ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့ရှိ

၂၆၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ COVID 19 အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က RDTနဲ့စစ်ဆေးခဲ့တဲ့ ဦးပါရဲတန်ဆောင်းမှာ (၃)ဦး၊ ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ(၄)ဦး၊ အထက(၁)ကွာရန်တင်းစင်တာနဲ့ အထက(၂)က (၇)ဦးတို့မှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ ဟင်္သာတမြို့နယ် ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်မေသန္တာက Delta News Agencyကို ပြောပါတယ်။

လက်ရှိဒီမနက်မှာ ဦးပါရဲတန်ဆောင်း၊ ဦးအောင်မြတ်ကျော်တန်ဆောင်းနဲ့ အထက(၂)တို့မှာ စစ်ဆေးမှုအရ ကိုဗစ်လူနာသစ်(၄)ဦးထပ်မံတွေ့ရှိထားတယ်လို့ ဒေါ်မေသန္တာက ဆက်ပြောပါတယ်။

ဟင်္သာတ​မြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကနေဒီနေ့အထိ ကိုဗစ်ရောဂါတွေ့ရှိသူပေါင်း (၈၂၈)ဦးရှိပြီး ဆေးရုံဆင်းခွင့်ပြုလိုက်သူ(၆၈၇)ဦးနဲ့ သေဆုံးသူ(၁၃)ဦးရှိတယ်လို့ ဟင်္သာတပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းများအရသိရပါတယ်။

Delta News

Read Previous

ဟင်္သာတမြို့မှာကိုဗစ်လူနာသစ် (၃၇)ဦးတိုး

Read Next

ကွာရန်တင်းဝင်နေသူတွေအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၉)ဦးတိုး