ပုသိမ်မှာအနံပျောက်လို့ဆေးရုံလာပြသူတစ်ဦးသာ ကိုဗစ်ရောဂါတွေ့

၂၉၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်အတည်ပြုလူနာ(၁)ဦးသာ တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်၊ပန်းတင်ကုန်း(၆)လမ်းကအိမ်ဈေးဆိုင်ဖွင့်ထားတဲ့ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဖျားပြီးအနံပျောက်နေတာ ၂ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသလို့ စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၃၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၇၄)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

Delta News

Read Previous

ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ယာဉ်တိုက်မှုကြောင့် လူတစ်ဦး ပွဲချင်းပြီးသေဆုံး

Read Next

ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့