ကွာရန်တင်းဝင်နေသူတွေအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၉)ဦးတိုး

၂၆၊ဇန်နဝါရီ၊၂၀၂၁။

ပုသိမ်မြို့မှာ ဒီနေ့ကိုဗစ်လူနာသစ်(၉)ဦး တွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။

ဇေယျ၀တီ(၂)လမ်းမှာနေထိုင်တဲ့လူနာ(၈၄၅)အသက်(၅၂)နှစ်အရွယ်အစ်ကိုနဲ့(၇၇)နှစ်အရွယ်မိခင်တို့ဟာ ကွာရန်တင်းဝင်နေပြီး ဒုတိယအကြိမ်စစ်ဆေးမှုမှာရောဂါတွေ့ခဲ့ပါတယ်။

ကွာရန်တင်းစင်တာမှာ ပထမအကြိမ်စစ်ဆေးရာက ရောဂါမတွေ့ခဲ့တဲ့ သင်္ဘောကျဥ်းမြေတံတားလမ်းက လူနာ(၈၄၃)ရဲ့ အသက်(၂၂)အရွယ်သမီး၊(၁၉)နှစ်အရွယ်သားဖြစ်သူ၊ ရေအိုးစင်ရပ်ကွက်က လူနာ(၈၄၀)ရဲ့ အသက်(၃၇)နှစ်အရွယ်အစ်က်ို၀မ်းကွဲ၊ဝဲဒေါင့်ကမ်းနားလမ်းက လူနာ(၈၄၄)ရဲ့အသက်(၃၀)အရွယ်ဇနီး၊
မဟာဗောဓိလမ်းက လူနာ(၈၆၄)ရဲ့အသက်(၅)နှစ်အရွယ်သားဖြစ်သူတို့ကို ဒုတိယအကြိမ်စစ်ဆေးရာမှာရောဂါတွေ့ခဲ့ပါတယ်။

ပုသိမ်ဆေးရုံ အရိုးဆောင်မှာ ကိုဗစ်လူနာတွေ့ခဲ့တာကြောင့် လူနာနဲ့လူနာစောင့်တွေကိုSWbယူပြီး စစ်ဆေးရာမှာတော့ အိမ်မဲမြို့အင်းမအနောက်တောရွာက ယာဥ်တိုက်မှုနဲ့ဆေးရုံတက်နေတဲ့ အသက်(၂၀)အရွယ်အမျိုးသား၊ ဝါးခယ်မမြို့လှေကျင်းလမ်းက ဆိုင်ကယ်တိုက်လို့ ဆေးရုံတက်နေတဲ့ (၄၅)နှစ်အရွယ်အမျိုးသမီးတို့မှာရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၂၈)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၅၆)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။