ကျန်းမာရေး

ကိုဗစ်ကာကွယ်ဆေးထိုးကြပါစို့

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်) ၃၁ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ (ကျန်းမာရေးဆောင်းပါး) ကိုဗစ်ကာကွယ်ဆေးဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံနေပြီး တချို့လည်း ကာကွယ်ဆေးထိုးပြီး ဖျားနာကိုက်ခဲတာလေးတွေ [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်မှာအနံပျောက်လို့ဆေးရုံလာပြသူတစ်ဦးသာ ကိုဗစ်ရောဂါတွေ့

၂၉၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်အတည်ပြုလူနာ(၁)ဦးသာ တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်၊ပန်းတင်ကုန်း(၆)လမ်းကအိမ်ဈေးဆိုင်ဖွင့်ထားတဲ့ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဖျားပြီးအနံပျောက်နေတာ ၂ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသလို့ စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၉၃၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၈၇၄)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ဖျာပုံခရိုင်

ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ယာဉ်တိုက်မှုကြောင့် လူတစ်ဦး ပွဲချင်းပြီးသေဆုံး

၂၇၊ ဇန်နဝါရီလ၊ ၂၀၂၁။ ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီးပေါ်က ရှမ်းကွင်းကြီးကျေးရွာ ရွာအဝင်လမ်းမကြီးပေါ်မှာ ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ည ၉နာရီခွဲလောက်မှာ လမ်းရဲ့ဝဲဘက်ကနေ တစ်ဖက်ရွာအဝင်ဘက်ကို လမ်းဖြတ်ကူးတဲ့အချိန်မှာ ဖျာပုံမြို့ဘက်က ကျိုက်လတ်မြို့ကို [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ကွာရန်တင်းဝင်နေသူတွေအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၉)ဦးတိုး

၂၆၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာ ဒီနေ့ကိုဗစ်လူနာသစ်(၉)ဦး တွေ့ရှိခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ဇေယျ၀တီ(၂)လမ်းမှာနေထိုင်တဲ့လူနာ(၈၄၅)အသက်(၅၂)နှစ်အရွယ်အစ်ကိုနဲ့(၇၇)နှစ်အရွယ်မိခင်တို့ဟာ ကွာရန်တင်းဝင်နေပြီး ဒုတိယအကြိမ်စစ်ဆေးမှုမှာရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းစင်တာမှာ ပထမအကြိမ်စစ်ဆေးရာက ရောဂါမတွေ့ခဲ့တဲ့ သင်္ဘောကျဥ်းမြေတံတားလမ်းက လူနာ(၈၄၃)ရဲ့ အသက်(၂၂)အရွယ်သမီး၊(၁၉)နှစ်အရွယ်သားဖြစ်သူ၊ ရေအိုးစင်ရပ်ကွက်က လူနာ(၈၄၀)ရဲ့ အသက်(၃၇)နှစ်အရွယ်အစ်က်ို၀မ်းကွဲ၊ဝဲဒေါင့်ကမ်းနားလမ်းက လူနာ(၈၄၄)ရဲ့အသက်(၃၀)အရွယ်ဇနီး၊ မဟာဗောဓိလမ်းက လူနာ(၈၆၄)ရဲ့အသက်(၅)နှစ်အရွယ်သားဖြစ်သူတို့ကို [ဆက်လက်ဖတ်ရှုရန်]

ဟင်္သာတခရိုင်

ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့ရှိ

၂၆၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ COVID 19 အတည်ပြုလူနာ (၁၄)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က RDTနဲ့စစ်ဆေးခဲ့တဲ့ ဦးပါရဲတန်ဆောင်းမှာ (၃)ဦး၊ ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ(၄)ဦး၊ အထက(၁)ကွာရန်တင်းစင်တာနဲ့ အထက(၂)က [ဆက်လက်ဖတ်ရှုရန်]

ဟင်္သာတခရိုင်

ဟင်္သာတမြို့မှာကိုဗစ်လူနာသစ် (၃၇)ဦးတိုး

၂၅၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီကနေ့မနက် တိုင်းကျန်းမာရဲ့ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်လူနာသစ်(၃၇)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့ကဦးပါရဲတန်ဆောင်းမှာRDTနဲ့စစ်ဆေးခဲ့ရာမှာ ကျောင်းဆရာမ(ငြိမ်း) (၁)ဦးအပါအဝင် (၂)ဦး၊ ဦးအောင်မြတ်ကျော်တန်ဆောင်းမှာ နတ်ပွဲမှာဆိုင်းတီးသူနှင့် နတ်က တဲ့ အလုပ်လုပ်သူ (၂)ဦး၊ [ဆက်လက်ဖတ်ရှုရန်]

ဖျာပုံခရိုင်

ဖျာပုံမှာတစ်နေ့တည်း ကိုဗစ်လူနာသစ် (၁၁)ဦးတိုး

၂၄၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီနေ့မနက်စာရင်းအရ ဖျာပုံမြို့မှာ COVID 19 အတည်ပြုလူနာ (၁၁)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဇင်မာစိုးကပြောပါတယ်။ ဖျာပုံဆေးရုံကြီး ဖျားနာဆောင်က လူနာနဲ့ လူနာစောင့်(၄)ယောက်၊ အောက်ကွင်းကျေးရွာက (၁)ယောက်၊ [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်ဆေးရုံအရိုးဆောင်ကလူနာနှစ်ဦးအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၃)ဦးတွေ့

၂၃၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်လူနာသစ်(၃)ဦး တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်အောင်ဇေယျလမ်းကအသက်(၂၄)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ နှာစေး၊အနံပျောက်နေတာ ၄ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံရဲ့ Lock Downချထားတဲ့ အရိုးဆောင်ကလူနာနဲ့ လူနာစောင့်တွေကို ဒုတိယအကြိမ်စစ်ဆေးခဲ့ရာမှာ ပုသိမ်ညောင်ချောင်းက [ဆက်လက်ဖတ်ရှုရန်]

ဖျာပုံခရိုင်

ဖျာပုံမြို့မှာ ၁၈နှစ်အရွယ် လူငယ်တစ်ဦးအသတ်ခံရ (တရားခံမမိသေး)

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဖျာပုံမြို့မ(၁၁)ရပ်ကွက်၊ ရွှေညောင်ပင်(၁၀)လမ်းဘေးမှာ ဒီကနေ့မနက်ပိုင်းက လူငယ်တစ်ဦး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။ သေဆုံးသူမှာ ကျုံကူကျေးရွာက အသက်(၁၈)နှစ်အရွယ်လူငယ်တစ်ဦးပါ။ ယခင်စကားများရန်ဖြစ်ခဲ့တဲ့ လူတွေက အဲဒီလူငယ်ကို ဇန်နဝါရီလ ၂၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဖျာပုံခရိုင်

ဖျာပုံဆေးရုံက လူနာနဲ့သူနာပြုတွေမှာ ကိုဗစ်ရောဂါတွေ့

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဒီနေ့မနက်တိုင်းကျန်းမာရေးစာရင်းအရ ဖျာပုံမြို့မှာ ကိုဗစ်လူနာ(၆)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးက ပြောပါတယ်။ ဖျာပုံဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အောက်ကွင်းကျေးရွာမှ အသက်(၅၄)နှစ်အမျိုးသမီး(၁)ဦးကို RDTနဲ့စစ်ဆေးရာက ရောဂါတွေ့ခဲ့ပြီး သူရဲ့သမီးဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူမှာပါ ရောဂါတွေ့ခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]