ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့မှာ တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်တယ်လို့ AA သတိပေး

ရခိုင်ပြည်နယ်အတွင်းဒေသအနှံ့မှာနောက်ထပ်တိုက်ပွဲတွေကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် ကုန်းလမ်း၊ရေ လမ်းယာဉ်တွေအားလုံးကို စစ်ရေးအခြေအနေအရ ရပ်တန့်စစ်ဆေးမယ်လို့ ရခိုင့်တပ်တော် AA က ဒီကနေ့ထုတ်ပြန်ပါတယ်။ လက်ရှိရခိုင်ပြည်နယ်အတွင်းနဲ့ပလက်ဝဒေသတွေမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေပြင်းထန်နေသလို တပ် စခန်းတွေသိမ်းပိုက်ခံထားရတဲ့စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေတာတွေရှိနေတယ်လို့ ထုတ်ပြန် ချက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့က အမျိုးသမီး တဦးမှာ ကိုဗစ်ရောဂါပိုးတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၂)ရပ်ကွက် လယ်တီ (၄)လမ်းမှာ နေထိုင်တဲ့အမျိုးသမီးတဦးဆီမှာ ကိုဗစ်ပိုး ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ပရဟိတ အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “နေမကောင်းလို့ ပုသိမ်ဆေးရုံကြီးကို အဖွဲ့က ကားနဲ့ လိုက် ပို့တာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာက ဓားပြမှုတွေနဲ့ပတ်သက်နေသူတဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းမိတယ်လို့ဆို

စစ်ကိုင်းတိုင်း မုံရွာမြို့ ဒေသတဝိုက် ဓားပြမှုတွေ နဲ့ပတ်သက်နေသူတဦးကို ဖမ်းမိတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ကာကွယ်ရေး အဖွဲ့က ဖမ်းမိထားသူဟာ မုံရွာမြို့ခံ မျိုးချစ်ရဲ့ ယာဉ်မောင်း ဆိုသူ အောင်မျိုးဇော်(ခ) ရဲမင်းဦးဖြစ်ပါတယ်။ ဖမ်းမိထားသူရဲ့ ထွက်ဆိုချက်တွေအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျုံပျော်က လောင်းကစားဝိုင်းကို ရဲကပစ်ဖမ်းတဲ့အတွက် လူတယောက်သေ

ဧရာဝတီတိုင်း ကျုံပျော်မြို့ မှာ လောင်းကစားဝိုင်းကို ပူးပေါင်း ရဲတပ်ဖွဲ့က ဝင်ဖမ်းရာမှာ သေနတ်နဲ့ ပစ်ဖမ်းခဲ့တဲ့အတွက် လူတဦးထိမှန်ပြီး မြစ်ထဲပြုတ်ကျကာ သေဆုံးခဲ့ပါတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ “မနေ့က (စက်တင်ဘာ ၁၃ )မနက် မြစ်ထဲမှာအလောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဥက္ကလာမှာ အမှိုက်ကောက်သူတွေကြောင့် ဖောက်ခွဲတိုက်ခိုက်မှု ဖျက်သိမ်းခဲ့ရတယ်လို့ဆို

ရန်ကုန်မြို့ မြောက်ဥက္ကလာအဝိုင်းအနီးမှာ ဖောက်ခွဲတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အမှိုက် ကောက် ပြည်သူတစ်ဦးကြောင့် မစ်ရှင်ဖျက်သိမ်းခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA)က ထုတ်ပြန်ပါတယ်။ “မစ်ရှင်ဖျက်လိုက်လို့ဝေဖန်ခံရပေမဲ့ပြည်သူအသက်တော့ ကျွန်တော်တို့ မစတေးနိုင်ပါဘူး၊ပစ်မှတ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြောက်ပိုင်းက စစ်ရှောင်တွေရဲ့ ယာခင်းတွေကို လုပ်ကိုင်နေတဲ့ ပျူစောထီးတွေ သတိပေး ပစ်ခတ်ခံရ

