ခွေးပြေးဝက်ပြေး ငရဲထိပြေး (သရော်စာ)

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

တော်ကီ့ဘကြီးက ရွာမှာမွေး ရွာမှာကြီး ရွာကမိန်းမယူပြီး ရွာအလုပ် လယ်ယာကိုင်းကျွန်းနဲ့ ရွာမှာ ကြီးပွားနေသူ။ပြီးတော့ ဘကြီဂက စာလေးပေလေးလည်း လက်လှမ်းမီသလောက် ဖတ်မှတ်ရတာဝါသနာ ပါ သလို သက်တော်က ၈၀လားနေပြီမို့ ဘဝအတွေ့အကြုံသည်လည်း အစုံအလင်။

အခုလည်း ရန်ကုန်မှာတောင်ရေးမြောက်ရေးနဲ့ တစ်ကိုယ်တော်သူပုန်ထနေတဲ့ သူ့တူကြီး တော်ကီကို လှမ်းဖုန်းဆက်တယ်။

‘ဒီမယ်ငါ့တူကြီး၊ဘကြီးတို့လူပျိုတုန်းက ရွာမှာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုတာရှိတယ်။တစ်သက်လုံး သူ့အဘတွေကိုဦးခိုက်ပြီး ပြည်သူတွေကိုဒုက္ခမျိုးစုံပေးလာခဲ့တာ၊လူကောင်းမြို့ပိုင်နဲ့တွေ့ရော မဟုတ်တာလုပ် ထားတော့ ထောင်ကျ၊ထောင်ကပြန်ထွက်လာပြီး အရိုက်အရာတွေလည်းမရှိရော သေမှာကြောက်ပြီး ဘုရား ကြီးကုန်းကန်တော့တာ၊ဘုရားကဘယ်နေမလဲ၊စောစောသေခိုင်းလိုက်တာ၊အေးရော’တဲ့။

တော်ကီ့ဘကြီးက တစ်ခုခုမပြောခင် အဲဒီလို သူ့ဘဝအတွေ့အကြုံ ပုံတိုပတ်စလေးတွေနဲ့ အစပျိုး လေ့ရှိတော့ သူထပ်ဆက်မယ့်စကားကိုပဲ စောင့်လိုက်တယ်။

‘အခုကတော့ကွာ၊နေ့စဉ်လူသတ် ပြည်သူကို ဒုက္ခပေးနေရင်းနဲ့ ဘုရားကုန်းကန်တော့တာ။ဟိုကောင် မ ဘယ်လောက်လူပါးဝလိုက်သလဲ၊သံဃာကအောက်၊သူက ကုလားထိုင်ပေါ် ဘယ်လောက်ကုသိုလ်တွေရ လိုက်မလဲဆိုတာ’

တော်ကီ့ဘကြီးက အာလုတ်သံကြီးနဲ့ အဲဒီလိုတည့်တည့်ပွားလာတော့ အခုတလော လွတ်မြောက် နယ်မြေဖေ့စ်ဘွတ်ခ်မှာ သတင်းကြီးနေတဲ့ မပဋာမြေလူးရုပ်နဲ့ ခေါကြူမ ဓာတ်ပုံကို သတိရမိတယ်။ ခေါကြူ မတို့ က ယဉ်ကျေးလိမ္မာမြန်မာစာဆရာမကြီး လုပ်ခဲ့တယ်ဆိုတော့လည်း သံဃာတွေရဲ့ အထက်မှာ ထိုင်ရဲရှာ တာ ပေါ့။ပြီးတော့ ခေါကြူမတို့က ဗမာပြည်မှာ ဘယ်ကတော်ကမှ ယှဉ်လို့မရတဲ့ နှစ်ဘွဲ့ခံ ဝန်ကြီး ချုပ် က တော်၊ဦးစီးချုပ်ကတော်။အခုလို ကတော်မျိုးက ဗမာပြည်မှမဟုတ်ဘူး။ဘယ်ကမာ္ဘမှာမှလည်း မရှိ ၊တောင် ပြုန်း ကနတ်ကတော်ကြီးတွေတောင် ယှဉ်လို့မနိုင်တဲ့ကတော်ကြီးဆိုတော့လည်း ယဉ်ကျေးလိမ္မာ မောက် မာရှာမပေါ့။

