ဧရာဝတီရဲ့ ဒီချုပ်ပါတီတိုင်းရုံးကို စစ်တပ်ဝင်ရောက်စစ်ဆေး

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။

အမှတ် ၂ ရပ်ကွက်၊ ငွေဆောင်ကားဝန်းထဲမှာရှိတဲ့ ဧရာဝတီတိုင်း၊ ဒီချုပ်ပါတီရဲ့တိုင်းအဆင့်ရုံးကို စစ်တပ်ကဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တိုင်းရုံးအဖွဲ့ဝင်တစ်ဦးက အတည်ပြုဖြေကြားပါတယ်။

လက်ရှိအချိန်အထိတော့ ပုသိမ်မြို့အတွင်းမှာ ပုံမှန်အတိုင်း အသွားအလာ မပျက်ရှိနေပြီး အစိုးရအဖွဲ့ရုံး ၊ တိုင်းလွှတ်တော်ရုံး ၊ ဝန်ကြီးများအိမ်ယာဝန်းတွေကို စစ်တပ်က ပိတ်ဆို့ထားတာ တွေ့ရပါတယ် ။

ပုသိမ်တံတားအမှတ် ၂နဲ့ ကြိုးတံတားတွေမှာလည်း စစ်တပ်ကလုံခြုံရေးယူထားပြီး ၊ ဒီမနက်ပိုင်းမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်တာအပြင် ၊ ဘဏ်တွေကိုလည်း ပိတ်ထားတာ တွေ့ရပါတယ်။