ဒေသအလိုက် သတင်းကဏ္ဍ

ချိတ်ပိတ်ခံထားရတဲ့ဖုန်းအပိုပစ္စည်းဆိုင်က ပစ္စည်းတွေ စစ်ကောင်စီသိမ်းယူ

ဆိုင်ရှင်ဖြစ်သူဖမ်းဆီးခံထားရပြီး ချိတ်ပိတ်ခံထား ရတဲ့ ကလေးမြို့ Cover King ဖုန်းအပိုပစ္စည်းအရောင်းဆိုင်က ပစ္စည်းတွေကို အောက်တိုဘာ (၁၆) ရက်နေ့လယ်ပိုင်းမှာ စစ်​ကောင်စီရဲတွေက ကားနှစ်စီးနဲ့တိုက်ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ” ပစ္စည်းတွေကိုတော့ ပီနံအိတ်တွေထဲထည့်ပြီး ယူသွားတာ၊ ကျွန်တော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က တဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာ တောင်ဘက်အနီးမှာ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ် ရေး တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က တဦးသေတယ်လို့ မုံရွာအခြေစိုက် Golden Eagle Force – Monywa က သတင်းထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီမြို့က Non CDM ပညာရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

မတူပီမြို့က Non CDM ​မြို့နယ်ပညာရေးမှုး ဦးတင်လွေးဟာ မနေ့က အောက်တိုဘာ (၁၆) ရက်ညပိုင်းမှာ နေအိမ်မှာပဲ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။ “မနေ့ည ရှစ်နာရီ၀န်းကျင်လောက်မှာ သူ့အိမ်နားတ ၀ိုက်မှာပဲ သေနတ်သံသုံး၊​လေးချက်လောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေးဒရဲမြို့နယ်မှာ လေပြင်းတိုက်ပြီး သစ်ပင်လဲကျလို့ မိသားစုဝင် သုံးဦးသေဆုံး

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်က ဘုရားချောင်းကျေးရွာမှာ မိုးသက်လေပြင်းတိုက်ပြီး သစ်ပင်လဲကျတာကြောင့် ၉ လအရွယ်ကလေး တစ်ဦးအပါအဝင် လူ ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ ည [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ ၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်ကောင်စီ ရေယာဉ်တန်း တိုက်ခိုက်ခံရ

အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ မင်း‌ဒေါင့်ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ ရေယာဉ် ၃စီးပါ စစ်ကောင်စီ ရေယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Farmer Revolution Force CHUရဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခလရ-၃၂ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကြာအင်းဆိပ်ကြီးမြို့နယ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ တပ်ရင်း ခလရ-၃၂ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးဝန်းကျင် ဒေသတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေ DNA ကို ပြောပါတယ်။ အောက်တိုဘာလ ၁၆ရက်နေ့ မနက် ၁နာရီ မိနစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ စစ်ကောင်စီ စစ်ကြောင်းသုံးခု ပေါင်းဆုံချိန် မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ၈မိုင်နှင့် ဥယာဉ်ကြီးကြားရှိ တံတားပေါ်မှာ စစ်ကောင်စီ စစ်ကြောင်း ၃ကြောင်းပူးပေါင်းချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Dawei Defense Team (ထားဝယ်-ပကဖ) က ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်္ဂပူ အထကကျောင်း မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ချယ်ရီမြောက်လမ်းနဲ့ ကံ့ကော်လမ်းကြားရှိ အ.ထ.ကစာသင်ကျောင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၆ရက် မနက် ၂နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မီးလောင်မှုကြောင့် ကျောင်းဆောင်တော်တော်များများ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောကာကွယ်ရေးတပ် စစ်ဦးစီးချုပ် ရာထူးကနေ နှုတ်ထွက်

ယောကာကွယ်ရေးတပ် (YDF) စစ်ဦးစီးချုပ် ကိုဘလိူင်ဟာ သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နူတ်ထွက်ဖို့ ဗဟိုကော်မတီကို အသိပေးပြောကြားခဲ့ရာ အောက်တိုဘာလ (၁၅) ရက်နေ့မှာ နှုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ YDF ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ “သဘောထားမတိုက်ဆိုင်တာလေးတွေရှိမယ်ဗျ။ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေလည်း ရှိမယ်ဗျ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့က နေရာနှစ်ခုမှာ တစ်ညတည်း ဗုံးနှစ်လုံးပေါက်ကွဲ

ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီကနေ့ အောက်တိုဘာ (၁၅)ရက် ညခုနစ်နာရီဝန်းကျင်က မြို့တွင်းနေရာနှစ်ခုမှာ တပြိုင်တည်းနီးပါး ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ညပိုင်းမှာပဲ မြဝတီမြို့ အမှတ်(၁) တံတားနားမှာ တစ်လုံး၊ မြဝတီစျေး K2 မီးပွိုင့်နားမှာတစ်လုံး အချိန် စက္ကန့်ပိုင်းလောက်ခြားပြီး [ဆက်လက်ဖတ်ရှုရန်]