ဟင်္သာတမြို့မှာကိုဗစ်လူနာသစ် (၃၇)ဦးတိုး

၂၅၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်လူနာသစ်(၃၇)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ကဦးပါရဲတန်ဆောင်းမှာRDTနဲ့စစ်ဆေးခဲ့ရာမှာ ကျောင်းဆရာမ(ငြိမ်း) (၁)ဦးအပါအဝင် (၂)ဦး၊ ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ နတ်ပွဲမှာဆိုင်းတီးသူနှင့် နတ်က တဲ့ အလုပ်လုပ်သူ (၂)ဦး၊ ဟင်္သာတဆေးရုံကြီးက (၃)ဦးတို့ဖြစ်ပြီး ရန်ကုန်ဓာတ်ခွဲခန်းကို (၂၃)ရက်နေ့ ပို့ခဲ့တဲ့(၁၅၀)ဦးစစ်ဆေးခဲ့ရာမှာ ဟင်္သာတပြည်သူ့ဆေးရုံကြီးက သူနာပြု(၁)ဦးအပါအဝင် ကျား(၁၇)ဦး၊ မ (၁၃)ဦး စုစုပေါင်း (၃၀)ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာညီညီလွင်က ပြောပါတယ်။

ဟင်္သာတ​မြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကနေဒီနေ့အထိ ကိုဗစ်ရောဂါတွေ့ရှိသူပေါင်း (၈၁၄) ဦးရှိပြီး ဆေးရုံဆင်းခွင့်ပြုလိုက်သူ (၆၈၀)ဦးနဲ့သေဆုံးသူ (၁၃)ဦးရှိတယ်လို့ ဟင်္သာတပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းများအရသိရပါတယ်။