ဟင်္သာတမှာကိုဗစ်လူနာ ၃၃ဦးတိုး

၁၀ ၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီကနေ့မနက်စာရင်းအရ ဟင်္သာတမြို့မှာ ကိုဗစ်လူနာ(၃၃)ဦးတွေ့ရှိခဲ့တယ်လို့ ဧရာဝတိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အထက(၁)ကွာရန်တင်းစင်တာက(၈)ဦး၊ ဟိုတယ်နဲ့ အပြင်က အနံပျောက်လို့လာစစ်သူ(၁၀)ဦးမှာ ရောဂါတွေ့ခဲ့တာလို့ အထက(၁)ကွာရန်တင်းစင်တာမှာ တာဝန်ယူဆောင်ရွက်နေတဲ့ လက်သမားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောပါတယ်။

တလုထ္တော်က(၄)ဦး၊ ဘေးစီမံသင်တန်းကျောင်းက (၁)ဦးနဲ့၊ ဒူးယားမြို့က (၁)ဦး စုစုပေါင်း(၆)ဦးကိုဗစ်ရောဂါတွေ့ရှိတာဖြစ်တယ်လို့ ဟင်္သာတမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်မေသန္တာက Delta News Agency ကို ဖြေကြားခဲ့ပါတယ်။

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှာ မနေ့ညက MOHSမှထုတ်ပြန်ချက်အရ (၅) ဦး၊ RDTနဲ့စစ်ဆေးရာ (၂)ဦးနဲ့ ဒီကနေ့မနက်မှာ RDTနဲ့စစ်ဆေးရာ (၂)ဦး စုစုပေါင်း(၉)ဦး ကိုဗစ်ရောဂါတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းတွေက ဖော်ပြထားပါတယ်။

ဟင်္သာတ​မြို့မှာ စက်တင်ဘာ ၇ရက်နေ့မှဒီနေ့အထိ ကိုဗစ်ရောဂါတွေ့ရှိသူပေါင်း (၅၄၂)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ(၄၇၁)ဦးနဲ့ သေဆုံးသူ(၈)ဦးရှိတယ်လို့ ဟင်္သာတပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းတွေအရသိရပါတယ်။