တော်ကီ့ဘကြီးကပြောရှာတယ်။ဟိုကောင်၊ကျောက်ဆည်သားဆို သူ့ရုပ်နဲ့တူတဲ့ဘုရားပုံဆင်းတု ထုပြီး ရွှေတိဂုံဘုရားပေါ် တင်ထားခဲ့သေးတာတဲ့။ဘကြီးစကားအရဆို ခေါကြူမ က အများကြီး တော်သေး တယ်ဆိုချင်တာလား။အာဏာရှင်နဲ့အာဏာရှင်ဖြစ်အောင်ကြိုးစားနေတဲ့ သာဝမယားဆိုတော့ ဒီလိုသောက် ချိုးတွေပဲလို့ ဆိုချင်တာလားတော့မသိ။

အာဏာရှင်တွေကအာဏာနဲ့ပတ်သက်လာရင် သိပ်ရှင်းတယ်။အာဏာသာတည်မြဲမယ်ဟေ့ဆို ရှေး ဟောင်းဘုရားသူခိုးတွေလို ဘုရားခေါင်းဖြတ်ပြရမလား။ဘကြီးပြောတဲ့ကျောက်ဆည်သားဆို မည်းမည်းသ ည်းသည်း ဆိုးဆိုးရွားရွားရုပ်ကြီးကို မိန်းမလိုဝတ်စားပြီး မင်းခန်းမင်းနားနဲ့ဘုရားပေါ်တက်၊ဒေါ်အောင်ဆန်းစု ကြည်အာဏာမရရေးအတွက် ယတြာချေသတဲ့။ကဲ၊ဒီလောက်ဆိုးလိုက်တဲ့ရုပ်ကြီးနဲ့ ထမီဝတ်ပြီး နွဲ့ပြတော့ မြင်လိုက်တဲ့သကောင့်သား ဘယ်နှယောက် ပန်းသေသွားသလဲမသိ။

ပြီးတော့ ရှိပါသေး။နေပြည်တော်က တောင်တစ်တောင်ပေါ် ကိုးရိုးကားရား ဘုရားဆင်းတုတွေ။တော် ကီတို့တစ်သက် ဗမာပြည်မှာ တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ဘုရားဆင်းတုတွေချည်း။မြင်ရုံနဲ့ ထေရဝါဒနဲ့ဘာမှမဆိုင် မှန်း ရုရှားမှာဆောင်းသွားခိုနေတဲ့ ဂူကြီးလည်း မသိဘဲဘယ်နေမလဲ။

ဘာသာ၊သာသနာကို ခါးထောင်း ကျိုက်ပြီးအသက်ပေးချစ်တယ်ဆိုလား၊ ဝီရသူဆိုတဲ့အစွန်းရောက်လေးက လည်း ပါးရေနပ်ရေရှိတော့ သား သား မျက်လုံးကန်းသွားပြီဆိုတဲ့အပေါက်မျိုး။အဲဆင်းတုတွေကို ဘယ်သူပြောရဲလဲ။ကျောက်ဆည်သားရဲ့ သာ ဝက သာဝတို့အနွယ်တွေရဲ့ ယတြာတွေတဲ့။

