အကြမ်းဖက်စစ်အုပ်စုက မင်္ဂလာဆောင်တစ်ခုကို ဝင်လာပြီး ငွေတောင်းရမ်း

၂၊ဒီဇင်ဘာလ ၊ ၂၀၂၁။

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဂင်ဂဲရွာက မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်က ငွေတစ်သိန်းနဲ့ ထမင်းဟင်း တောင်းရမ်းခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်တပ်ဖွဲ့ဝင်၃၀လောက်ဟာ မြင်းခြံမြို့နယ်၊ကိုင်းရွာက မူလွန်ကျောင်းမှာ ပြီးခဲ့တဲ့တစ်လလောက် ကတည်းက တပ်စွဲထားခြင်းဖြစ်ပြီး ဂင်ဂဲရွာကမင်္ဂလာဆောင်ကို မင်္ဂလာဆောင်ကြေးအဖြစ် ငွေ တစ်သိန်း၊ထမင်း၂ပြည်ချက်နဲ့ဟင်း ပေးဖို့ ယမန်နေ့က သွားရောက်တောင်းရမ်းခြင်းဖြစ်တယ်လို့ မြင်းခြံမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

‘အရှက်မရှိတောင်းရမ်းတော့လည်း မင်္ဂလာမောင်နှံက မင်္ဂလာဦးကာလမှာ ပြဿနာမဖြစ်ချင်တော့ပေးရတော့ တာပေါ့။အဲဒီတပ်က လွန်ခဲ့တဲ့သုံး၊လေးရက်ကပဲ ကိုင်းရွာက ရွာသားတစ်ယောက်ကို အသေရိုက်သတ်လိုက် သေးတယ်’လို့ သူကပြောပါတယ်။

နိုဝင်ဘာ၂၉ရက်နေ့ညနေ ၄နာရီလောက်က ကိုင်းရွာထဲရှိ အရက်ဆိုင်ကို အကြမ်းဖက်စစ်တပ်က အကြောင်း ပြချက်မရှိဝင်ဖမ်းပြီး ဆိုင်ပိုင်ရှင်အပါအဝင် ရွာသား၁၁ယောက်ကို သူတို့စခန်းချရာ စာသင်ကျောင်းထဲ ခေါ် သွားကာ ရိုက်နှက်ခဲ့ရာ အသက်၂၅နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

‘အဲဒီလိုဘာအကြောင်းပြချက်မှမရှိဘဲ မထင်ရင်မထင်သလို ရွာသားတွေကို ရိုက်နှက်လို့ အခုဆို ရွာထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ မနေမဖြစ်လူတွေပဲကျန်တော့တယ်’လို့ သူကဆက်ပြောပါတယ်။

ကိုင်းရွာဟာ အိမ်ခြေ၄၀၀လောက်ရှိပြီး အခုအခါ ရွာသားသုံးပုံတစ်ပုံလောက်သာ ရွာမှာကျန်ပါတော့ တယ်။

‘ကျန်တဲ့လူတွေက ရွာမှာမနေရဲလို့ နီးစပ်ရာ ပြေးကြတယ်။ဂင်ဂဲရွာကျတော့ ကိုင်းရွာရဲ့မြောက်ဘက် ကပ်ရက် ရွာပါပဲ။အဲဒီမှာလည်း အနိုင်ကျင့်ခံရတာပဲ’လို့သူကဆိုပါတယ်။

မင်္ဂလာဆောင်ကြေးပေးရတဲ့သူတွေဟာ ဒီနေ့မှာ မင်္ဂလာဆောင်ကြတာဖြစ်ပါတယ်။