ဒေသအလိုက် သတင်းကဏ္ဍ

ထန်တလန်မြို့ပေါ် လက်နက်ကြီးကျည် ထပ်ကျ၊မိဘမဲ့ဂေဟာအပါအဝင် အိမ်၄လုံး မီးသင့်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ အိမ်၁၆၀ကျော်မီးလောင်တိုက်အသွင်းခံရတဲ့ ချင်းပြည်နယ်၊ထန်တလန်မြို့ပေါ် ယမန်နေ့က လက်နက်ကြီးကျည်ထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် မိဘမဲ့ဂေဟာအပါအဝင် လူနေအိမ်၄လုံး မီးလောင်သွားတယ်လို့သိရပါတယ်။ အောက်တိုဘာ၂၉ရက်နေ့မှာ စစ်အုပ်စုလက်ချက်နဲ့ ခရစ်ယာန်ဘုရားကျောင်းအပါအဝင် အိမ်၁၆၀ကျော် မီးလောင် ခဲ့ပြီးနောက် ၁၀ရက်တောင်မပြည့်သေးတဲ့ နိုဝင်ဘာ၆ရက်နေ့မှာ ထပ်မံမီးလောင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမြို့ သစ်စိမ့်ကုန်းကျေးရွာက ပြည်သူ တစ်ရာနီးပါး ဖမ်းဆီးခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာက ဒေသခံပြည်သူ တစ်ရာနီးပါးကို စစ်အုပ်စုက လက်နက်တွေနဲ့တကွ တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၅ရက်နေ့ ည၉နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက သစ်စိမ့်ကုန်းကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်းရေးသားသူ အလွတ်တန်းသတင်းထောက်တစ်ဦး အဖမ်းခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်း ကဗျာကို လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်ခေါ်  ကိုညွှန့်လွင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  အောက်တိုဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ “ထန်တလန်ဆိုတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးခရိုင်တိုက်ပွဲ အရာခံဗိုလ်တစ်ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊တမူးခရိုင်အတွင်း စစ်အုပ်စုယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခြင်းခံရပြီး အရာခံဗိုလ်တစ်ဉီး သေဆုံးခဲ့ တယ်လို့သိရပါတယ်။ ယမန်နေ့မွန်းလွဲ၁နာရီလောက်က ကလေးမြို့ကနေ တမူးဘက် မောင်းနှင်လာတဲ့ စစ်ကားလေး၂စီးကို ကြိုတင်သတင်းအရ PDF-တမူး တပ်ရင်း(၃)က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ Myanmar Federal [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြည်မြို့နယ်အတွင်းက နေအိမ်(၇)လုံးကို စစ်အုပ်စုကချိတ်ပိတ်

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် အတွင်းက ပြည်သူ ၇ ဦးရဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်အုပ်စုက နိုဝင်ဘာလ ၁ ရက်နေ့က ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က ဇရပ်လှရွာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကွမ်းခြံကုန်းမှာ စစ်ကား တိုက်ခိုက်ခံရ၊၇ဦးသေ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ကွမ်းခြံကုန်းမြို့နယ်၊အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် တွေတိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာသူ အင်အား ၂၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာသိမ်းပြီး၉လကျော်အတွင်း ပြည်သူ့အိုးအိမ်အဖျက်ခံရမှုနဲ့ နေရပ်စွန့်ထွက်ပြေးရသူ ပိုများ

  ၂၊ နိုဝင်ဘာ၊ ၂၀၂၁။ စစ်အုပ်စုအာဏာသိမ်းပြီး ၉ လကျော်လာချိန်မှာ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ် အဖျက်ဆီးခံရတာနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေတွက်ပိုများလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Florencia Nini- Martinez က ပြောပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူတွေရဲ့ စပါးခင်းကို ကူသိမ်းပေးနေတဲ့ KNLA

KNUထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်မှာ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် တပ်မဟာ ၆ တပ်ရင်း ၁၈က KNLA တပ်ဖွဲ့ဝင်တွေဟာ စပါးကူရိတ်သိမ်း ကူညီပေးခဲ့ကြတယ်လို့ ကော့ကရိတ်ပွင့်လင်းသတင်းစဉ်မှာ ဖော်ပြထားပါတယ်။          ပြည်သူတွေဘဝလုံခြုံရေးနဲ့ ပြည်သူ့စည်းစိမ်ဥစ္စာ ကာကွယ်ပေးရတဲ့အချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စုက ပြည်သူတစ်ဦးကို ပစ်သတ်ကာ ရွှေထည်ပစ္စည်းတွေ လုယက်

       ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် ထီးမဲ့ဘောကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ ၄၀၄ တပ်ရင်းက ဝါးကဖောင်ကျေးရွာက အမျိုးသမီးတစ်ဦးကို ပစ်သတ်ကာ ရွှေထည်ပစ္စည်းတွေ လုယူသွားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။          ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

 ကြည့်မြင်တိုင် အမျိုးသမီးအုပ်ကြီး သေနတ်နဲ့ပစ်ခံပြီး သေ

  ဧည့်စာရင်းစစ်ရာမှာ ရှေ့ဆုံးကပါဝင်တဲ့ ရန်ကုန်၊ကြည့်မြင်တိုင်က အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ် နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အပစ်ခံရသူဟာ ကြည့်မြင်တိုင်၊မျန်ကျည်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး အမျိုးသားတစ်ဦးက သေနတ်နဲ့ ၃ချက်ပစ်သွားတယ်လို့ ကြည့်မြင်တိုင် ၊ကမ်းနားဈေးနားမှာနေသူတစ်ဦးကပြောပါတယ်။ ‘ချက်ကောင်းတွေထိပြီး ပွဲချင်းပြီးသေတာပါ။မဲဒီအမျိုးသမီးက နာမည်ကြီးနေတာကြာပါပြီ။ဧည့်စာရင်း စစ်ရင်လည်း သူကရှေ့ဆုံးကနေ [ဆက်လက်ဖတ်ရှုရန်]