ဒေသအလိုက် သတင်းကဏ္ဍ

သခင်မြပန်းခြံအနီး ဗုံးနှစ်လုံးပေါက်ကွဲ၊ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးထပ်မံတွေ့ရှိ

မေ ၊ ၂၅ ရန်ကုန်မြို့၊အလုံမြို့နယ်မှာရှိတဲ့ သခင်မြပန်းခြံအနီးမှာ ဒီကနေ့ မေ ၂၅ရက် မနက် ၁၁နာရီခန့်က ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်တာတော့မရှိခဲ့ဘူးလို့ ပန်းခြံအနီးနေထိုင်သူဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့ရောက်တော့ ဗုံးတွေ့လို့ စစ်တပ်ကိုအကြောင်းကြားလို့ သူတို့ရောက်လာတယ်။ဗုံးဖြုတ်မယ့်စစ်သားက ဗုံးနားအသွားမှာပဲ ပေါက်တာ။ နဲနဲဝေးနေသေးတော့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

တိုက်ကြီးမြို့နယ်မှာ အလှမွေးငါးကန်ထဲကငါးတွေသေဆုံးရတာ ရေညစ်ညမ်းပြီးအောက်ဆီဂျင်ပျော်ဝင်မှုနည်းတာကြောင့်လို့ အဖြေထွက်လာ

    မေ၊ ၂၅ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းရဲ့ ငါးကန်ထဲက အလှမွေးငါးတွေ သေဆုံးခဲ့တာဟာ ရေညစ်ညမ်းပြီး အောက်ဆီဂျင်ပျော်ဝင်မှုနည်းလို့ ဖြစ်တာလို့ ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ သိရပါတယ်။  တိုက်ကြီးမြို့နယ်ထဲက ဒေသခံတွေ အပန်းဖြေ အနားယူရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းမှာ လူငယ် ကိုးဦးခန့်ကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ဖမ်းဆီးသွား

မေ၊ ၂၅ ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်မှာ မေ ၂၄ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး  လူငယ်ကိုးဦးခန့်ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေကDNAကိုပြောပါတယ်။ “ညက ၁၀နာရီကျော်လောက်မှာ စစ်ကား လေးစီးနဲ့လာဖမ်းတာ။လာဖမ်းတဲ့အချိန်မှာ တချို့လူငယ်တွေက တိမ်းရှောင်ဖို့လုပ်တဲ့အတွက် စစ်သားတွေက သေနတ် ၂ချက်ပစ်ဖောက်ပြီး ထွက်မပြေးဖိုခြိမ်းခြောက်တာပေါ့။အဲ့ဒါပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ စစ်ကောင်စီလက်ချက်နဲ့ထွက်မပြေးနိုင်တဲ့သူတွေအပါအဝင် သက်ကြီးရွယ်အိုခြောက်ဦးသေဆုံး

  မေ၊ ၂၅ စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် တောင်မွှာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေလက်ချက်နဲ့ထွက်မပြေးနိုင်တဲ့သူတွေအပါအဝင်သက်ကြီးရွယ်အိုဒေသခံခြောက်ဦးနှစ်ရက်အတွင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တက်ကြွလှုပ်ရှားသူတွေကDNAသတင်းဌာနကိုပြောပါတယ်။  “ တရွာလုံးပြေးရတာ ။မပြေးနိုင်တဲ့ တယောက်ကို နောက်ကနေလိုက်ပစ်တယ် ။ မပြေးနိုင်လို့ကျန်ခဲ့တဲ့အသက် ၈၀ အရွယ် ဒေါ်ခင်စိန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ဖမ်းသွားတဲ့ ဂန့်ဂေါ တောင်ခင်ရန်းရွာကအမျိုးသားတဦး မြစ်သာမြစ်ထဲကနေ ဦးခေါင်းမပါတဲ့ အလောင်းသာပြန်ရ

  မေ၊ ၂၅ မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အဲ့ဒီရွာသားတဦးကို ပြီးခဲ့တဲ့ မေလ (၂၁)ရက် ညနေပိုင်းက ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။  “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အရက်ဆိုင်မှာအရက်သောက်နေတုန်း PDFလို့စွပ်စွဲဖမ်းဆီးပြီး ခေါင်းဖြတ်သတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မြို့၊ မော်တိတ်ဒေသကို စစ်ကောင်စီက လေကြောင်းကထပ်မံတိုက်ခိုက်

မေ ၊ ၂၅ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ ကျွန်းတောရွာ အနီး တော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဒီကနေ့မနက်ပိုင်းက ထပ်မံဗုံးကြဲတိုက်ခိုက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကျွန်းတော နားလေးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မှာလူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတဦးသေဆုံး

မေ၊ ၂၄ ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်က လူနေရပ်ကွက်တွေထဲကို ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက် ၁၁ နာရီခွဲ လောက်ကစတင်ကာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံး သွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊အိုအေစစ် ဘန်ဂလိုနဲ့ ဦးဝမ္မသူးမောင်းပန်းခြံအနီးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲက စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်

မေ၊ ၂၄ ရှမ်းကယားနယ်စပ်၊ မိုးဗြဲမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတခုကို မနေ့က ညပိုင်းက စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်နှစ်လုံး ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။ “ပြည်သူတွေကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီလေကြောင်းက တိုက်လို့ ခရစ်ယာန်ဘာသာရေးကျောင်းအပါအဝင် အဆောက်အအုံ ရှစ်လုံးပျက်စီး

      မေ၊ ၂၄ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် ခလယ်လောကျယ်(ပနွယ်ဖိုးကလိုး)ကျေးရွာထဲကို မေလ ၂၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာခရစ်ယာန်ဘာသာရေးကျောင်းတကျောင်းအပါအဝင် အဆောက်အအုံ ရှစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။  “ အားလုံးတိတ်ဆိတ်နေတဲ့အချိန်ပဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံမှာ စစ်ထောက်လှမ်းရေးရုံးအပါအဝင် ရုံးသုံးရုံးကို တပြိုင်တည်းဝင်တိုက်ခံရ၊ လဝကဦးစီးမှူးတဦးသေပြီး ဝန်ထမ်းတဦးဒဏ်ရာရ

မေ၊ ၂၃ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ စစ်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စရဖရုံး)အပါအဝင် ရုံးသုံးရုံးကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဦးစီးမှူးအဆင့်ရှိသူတဦးသေဆုံးပြီးဒဏ်ရာရသူတဦးရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ မနက် ၈ နာရီကျော်လောက်ပဲ ဝင်ပစ်တာ၊ [ဆက်လက်ဖတ်ရှုရန်]