ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ပညာရေးကျောင်းသားတွေရဲ့လက်မှုအနုပညာလက်ရာများ

မတ်၊ ၂၃ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းပညာရေးဇုန်တခုက ကျောင်းသူ၊ကျောင်းသား တွေဟာ စွန့်ပစ်ပစ္စည်းတွေကိုအသုံးချပြီး အသုံးအဆောင်နဲ့ အလှဆင်ပစ္စည်းတွေ၊အနုပညာလက်ရာတွေကို ဖန်တီးခဲ့ ကြပါတယ်။ အဲ့ဒီအသုံးအဆောင်တွေ၊အနုပညာလက်ရာတွေကို ကမ္ဘာလုံးဆိုင်ရာပြန်လည်တီထွင်သုံးစွဲရေးနေ့ (Global Recycling) ဖြစ်တဲ့ မတ်လ ၁၈ရက် မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

မတ်၊ ၂၂ တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်က ကျေးရွာနှစ်ရွာကို မနေ့က မတ် ၂၁ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို အရပ်သားတကိုလည်း သေနတ်ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ တရားရုံးထဲဗုံးပေါက်ကွဲလို့ ရဲတဦးသေ၊ တဦးဒဏ်ရာရ၊ ပစ်ခတ်မှုကြောင့် ရာအိမ်မှူးနှစ်ဦးသေ

မတ်၊ ၂၂ မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံးထဲ ဒီကနေ့ နေ့ခင်းပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်သား တဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရသွားသလို အောင်မြေသာစံမြို့နယ်မှာလည်း ရာအိမ်မှူးနှစ်ဦးပတ်ခတ်ခံရလို့ သေဆုံးတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေကဆိုကြပါတယ်။ ဒီကနေ့ မတ်လ ၂၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့က ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရ

မတ်၊​ ၂၁ စစ်ကိုင်းတိုင်း၊မုံရွာမြို့၊အောင်မင်္ဂလာရပ်ကွက်၊ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ကို ဒီကနေ့ နေ့ လယ်ပိုင်းမှာ လက်နက်ကိုင်တစုက ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းအများအပြားယူသွားတယ်လို့ အဲ့ဒီရပ် ကွက်မှာနေထိုင်တဲ့မြို့ခံတဦးက DNA ကိုပြောပါတယ်။  အိမ်စီးကား Mark II တစီးအပြင် ဆိုင်ကယ်ငါးစီးနဲ့ လိုက်ပါလာသူတွေလည်းပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ကြီးမှာ ကားမိုင်းကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးခဲ့

မတ်၊ ၂၁ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်မှာ ခရီးသွားယာဉ်တစီးကာမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက DNA ကို ပြောကြားပါတယ်။ ကျောက်ကြီးမြို့မှနတ်သံကွင်းကျေးဘက်ကိုမောင်းနှင်လာတဲ့”ဝင်းရတနာ”ယာဉ်လိုင်းကLight Truck ခရီးသည်တင်ယာဉ်ဟာမတ်လ ၂၀ ရက်၊ မနက် ခြောက်နာရီခွဲကျော်မှာညောင်ကုန်းတံတားအနီးရောက်ရှိစဉ် ကားမိုင်းတစ်လုံးကိုနင်းမိခဲ့တယ်လို့ သိရပါတယ်။ ့ကားမိုင်းပေါက်ကွဲခဲ့ပြီးခရီးသည်တွေဖြစ်တဲ့အသက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးကျုံးရေပြင်အတွင်း ဆေးကျောင်းသားတဦး ခုန်ချအဆုံးစီရင်

မတ်၊ ၂၁ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၂၆ လမ်းနဲ့ ၇၇ လမ်းထောင့်က ကျုံးတောင်ဖက် ရေ ပြင်အတွင်း ဆေးကျောင်းသားတဦး ခုန်ချအဆုံးစီရင်ခဲပြီး ရေနစ်သေဆုံးသွားတယ် လို့ လူမူကယ်ရေးလုပ်ကိုင်သူ တွေကပြောပါတယ်။ ဒီကနေ့ မတ်လ၂၁ရက်မနက် ၆ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အတင်းအကျပ်ငွေတောင်းမှုတွေကြောင့် လပွတ္တာကငါးဖမ်းစက်လှေတွေအခက်တွေ့နေ

မတ် ၊ ၂၀ ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်ကိုင်းသောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအသစ်တို့ပူး ပေါင်းပြီးကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေတွေကို ငွေကြေးသိန်းချီတောင်းခံတာကြောင့် အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ လပွတ္တာမြို့နယ်ကိုင်းသောင်ကျေးရွာက NLD အ စိုးရလက်ထက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီကအခုလ ပထမပတ်မှာ ဖယ်ရှားကာ ကြံ့ခိုင်ရေးပါတီဝင်တဦးကို အစားထိုးခန့်အပ်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီအထိနာနေလို့ အင်အားဖြည့်တင်းနေ

မတ် ၊ ၂၀ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်းက တနီးလာလဲကျေးရွာအနီးက ကရင်နီတပ်မတော် (KA) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာတဲ့အတွက် စစ်ကား (၁၀) ကျော်နဲ့ အင်းအားဖြည့်လာတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းမြို့မှာ ဒုတိယဗိုလ်မှူးကြီးတဦးရဲ့ သားဖြစ်သူ ပစ်ခတ်ခံရလို့သေဆုံး၊ ဒဏ်ရာရအမျိုးသမီးစိုးရိမ်ရ

မတ် ၊ ၂၀ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းမှာ ဒီကနေ့ ညနေပိုင်းက စစ်ထောက်လှမ်းရေးအတွက်အလုပ်လုပ်နေတဲ့ ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူနဲ့မိသားစုဝင်အမျိုးသမီးတဦးတို့ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတွေက DNAကိုပြာပါတယ်။ အမည်မသိသေနတ်တွေရဲ့ပစ်ခတ်မှုကြောင့် ဒုတိယဗိုလ်မှူးကြီးရဲ့သားဖြစ်သူ ဝင့်မိုးအောင်ဆိုသူဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နံပါတ်ပြားအသစ်မတပ်ရင်အရေးယူမယ်ဆို တာကြောင့်လျှောက်ထားသူများပြားနေ

မတ် ၊ ၂၀ မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားအသစ်တွေကို မတ်လကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့နဲ့ပြောင်းလဲမှုမရှိရင် အရေးယူမယ်ဆိုတာကြောင့် ကညနရုံးတွေမှာ နံပါတ်ပြားပြောင်းလဲလျှောက် ထားသူများပြားနေတယ်လို့ ယာဥ်မောင်းတွေဆီကသိရပါတယ်။ မြို့နယ်နဲ့ ယာဥ်အမျိုးအစားအမည်တွေထပ်တိုးဖော် ပြထားတဲ့ ဖောင်းကြွနံပါတ်ပြားတွေကို ပြောင်းလဲတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမူဦးစီးဌာန(ကညန)ကညွန်ကြားထားတာဖြစ်ပါတယ်။ အဲဒီနံပါတ်ပြားတွေကို မတ်လ ၃၁ရက်နောက်ဆုံးထားတပ်ဖို့အသိပေးထားတာကြောင့် ဒီရက်ပိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]