ ငွေဆောင်ကားဝန်းထဲမှာရှိတဲ့ ဧရာဝတီတိုင်း၊ ဒီချုပ်ပါတီရဲ့တိုင်းအဆင့်ရုံးကို စစ်တပ်ကဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တိုင်းရုံးအဖွဲ့ဝင်တစ်ဦးက အတည်ပြုဖြေကြားပါတယ်။ လက်ရှိအချိန်အထိတော့ ပုသိမ်မြို့အတွင်းမှာ ပုံမှန်အတိုင်း အသွားအလာ မပျက်ရှိနေပြီး အစိုးရအဖွဲ့ရုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြည်တိုင်းဒေသကြီးအမတ် ကိုမျိုးသက်ဦးကို စစ်တပ်လာခေါ်သွားပြီ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ ဒီနေ့မနက် ၄နာရီခန့်မှာ NLDပါတီရဲ့ ရေကြည်တိုင်းဒေသကြီး အမတ် ကိုမျိုးသက်ဦးကို ကွန်မန်ဒိုဝတ်စုံဝတ် လက်နက်ကိုင်တွေက နေအိမ်ကို လာရောက်ခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူ မဝင်းစန္ဒာခိုင်က အတည်ပြုပါတယ်။ ဆွေးနွေးစရာရှိတဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို စစ်တပ်ဝိုင်းထားပြီ

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဝန်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အိမ်ယာဝန်းကို စစ်တပ်က ထိန်းသိမ်းထားပြီလို့ ကနဦးသတင်းတွေအရ သိရပါတယ် ။ ဧရာဝတီတိုင်း ဝန်းကြီးချုပ်အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဌ တို့ကို ဖုန်းဆက်သွယ်လို့ မရတော့ပါဘူး။ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်) ၃၁ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ (ကျန်းမာရေးဆောင်းပါး) ကိုဗစ်ကာကွယ်ဆေးဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံနေပြီး တချို့လည်း ကာကွယ်ဆေးထိုးပြီး ဖျားနာကိုက်ခဲတာလေးတွေ [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်မှာအနံပျောက်လို့ဆေးရုံလာပြသူတစ်ဦးသာ ကိုဗစ်ရောဂါတွေ့

၂၉၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်အတည်ပြုလူနာ(၁)ဦးသာ တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်၊ပန်းတင်ကုန်း(၆)လမ်းကအိမ်ဈေးဆိုင်ဖွင့်ထားတဲ့ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဖျားပြီးအနံပျောက်နေတာ ၂ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသလို့ စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၃၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၇၄)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ဖျာပုံခရိုင်

ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ယာဉ်တိုက်မှုကြောင့် လူတစ်ဦး ပွဲချင်းပြီးသေဆုံး

၂၇၊ ဇန်နဝါရီလ၊ ၂၀၂၁။ ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ရှမ်းကွင်းကြီးကျေးရွာ ရွာအဝင်လမ်းမကြီးပေါ်မှာ ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ည ၉နာရီခွဲလောက်မှာ လမ်းရဲ့ဝဲဘက်ကနေ တစ်ဖက်ရွာအဝင်ဘက်ကို လမ်းဖြတ်ကူးတဲ့အချိန်မှာ ဖျာပုံမြို့ဘက်က ကျိုက်လတ်မြို့ကို [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ကွာရန်တင်းဝင်နေသူတွေအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၉)ဦးတိုး

၂၆၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာ ဒီနေ့ကိုဗစ်လူနာသစ်(၉)ဦး တွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ဇေယျ၀တီ(၂)လမ်းမှာနေထိုင်တဲ့လူနာ(၈၄၅)အသက်(၅၂)နှစ်အရွယ်အစ်ကိုနဲ့(၇၇)နှစ်အရွယ်မိခင်တို့ဟာ ကွာရန်တင်းဝင်နေပြီး ဒုတိယအကြိမ်စစ်ဆေးမှုမှာရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းစင်တာမှာ ပထမအကြိမ်စစ်ဆေးရာက ရောဂါမတွေ့ခဲ့တဲ့ သင်္ဘောကျဥ်းမြေတံတားလမ်းက လူနာ(၈၄၃)ရဲ့ အသက်(၂၂)အရွယ်သမီး၊(၁၉)နှစ်အရွယ်သားဖြစ်သူ၊ ရေအိုးစင်ရပ်ကွက်က လူနာ(၈၄၀)ရဲ့ အသက်(၃၇)နှစ်အရွယ်အစ်က်ို၀မ်းကွဲ၊ဝဲဒေါင့်ကမ်းနားလမ်းက လူနာ(၈၄၄)ရဲ့အသက်(၃၀)အရွယ်ဇနီး၊ မဟာဗောဓိလမ်းက လူနာ(၈၆၄)ရဲ့အသက်(၅)နှစ်အရွယ်သားဖြစ်သူတို့ကို [ဆက်လက်ဖတ်ရှုရန်]

ဟင်္သာတခရိုင်

ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့ရှိ

၂၆၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ COVID 19 အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က RDTနဲ့စစ်ဆေးခဲ့တဲ့ ဦးပါရဲတန်ဆောင်းမှာ (၃)ဦး၊ ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ(၄)ဦး၊ အထက(၁)ကွာရန်တင်းစင်တာနဲ့ အထက(၂)က [ဆက်လက်ဖတ်ရှုရန်]