နိုင်ငံရေး

သွေးမအေးတဲ့ ပညာရေးသပိတ် ပြုလုပ်မယ်

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ထောက်ခံပြီး အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း သွေးမအေးတဲ့ ပညာရေးသပိတ်ကို အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂက ဦးဆောင်ပြီး ဩဂုတ်လ ၁၄ရက်နေ့မှာ onlineသပိတ် ပြုလုပ်သွားမယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးကုတ်မြို့ စာသင်ကျောင်းထဲဗုံးကွဲ၊ ရဲသုံးယောက်သေ

မန္တလေးတိုင်းမိုးကုတ်မြို့မှာ စစ်အုပ်စု တပ်စွဲထားတဲ့ စာသင်ကျောင်းထဲ ဗုံးပေါက်ကွဲခဲ့ပြီး ရဲ သုံးယောက် သေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ သြဂုတ်လ ၁၃ရက်နေ့ညနေ ၅နာရီခန့်က မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက် ၊ အထက(၃) စာသင်ကျောင်း၀န်းထဲမှာ ပေါက်ကွဲခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ငွေကြေး ပစ္စည်းတွေကို စစ်ဆေးမယ်လို့ စစ်အုပ်စုရဲ့ UEC ကြေညာ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင် ရန်ပုံငွေတွေ ၊ငွေကြေးတွေနဲ့ ပစ္စည်းစာရင်းတွေကို မကြာခင်စစ်ဆေးသွားမှာမို့ နိုင်ငံရေးပါတီတွေအနေနဲ့ စနစ်တကျအစစ်ဆေးခံဖို့ ကြိုတင်ပြင်ဆင်ကြရန် အကြောင်းကြားစာတစ်စောင်ကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပါတီဝင်ကြေးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၁၂)ဦး တွေ့ရှိ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ ဖျာပုံမြို့မှာ ဒီကနေ့ ကိုဗစ်အတည်ပြုလူနာ (၁၂)ဦးတွေ့ရှိ​ပြီး အတည်ပြုလူနာ(၁)ဦးသေဆုံး တယ်လို့သိရပါတယ်။ ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ သမိန်ထောကျေးရွာမှ (၁)ဦး၊ သမိန်ထောသိမ်ကုန်းကျေးရွာမှ (၁)ဦး၊ ဂျိုဝါကြံခင်းကျေးရွာမှ (၁)ဦး၊ ကျုံကဒွန်းကျေးရွာမှ (၂)ဦး၊ ခါးပြတ်ကျေးရွာ၊ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာသေဆုံး သူလျှော့နည်းလာ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၃ရက်နေ့က ကိုဗစ်လူနာ (၄)ဦးသာ သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၁)ဦး ၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

အောင်လံလွှင့်ချီ နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့ စရောင်းမယ်

၁၃ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း ၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဦးစီးပြီး ဖွင့်လှစ်မယ့် အောင်လံလွှင့်ချီ နွေဦးထီကို ဒီလ ဩဂုတ်လ ၁၅ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်အပါအဝင် QUAD လေးနိုင်ငံအစည်းအဝေးမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ အမေရိကန် ၊ ဂျပန် ၊ ဩစတြေးလျ နဲ့ အိန္ဒိယ ပါဝင်တဲ့ QUAD အဖွဲ့ရဲ့ အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဩဂုတ်လ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

၅၀၀၀တန် ၁၀၀၀၀တန် ငွေစက္ကူတွေကို ဆက်လက်သုံးစွဲနိုင်တယ်လို့ ဗဟိုဘဏ်ကြေညာ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ ထုတ်ဝေထားပြီးဖြစ်တဲ့ ၅၀၀၀ကျပ်တန် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူကို ရုတ်သိမ်းပြီး ဘဏ်တွေ ပိတ်သိမ်းမယ်ဆိုတဲ့ ကောလဟာလသတင်းတွေကြောင့် ပြည်သူတွေက ဘဏ်တွေမှာ ငွေထုတ်ယူမှုတွေများနေတာကြောင့် ငွေစက္ကူတွေကို ယုံကြည်စိတ်ချစွာ ဆက်လက်သုံးစွဲနိုင်ကြောင်းနဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ပုံမှန်ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီဒေသတိုက်ပွဲမှာ စစ်အုပ်စု ငါးဦးသေပြီး လက်နက်တွေ သိမ်းဆည်းရရှိထားတယ်လို့ KNDF ထုတ်ပြန်

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ ကရင်နီဒေသမှာ ဩဂုတ် ၁၂ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ဦးသေပြီး လက်နက်တချို့ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်ထားပါတယ်။ KNDF ရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံစစ်ရှောင်ကူညီရေးတာဝန်ရှိသူရဲ့ ပြောဆိုချက်အရ ဩဂုတ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မြန်မာ့လက်ရွေးစင် ဂိုးသမားပြည့်လျှံအောင် ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ရ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ လက်ရှိ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ကို ဒုက္ခသည်အဆင့်သတ်မှတ်ပေးပြီး ဂျန်ပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Kyodo သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ပြည့်လျှံအောင်ဟာ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ မေလက [ဆက်လက်ဖတ်ရှုရန်]