အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာရဲ့ သတင်းစကား

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။

နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲမှာ ထိန်းသိမ်းခံနေရတဲ့ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာက ပြည်သူတွေ စိတ်မပူဖို့ ၊ ပြည်သူ့ဆန္ဒသာ အဓိကဖြစ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကို ဘယ်သူဖျက်ဖျက် မပျက်ဘူးလို့ Delta News Agency ကို ပြောပါတယ်။

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော်က စည်ပင်ရိပ်သာကို ဝန်းအတွင်းမှာ ရဲတပ်ဖွဲ့တွေနဲ့ ဝန်းအပြင်မှာ စစ်တပ်ကပိတ်ဆို့ထားတယ်လို့လည်း အမတ်တစ်ဦးကအတည်ပြုပါတယ်။
.
အိမ်မဲလွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာကတော့ အိမ်မဲပြည်သူတွေ စိတ်မပူဖို့ အမှန်တရားကို အတူရင်ဆိုင်ကြဖို့ ၊ ပြည်သူတွေအတွက်သူတို့အနေနဲ့ အတူရှိတယ်ဆိုတာ သတင်းစကားပါးပေးဖို့ ပြောပါတယ်။

photo by@ Htet Nay Naing