ပုလဲမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရမယ့် လမ်းညွန်ချက်တွေ ထုတ်ပြန်

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရမဲ့ စည်းချက်တွေကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပခဖက ဒီကနေ့ ဒီဇင်ဘာလ ၃ရက်နေ့မှာ လမ်းညွှန်ထုတ်ပြန်လိုက်ပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်တွေအရ ဒေသခံပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံစေဖို့အတွက် ပြစ်မှုပြသနာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက ဒေသခံအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့၊ သတင်းပေးဒလန်တွေကို တွေ့ရှိပါက အလျင်စလို အရေးမယူဘဲ ဒေသခံအဖွဲ့အစည်းတွေကို အသိပေးပြီး စီရင်ဆုံးဖြတ်ဖို့၊ ဒေသအတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲ စီမံခန့်ခွဲတာတွေကို ဒေသခံအဖွဲ့အစည်းတွေ မသိဘဲ ထုတ်ယူခြင်းမပြုဖို့၊ သစ် မူးယစ်ဆေးဝါး စစ်အုပ်စုထုတ်ကုန်တွေကို ဖမ်းဆီးရမိပါက ပကဖနဲ့ ပူးပေါင်းဖို့၊ ပြည်သူတွေ ကုန်ပစ္စည်းတွေသယ်ယူရာမှာ ဖမ်းဆီးတာ ရန်ပုံငွေတောင်းတာတွေနဲ့ ဆက်ကြေးကောက်ခံတာတွေ မလုပ်ဆောင်ဖို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ ငွေ လက်နက်ပစ္စည်း တွေကို အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း လုပ်ဆောင်ဖို့ စတဲ့လမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့တာပါ။

လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်မှုမရှိသူတွေကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို တင်ပြပြီးတော့ အရေးယူဆောင်ရွက်မှုတွေ အဆင့်ဆင့်ကိုလည်း လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။