ဂန့်ဂေါ၊မြောက်ခင်ရန်းရွာမှာ ဖမ်းဆီးခံထားရတဲ့ ရွာခံ ခြောက်ဆယ်ကျော်ကိုစစ်တပ်က ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်

Photo – CJ

ဂန့်​ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ စစ်တပ်နဲ့ပျူစောထီးတွေကဖမ်းဆီးချုပ်နှောင်ထားတဲ့ ရွာသူ ရွာသား (၆၀) ကျော်ကို ကလေးမြို့ ဒ.က.စ အမိန့်နဲ့ ဒီက​နေ့စက်တင်ဘာ ၂၃ ရက်မနက်မှာ ခံဝန်ကတိထိုးခိုင်းပြီး ပြန် လွတ်ပေးလိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

ဖမ်းဆီးထားသူတွေကို လွှတ်ပေးလိုက်ပေမယ့် ကျေးရွာတွင်းကနေထွက်ပြေးရင် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို ညှာတာမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်လိုက်တယ်လို့လည်း ဆိုပါတယ်။

“ဝန်ခံကတိထိုးရအောင် အရင်ကလည်းဘာမှလုပ်ကြတာမဟုတ်ဘဲန(နဲ့)လွတ်လာတာကြားတော့ ဝမ်းသာတာ ကြီး၊ ကြားထဲမှာ အသတ်ခံရ၊သေကြတဲ့သူတွေအတွက် တော့စိတ်မကောင်းဖြစ်ရတယ်” လို့ မြောက်ခင်ရန်း ကျေးရွာအနီးက ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်က ပြန်လွှတ်လိုက်သူတွေကိုဘယ်လိုခံဝန်ကတိမျိုးရေးထိုးစေတယ်ဆိုတဲ့အချက်ကိုတော့ ရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။

စက်တင်ဘာလအစောပိုင်းတုန်းက မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေရဲ့ ကားတစ်စီး ကလေးမြို့နယ် မြောက်စီးကျေးရွာကို စျေးဝယ်သွားရာမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် တစ် ယောက်သေနတ်မှန်ခဲ့ပါတယ်။

ဒီကိစ္စမှာပျူစောထီးတွေရဲ့ကား ရွာကထွက်လာတဲ့အကြောင်းဒေသခံကာကွယ်ရေးတပ်တွေကို သတင်းပေး တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြောက်ခင်ရန်းရွာက ပြည်သူတွေကို ရက်နှစ်ဆယ်ကျော်လောက်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲက (၇) ဦးကို ကလေးမြို့ ဒ.က.စ က တပ်ကြပ်ဆန်းဝင်းအောင်ဦးဆောင်တဲ့ ပျူ စောထီးအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပြီး DNA အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်းကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေတထောင်နီးပါး လူဦးရေ (၄၅၀၀) ဝန်းကျင် လောက်နေထိုင်တဲ့ရွာကြီးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူအများစုရှိကာ ပြည် ခိုင်ဖြိုး ပါတီဝင် ဂန့်ဂေါအမတ်ဟောင်း ဘူးလက်လှဆွေနဲ့ နီးစပ်တဲ့ရွာအဖြစ် ဒေသခံတွေကြား လူသိများပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာလည်း ဂန့်ဂေါတမြို့နယ်လုံး အတိုင်းအတာအရ NLD အမတ်တွေ နိုင်ကြပေမယ့် အဲ့ဒီရွာမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းတွေ အနိုင်ရခဲ့တယ်လို့သိရပါတယ်။