ဖျာပုံမြို့မှာ ၁၈နှစ်အရွယ် လူငယ်တစ်ဦးအသတ်ခံရ (တရားခံမမိသေး)

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဖျာပုံမြို့မ(၁၁)ရပ်ကွက်၊ ရွှေညောင်ပင်(၁၀)လမ်းဘေးမှာ ဒီကနေ့မနက်ပိုင်းက လူငယ်တစ်ဦး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။

သေဆုံးသူမှာ ကျုံကူကျေးရွာက အသက်(၁၈)နှစ်အရွယ်လူငယ်တစ်ဦးပါ။ ယခင်စကားများရန်ဖြစ်ခဲ့တဲ့ လူတွေက အဲဒီလူငယ်ကို ဇန်နဝါရီလ ၂၂ရက်နေ့ ည၇နာရီလောက်မှာ လာခေါ်သွားပြီးနောက် ပျောက်သွားပြီး ဒီကနေ့မနက်ပိုင်းမှာမှ လမ်းဘေးမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။

ဦးခေါင်းဝဲဘက်နားနောက် သွေးထွက်ဒဏ်ရာ (၂)ချက်၊ ဝဲဘက်နားသွေး ထွက်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေပြီး အခင်းဖြစ်တဲ့နေရာမှာ ၂ ပေခန့်အကွာမှ ၂ ပေခွဲခန့်အရှည်ရှိသွေးစွန်းနေတဲ့ သစ်သားချောင်းတွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာ အဲဒီလူငယ်ကို ခေါ်ဆောင်သွားသူတွေကို စုံစမ်းနေပြီး ဖျာပုံမြို့မစခန်းမှူးနဲ့ နယ်ထိန်းထပ်ဖွဲ့ဝင်တွေက မြို့ဝင်မြို့ထွက်နဲ့ နီးစပ်ရာနယ်မြေ ရဲစခန်းတွေကို အကြောင်းကြားစာတွေ ပို့ထားတယ်လို့ ပြောပါတယ်။

သေဆုံးသူရဲ့ မိခင်ဖြစ်သူက ဖျာပုံမြို့မရဲစခန်းမှာ လာရောက်တိုင်တန်းရာ ရဲစခန်းက ၁/၂၀၂၁ (ပ)၉/၂၀ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုဖွင့်ထားတယ်လို့ တရားခံ ဖျာပုံမြို့မရဲစခန်းကနေ သိရပါတယ်။