စခတွေက ရှေ့တန်းထွက်ရင်ရင်ဘတ်တွေဘာတွေကော့လို့၊သူရဲကောင်းတွေလို ရဲရဲတောက် မျက် ထောင့်ကြီးတွေလည်းနီးလို့။ဒါပေမဲ့ ရှေ့တန်းမထွက်ခင် ကျည်ထိသေမှာစိုးလို့ ယတြာလေးတော့ ပြေးချေကြ တယ်။ စခတွေကို ရှူး တိုက်နေတဲ့ အဘကြီး၊အဘလေးတွေကျတော့  အာဏာကိုမလွတ်တမ်းခဲထားနိုင်ရေး ယတြာ။ ထေရဝါဒနဲ့ လားလားမှမဆိုင် တဲ့ဘာသာရေးမှာ ဖင်ဗူးတောင်းထောင်လို့။ ငရဲမကြောက်၊ပြိတ္တာဖြစ် မှာမကြောက်။တစ်ဘဝစံရပြီး ရော ကျပ်မပြည့်တဲ့ဘာသာရေးခေါ်မလား။

အခုလည်း ဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်၊ မပဋာမြေလူးရုပ်နဲ့ ခေါကြူမက သံဃာတွေရဲ့အထက် ကုလားထိုင်ပေါ်ကနေ တရားတွေဘာတွေနာတယ်ဆိုတာ ယတြာတဲ့။ဘယ်လိုယတြာလဲဆိုတော့ ခေါကြူမ သည် သံဃာထက်ပင် မြင့်မား၊ ကုလားထိုင်ပေါ်ကနေ ဘယ်တော့မှမဆင်းစေရဆိုတဲ့ယတြာတဲ့။

ဟိုကောင်သာဝကတော့ မခို့တရို့အပြုံးလေးနဲ့ လက်ချာရိုက်ချိန်ကလွဲလို့ အားရင်အားသလို သေနတ် ပစ် ကွင်းဆင်း၊မခို့တရို့ပြုံးနေတဲ့ သူ့ဓာတ်ပုံရဲ့ နဖူးကို တည့်တည့်မှန်အောင်ပစ်။အဲဒါက ဘာယတြာလဲဆို့ တော့ သာဝကိုသာဝက နဖူးမှန်အောင်ပစ်၊သာဝဟာအသတ်ခံရပြီး သာဝဟာ အသက်ပြန်ရှင်လာပြီတဲ့။ သာဝတို့ ကိုးကွယ်တဲ့ဘုန်းကြီး ကလည်း အဲဒီလိုရှုပ်ရှုပ်ထွေးထွေးတွေနဲ့ပဲ နိဗ္ဗာန်ကိုရည်မျှော်နေသေး။

ပြီးတော့ရှိသေး၊ညဘက်ဆို သာဝတို့လင်မယား သာဝက ခွေးလိုဟောင်၊ခွေးလိုပြေး။ခေါကြူမက ဝက် လိုဆင်၊ဝက်လိုအော် ဝက်လိုပြေး။နှစ်ကောင်သားခွေးလိုပြေးဝက်လိုပြေး ခွေးပြေးဝက်ပြေးဆိုလား လေးဘက် ကြီးကိုကုန်းကြလို့။

ရှေ့ဖြစ်ဟောဘုန်းကြီးက သာဝတို့ မကြာခင် ခွေးပြေးဝက်ပြေး ပြေးရတော့မယ်ဆိုလို့  အမှန်တကယ် ခွေးလိုဝက်လိုမပြေးရလေအောင် ကတ်ကင်းရိုက်ယတြာ။ယတြာကပဲ စွမ်းမလား၊သာဝတို့လင်မယား လေး ဘက်ကုန်းကြီးတွေနဲ့ ခွေးပြေးဝက်ပြေးနဲ့ ငရဲထိပြေးမလား။

ခွေးငိုဝက်ငို ခွေးမှိုင်ဝက်မှိုင်နဲ့ ကိုယ့်အလှည့်ကျ လေးဘက်ကြီးကုန်း၊ ဖင်ဗူးတောင်းတွေထောင်လို့ ခွေးလိုဝက်လိုတောင်းပန်မှာလား။အလွန်ဆုံးကြာ တစ်နှစ်ပေါ့ သာဝရာ။
တော်ကီ