တာဝန်မထမ်းဆောင်ဖို့ သထုံရုံးဝန်ထမ်းတွေကို နောက်ဆုံးအကြိမ်သတိပေး

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရုံးပေါင်းစုံက ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒီဇင်ဘာ၆ရက်ကစပြီး အာမခံတော့မှာမဟုတ်ဘူးလို့ မွန် သထုံအထူးကာ ကွယ်ရေးအဖွဲ့ (MTHSF)က ဒီကနေ့ သတိပေးလိုက်ပါတယ်။

စစ်အုပ်စုအုပ်ချုပ်ရေးမဏ္ဍိုင် ဆက်လက်လည်ပတ်နိုင်ရေးနဲ့ အခွန်ငွေတွေ တိုက်ရိုက်စီးဆင်းအောင် တာဝန် ထမ်းဆောင်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် ရုံးပေါင်းစုံက ဝန်ထမ်းတွေကို လာမယ့်ရုံးဖွင့်ရက်က စပြီး တာဝန်ထမ်းဆောင်ခြင်းကို ရပ်ဖို့ MTHSF က နောက်ဆုံးအကြိမ်သ

တိပေးလိုက်တာဖြစ် ကြောင်း ဒီကနေ့ကြေညာချက်ထုတ်ပြန်ကာ သတိပေးလိုက်တာပါ။

‘တိုက်ပွဲအရှိန်က ပိုမြင့်တက်လာပြီဆိုတော့ ရန် ငါ စည်းပြတ်ဖို့ ဖြစ်လာပြီလို့ နားလည်ပါတယ်’လို့ သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

MTHSF ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေသလို ဒီဇင်ဘာ၃ရက်နေ့ညနေပိုင်း ကလည်း သထုံမြို့လဝကရုံးကို ဖောက်ခွဲခဲ့ပါတယ်။

‘လောလောဆယ်အချိန်ထိကတော့ စစ်ခွေးတွေရဲခွေးတွေနဲ့ သူတို့နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့နေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ပွဲဝင်စေချင်ပါတယ်။’လို့ သထုံဘူတာရုံအနီးနေ ပြည်သူတစ်ဦးကပြောပါတယ်။