သထုံမြို့လယ်ခေါင်မှာ အကြမ်းဖက်စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

၃၊ဒီဇင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်၊သထုံမြို့လယ်ခေါင် ရွှေစာရံဘုရားနားက ပဋိကတ်သုံးပုံအဝိုင်းအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းလှည့်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ ၂ဦး ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

ယမန်နေ့ည၁၁နာရီခွဲလောက်ကပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုကို မွန် သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)က ပြု လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

‘အသံတော်တော်ကျယ်တယ်။အရင်တုန်းကလည်း စစ်ခွေးတွေပစ်တဲ့ သေနတ်သံတွေ၊ဘာမှန်းမသိတဲ့ပေါက် ကွဲသံတွေကြားခဲ့ဖူးတော့ မနက်ကျမှ ဆွဲမိုင်းနဲ့အလုပ်ခံရမှန်းသိရတယ်’လို့ သထုံမြို့၊သိမ်ကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် ထိခိုက်မှုဘယ်လောက်ရှိသလဲဆိုတာကို မသိပေမဲ့ ဒီနေ့မနက်အစောပိုင်းက စည်ပင်ဝန် ထမ်း တွေသန့်ရှင်းရေးလုပ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

‘စည်ပင်က ရေတွေဖြန်းနေတာ၊တံမြက်စည်းလှည်းနေတာတွေ့ရတယ်’လို့ သူကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ အဝိုင်းပတ်ဝန်းကျင်က ဈေးတွေရော ရွှေစာရံဘုရားရှေ့ ဆိုင်ခန်းတွေပါ ပုံမှန် အ တိုင်း ဆိုင်ပြန်ဖွင့်နေကြပြီး ပုံမှန်အတိုင်းသွားလာနေကြတယ်လို့သိရပါတယ်။