ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဟာ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ဖို့ နီးစပ်လာပြီလို့ဆို

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်းဟာ မြန်မာတစ်ပြည်လုံးမှာ လွတ်မြောက်နယ်မြေဖြစ်ဖို့ အနီးစပ်ဆုံး တိုင်းဒေသဖြစ်လာနေပြီ လို့ Beauty for Chin State ရဲ့ လူမှုကွန်ရက်ပေါ် ဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းဟာ မြို့နယ်ပေါင်း ၃၇ ရှိပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စုက မင်္ဂလာဆောင်တစ်ခုကို ဝင်လာပြီး ငွေတောင်းရမ်း

၂၊ဒီဇင်ဘာလ ၊ ၂၀၂၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဂင်ဂဲရွာက မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်က ငွေတစ်သိန်းနဲ့ ထမင်းဟင်း တောင်းရမ်းခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်တပ်ဖွဲ့ဝင်၃၀လောက်ဟာ မြင်းခြံမြို့နယ်၊ကိုင်းရွာက မူလွန်ကျောင်းမှာ ပြီးခဲ့တဲ့တစ်လလောက် ကတည်းက တပ်စွဲထားခြင်းဖြစ်ပြီး ဂင်ဂဲရွာကမင်္ဂလာဆောင်ကို မင်္ဂလာဆောင်ကြေးအဖြစ် ငွေ တစ်သိန်း၊ထမင်း၂ပြည်ချက်နဲ့ဟင်း ပေးဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်ထဲ စစ်ထုတ်ကုန်ဘီယာတွေကို ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ရမှာငဲ့ပြီး ပြန်လွှတ်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုထုတ်ကုန် ဘီယာတွေတင်လာတဲ့ စက်လှေနှစ်စီးကို ချင်းတွင်းမြစ်ထဲမှာ ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ပေးရမယ့်အရေးကိုငဲ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်ပိုင် BOC စက်သုံးဆီတွေ ကို စက်လှေနှစ်စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂လခွဲကျော်မှာ ဧရာဝတီတိုင်း စစ်အုပ်စုပစ်မှတ်တွေကို အကြိမ်၈၀ကျော် တိုက်ခိုက်နိုင်ခဲ့

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ NUG အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာ၇ရက်နေ့ကနေ နိုဝင်ဘာ၃၀ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပစ်မှတ် တွေကို ၈၅ကြိမ် တော်လှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဧရာဝတီတိုင်း တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးပစ်မှတ်၁၃ခု၊စီးပွားရေးပစ်မှတ်၂၂ခုနဲ့အုပ်ချုပ်ရေးပစ် မှတ် အခု၅၀တို့ကို တော်လှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေပိုပြင်းထန်လာလို့ စစ်ကိုင်းတိုင်းပြည်သူ နှစ်သောင်းခွဲကျော် ထပ်မံနေရပ်စွန့် ထွက်ပြေး

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား ပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေ ကြောင့် စစ်ကိုင်းတိုင်းမြို့နယ်၄ခုက ပြည်သူ၂၆၀၀၀ကျော်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးရတယ်လို့ UNOCHA Myanmar က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်း၊ အထူးသဖြင့်စစ်ကိုင်းတိုင်းဒေသကြီးက လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားနေပြီး နိုင်ငံတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းMytelတာဝါတိုင်ဝန်းကျင် အကြမ်းဖက်စစ်တပ် မြေမြှုပ်မိုင်းထောင်ထား

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲက Mytel တာဝါတိုင်ဝန်းကျင်တွေမှာ အကြမ်းဖက်စစ်တပ်က မြေမြှုပ်မိုင်းတွေ လိုက်လံမြှုပ်နှံထားတယ်လို့ ဒေသတွင်း နွေဦးတော်လှန် ရေးစာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်လိုက်ပါတယ်။ ခရမ်းချန်နယ်ကရရှိထားတဲ့စာရင်းတွေအရ ထိန်ပင်ကွင်းရွာ၊ညောင်ပင်ကွင်းရွာ၊ထုံးအိုင်ပေါက်ရွာ၊ပ လူကန်ရွာနဲ့ ကမာကလူရွာတွေက Mytel တာဝါတိုင်ဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းအတွင်း ယာယီသွားလာမှုရပ်ဆိုင်းထားရတဲ့ လမ်းပိုင်းအချို့ ပြန်လည် အသုံးပြု နိုင်တယ်လို့ MPDF ထုတ်ပြန်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တားမြစ်ပြီးနောက်မှာ လမ်းပိုင်းအချို့ကို ပြန်လည်အသုံးပြုလို့ရပြီဖြစ်ကြောင်း Monywa People Defence Force – MPDF က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်က နေအိမ်တစ်ခုမှာ ဗုံးပေါက်ကွဲပြီး လူငယ် ၃ဦးဆုံးပါး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းအနီးရှိ နေအိမ်တစ်ခုအတွင်း ဗုံးပေါက်ကွဲပြီး လူငယ် ၃ဦး အသက်ဆုံးပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ နေအိမ်တွင်း ပေါက်ကွဲမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီနဲ့ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ PDFသတိပေး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ကနီမြို့နဲ့ ယင်းမာပင်မြို့တွေမှာ တစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်လိုက်ပါတယ်။ ကနီနဲ့ယင်းမာပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက MPTဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာဟာ တစ်လကျော်အထိ ရှိသွားပြီဖြစ်ပြီး တစ်ပတ်အတွင်း အမြန်ဆုံးမဖွင့်လှစ်ပေးပါက တာဝါတိုင်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး MPTရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးပစ်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ MPTရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမည်မသိအဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေပါ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့ မနက် ၈နာရီခန့်မှာ အမည်မသိသူ ၄ဦးခန့်က [ဆက်လက်ဖတ်ရှုရန်]