မင်းတပ်မှာလူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတဦးသေဆုံး

မေ၊ ၂၄

ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်က လူနေရပ်ကွက်တွေထဲကို ဒီကနေ့ မေလ ၂၄ ရက်နေ့ မနက် ၁၁ နာရီခွဲ လောက်ကစတင်ကာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံး သွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၊အိုအေစစ် ဘန်ဂလိုနဲ့ ဦးဝမ္မသူးမောင်းပန်းခြံအနီးက ဥယျာဉ်ထဲမှာပေါင်း ရှင်း နေတဲ့ သက်ကြီးပိုင်းအမျိုးသမီးတဦးဟာ လက်နက်ကြီးကျည်တလုံး တိုက်ရိုက်ထိမှန်လို့ နေရာမှာ ပဲသေဆုံး သွားတာလို့ မင်းတပ်မြို့ခံတဦးကပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်တွေဟာ စစ်ကောင်စီရဲ့ ခလရ (၂၇၄)တပ်ရင်းကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံ တွေကပြောကြပါတယ်။လက်နက်ကြီးကျည်ထိပြီးသေဆုံးသွားအမျိုးသမီးရဲ့ရုပ်အလောင်းဟာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီးမိသားစုက ရိုးရာထုံးစံအတိုင်းဈာပနလုပ်ဖို့ ပြန်သယ်လိုပေမယ့် စစ်ကောင်စီကသယ်ယူခွင့်မပေးဘူးလို့ လည်းဆိုပါတယ်။

“မနက်ကတည်းက(လက်နက်ကြီး) ရမ်းထုနေတာ အခုညနေ ရှစ်နာရီခွဲလောက်အထိ ထုနေဆဲပါပဲ၊စစ် ကောင်စီတပ်က နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ထုပြီး နေ့နေ့ညည ကင်းထောက်လေယာဉ်တွေ၊ ဂျက်ဖိုက် တာတွေ ဝဲပျံနေတာပါ” လို့ မင်းတပ်ဒေသခံ ကိုကီးရွှေက ပြောပါတယ်။

ဒီကနေ့ စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် နောက်ထပ် လူထိခိုက်သေဆုံးမှုနဲ့အဆောက် အအုံတွေထိခိုက်ပျက်စီးမှု ရှိမရှိ ရှင်းရှင်းလင်းမသိရသေးပါဘူး။

ဒါ့အပြင် ဒီကနေ့မှာပဲ မကွေးတိုင်း ကျောက်ထုအခြေစိုက် စစ်ကောင်စီအမြှောက်တပ်က မကွေးတိုင်းနဲ့ချင်းပြည် နယ်အစပ် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်တွေဟာ စစ်ဘေးရှောင်စခန်းတချို့အနီးမှာလည်းကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါ တယ်။

ကျောက်ထုအမြောက်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်သုံးလုံးဟာ စံ-ရေရှင်နဲ့ ထင်ချောင်းကျေးရွာတို့ ကြား ဒေသအခေါ်ပေါက်တောချောက်အနီးတဝိုက်ကိုကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ကိုဝင်းမင်းက ပြောပါတယ်။

လတ်တလောရက်ပိုင်းတွေအတွင်း စစ်ကောင်စီက ချင်းပြည်နယ်နဲ့မကွေးတိုင်းအစပ်ဒေသတွေကို လက်နက် ကြီးနဲ့ပစ်ခတ်တာ၊လေကြောင်းက ကင်းထောက်တာ၊ခရီးသွားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ တွေကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြရတယ်လို့ဆိုပါတယ်။