ဖျာပုံမှာတစ်နေ့တည်း ကိုဗစ်လူနာသစ် (၁၁)ဦးတိုး

၂၄၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီနေ့မနက်စာရင်းအရ ဖျာပုံမြို့မှာ COVID 19 အတည်ပြုလူနာ (၁၁)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဇင်မာစိုးကပြောပါတယ်။

ဖျာပုံဆေးရုံကြီး ဖျားနာဆောင်က လူနာနဲ့ လူနာစောင့်(၄)ယောက်၊ အောက်ကွင်းကျေးရွာက (၁)ယောက်၊ ရွှေစင်ကုန်စုံဆိုင်က (၅)ယောက်၊ လက်ပံကျေးရွာ ကွာရန်တင်းစင်တာက (၁၂)အရွယ် ယောကျားလေးတစ်​ယောက်တို့မှာ ရောဂါတွေ့ရှိခဲ့တာပါ။

လက်ရှိမှာ ဖျာပုံကနေ ရန်ကုန်ဓာတ်ခွဲခန်းကို လူဦးရေ(၁၂၀)ကျော်ရဲ့နမူနာတွေ ထပ်မံပို့ဆောင်စစ်ဆေးထားပါတယ်။ ဖျာပုံမြို့နယ်အတွင်းကူးစက်မှုတွေ တိုးလာနေပြီး ရောဂါကူးစက်ခံရသူတွေဟာ သူတို့နဲ့ထိတွေ့ခဲ့သူတွေကို ဖုံးကွယ်မှုတွေကြောင့် ထိန်းချုပ်ရခက်နေတယ်လို့လည်း ဒေါက်တာ ဒေါ်ဇင်မာစိုးက ဆက်ပြောပါတယ်။

ပိုးတွေ့လူနာစာရင်းအရ ဖျာပုံမြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ (၂၅၈)ဦးရှိခဲ့ပြီး အဲဒီထဲက(၂၁၉)ဦး ဆေးရုံဆင်းသွားဖြစ်ကာ သေဆုံးသူ(၁)ဦး ရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေအရသိရပါတယ်။