ကလေးမြို့မှာ ဆိုင်ကယ်နှစ်ယောက်စီးတဲ့ လူငယ်တွေကို စစ်တပ်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆိုင်ကယ်တစီး အမျိုးသားနှစ်ဦးမစီးကြဖို့ နှုတ်နဲ့သတိပေးခဲ့ပြီး နောက်ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တစီးတည်းနှစ်ယောက်စီးတဲ့ လူငယ်တွေကိုတင်းတင်းကျပ်ကျပ် စစ် ဆေး မှုတွေ လုပ်နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

“အသက်အရွယ်ကြီးတဲ့နှစ်ယောက်တွဲတွေကို မစစ်ဘူး၊လူငယ်လေးတွေကို ရွေးစစ်တာ၊ ဒီနေ့လေယာဥ် ကွင်း ရှေ့မှာ ကားအမြင့်ကြီးနဲ့ရုတ်တရက်ရောက်လာပြီး ကားပေါ်ကနေ နှစ်ယောက်တွဲစီးလာတဲ့လူငယ်တွေကို သေ နတ်နဲ့ ချိန်ခေါ်ပြီး နာရီဝက်လောက်ကြာအောင်စစ်ဆေးတယ်၊ စစ်သားတွေအားလုံးမျက်နှာမှာ အဝတ်စီး ထား ကြတယ်” လို့ မျက်မြင်မြို့ခံတဦးကပြောပါတယ်။

ကလေးမြို့လယ် လေယာဥ်ကွင်းအနီးလမ်းမကြီးသာမက မြို့ရဲ့တခြားနေရာတချို့မှာပါ ဆိုင်ကယ်နှစ်ယောက် တွဲစီးလာတဲ့ လူငယ်တွေကို ရှောင်တခင်စစ်ဆေးတာမျိုးရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ကလေးမြို့စကားလှဘုန်းကြီးကျောင်းရှေ့မှာတော့ စစ်ကောင်စီစစ်သားတွေဟာ နှစ်ယောက်တွဲစီး လာတဲ့လူ ငယ်တွေကို ဆိုင်ကယ်မရပ်ရင် သေနတ်နဲ့ပစ်ခတ်မယ်လို့ အော်ဟစ်ခြိမ်းခြောက် ရပ်ခိုင်းကြတယ်လို့ဆိုပါတယ်။ နှစ်ယောက်တွဲဆိုင်ကယ်စီးလာတဲ့လူငယ်တွေကို သေနတ်နဲ့ချိန်ကာ ခြိမ်းခြောက်ရပ်ခိုင်းတဲ့အတွက် တခြားသွားလာနေတဲ့သူတွေပါ အထိတ်တလန့်ဖြစ်နေရတယ်လို့ မြို့ခံတွေကဆိုပါတယ်။

ကလေးမြို့ဆေးရုံကြီးအနားက စိမ်းလမ်းစျေးထိပ်မှာ နိုဝင်ဘာ (၁၂) ရက်က ဆိုင်ကယ်စီးလာတဲ့ ပျူစောထီး နှစ်ဦး လူငယ်နှစ်ဦးစီးလာတဲ့ တခြားဆိုင်ကယ်တစီးပေါ်ကနေ သေနတ်နဲ့ပတ်ခတ်ခဲ့အပြီးမှာ ကလေးမြို့တွင်းမှာ ဆိုင် ကယ်နှစ်ယောက်မစီးဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတိပေးပြောဆိုခဲ့ပြီး အခုလို စစ်ဆေးမှုတွေလည်း ရှိနေတာပါ။

ဒါကြောင့် လူငယ်တွေအနေနဲ့ အခုရက်ပိုင်းအတွင်း နှစ်ယောက်တွဲဆိုင်ကယ်စီးတာမျိုး ရှောင်သင့််တယ်လို့ မြို့ခံ တွေကဆိုပါတယ်။ဆိုင်ကယ်တစီးတည်း အမျိုးသားနှစ်ဦးတွဲစီးလို့ ဖမ်းဆီးအရေးယူတာကို စစ်ကောင်စီက က လေးမြို့မှာလည်း လုပ်ခဲ့ဖူးပြီး လတ်တလောမှာလည်း မုံရွာမြို့မှာ အလားတူ ဖမ်းဆီးတာတွေလုပ်နေပါတယ်။