ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို စစ်တပ်ဝိုင်းထားပြီ

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဝန်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အိမ်ယာဝန်းကို စစ်တပ်က ထိန်းသိမ်းထားပြီလို့ ကနဦးသတင်းတွေအရ သိရပါတယ် ။
ဧရာဝတီတိုင်း ဝန်းကြီးချုပ်အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဌ တို့ကို ဖုန်းဆက်သွယ်လို့ မရတော့ပါဘူး။

သတင်းတွေအရ နေပြည်တော်မှာရှိတဲ့ NLD ပါတီရဲ့ ခေါင်းဆောင်တွေ ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ထိန်းသိမ်းထားပြီလို့ သိရပါတယ် ။ ဒါ့အပြင် နိုင်ငံရေးအင်အားစုတွေ ဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကိုလည်း လိုက်လံဖမ်းဆီးခေါ်ဆောင်နေတယ်လို့ သိရပါတယ်။