မကွေးတိုင်း ဂန့်ဂေါမြောက်ပိုင်း စစ်ရှောင်ပြည်သူတွေရဲ့ ယာခင်းတွေကို ပျူစောထီးတွေက ဝင်ရောက်လုပ်ကိုင်စိုက်ပျိုးနေတာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သတိပေးပစ်ခတ်ခဲ့ပါတယ်။ “မြောက်ခင်ရန်းရွာက ပျူစောထီးတွေလေ၊ စစ်ဘေးရှောင်ပြီးထွက်​ပြေးနေရတဲ့ မြောက်ခင်ရန်းရွာကသူတွေရဲ့ အခင်းတွေရယ်၊ သင်တောရွာကအခင်းတွေရယ်ကို ဝင်ပြီးပဲယင်းကျဲနေကြတာ၊ သူတို့က အခင်းတွေကိုတောင် စည်းရိုးဖျက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမှာ စစ်တပ်စခန်းနား ညအချိန် ဒရုန်းပျံဝဲနေလို့ ပစ်ခတ်သံတွေဆူညံခဲ့

ကရင်ပြည်နယ် ဘားအံမြို့မှာ စက်တင်ဘာ (၁၃) ရက် မနေ့ကညပိုင်းမှာ မြို့ပေါ်ဒရုန်းပျံဝဲနေတာတွေ့လို့ စစ်တပ်က ပစ်ချဖို့ကြိုးစားခဲ့ပြီး သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်သံတွေဆူညံနေခဲ့တယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။ “ကြာအင်းတောင်ခြေနားကနေ နှစ်ချက်စပစ်တာ၊ လမ်းထိပ်မှာလည်း လာပစ်သွားတယ်၊ ပစ်တာက အချက်နှစ်ဆယ်ကျော်တယ်၊အိမ်ထဲမှာဘဲနေနေရတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က လက်နက်ကြီးရမ်းပစ်လို့ ကလေးမြို့ အရှေ့စည်းရွာခံတဦး ဒဏ်ရာပြင်းထန်

ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့စစ်တပ်က စက်တင်ဘာ (၁၃) ရက် ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ အရှေ့စည်းရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပြည်သူတစ်ဦး အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “မြေပြင်မှာပြားပြားဝပ်ပြီးနေရတာ၊ပြီးတော့ တိုက် အိမ်တွေ​ဆီပြေးကြရတာ၊ရွာအနောက်ပိုင်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာ  ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုစီးနင်းခံရပြီး ခြောက်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတခု စက်တင်ဘာ ၁၃ရက် မနေ့က မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခံရပြီး ကာကွယ် ရေး တပ်ဖွဲ့ဝင်ငါးဦးနဲ့ CDM ဝင်ထားတဲ့ စစ် သားတဦးကျဆုံးခဲ့တယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။ “လက်နက်ကြီးနဲ့အရင်ထုတာပေါ့၊ပြီးမှစခန်းဝင်စီးတာ စခန်းကိုလည်းမီးရှို့လိုက်ကြပြီ၊အလောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ပြောက်ကျားသပိတ်လုပ်မယ့် လူငယ် ၁၅ဦးထက်မနည်း ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး ပြောက်ကျားသပိတ်လုပ်မယ့် လူငယ်တွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁၅ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဌက DNA ကိုပြောပါတယ်။ “တန်းဖမ်းတဲ့အခြေအနေမျိုးပေါ့၊ရိုက်တယ်၊နှက်တယ်၊ဆဲတယ်ဆိုတယ်၊သူတို့အသံတွေကို ကျွန်တော်တို့ကြားနေရ တဲ့အနေအထားမျိုးလည်းရှိပါတယ်”လို့သူက ပြောပါတယ်။ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းမှာ စက်တင်ဘာ [ဆက်လက်ဖတ်ရှုရန်]