ပုသိမ်ခရိုင်

ပုသိမ်မှာအနံပျောက်လို့ဆေးရုံလာပြသူတစ်ဦးသာ ကိုဗစ်ရောဂါတွေ့

၂၉၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်အတည်ပြုလူနာ(၁)ဦးသာ တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်၊ပန်းတင်ကုန်း(၆)လမ်းကအိမ်ဈေးဆိုင်ဖွင့်ထားတဲ့ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဖျားပြီးအနံပျောက်နေတာ ၂ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသလို့ စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၃၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၇၄)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။