စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းတွေကို ကုလစုံစမ်းရေးအဖွဲ့ စုဆောင်း

စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းတွေကို ကုလစုံစမ်းရေးအဖွဲ့ စုဆောင်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုသက်သေမှတ်တမ်းတွေကို စုဆောင်းထိန်းသိမ်းထားကြဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့က ဒီနေ့မှာတိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီလိုလားနဲ့ ဆန္ဒပြပွဲတွေကို လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းမှုအတွင်း ဆန္ဒပြသူအယောက် ၁၈၀ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောပါတယ်။ တကယ့်ကိုအရေးကြီးတဲ့ နိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုတွေရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဟာ အဆင့်မြင့်အရာရှိခေါင်းဆောင်ပိုင်းတွေ ဖြစ်တယ်လို့ အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အကြီးအကဲ Nicholas Koumjianက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ “သူတို့က ကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်တဲ့သူတွေ မဟုတ်သလို…

Read More
R2P ဆိုတာဘာလဲ?

R2P ဆိုတာဘာလဲ?

Responsibility to Protect (R2P)ဟာ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှုတွေ ၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေ ဖြစ်ပေါ်လာရင် နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂစစ်တပ်နဲ့ နိုင်ငံတကာစစ်တပ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား သဘာတူခဲ့တဲ့ ၂၀၀၅ခုနှစ်ကတည်းက R2Pဟာ အရေးပါတဲ့ကမ္ဘာလုံးဆိုင်ရာ အခြေခံသဘောတရားတစ်ရပ်အဖြစ် လူသိများလာခဲ့ပါတယ်။ ၁၉၉၀ခုနှစ်တွေအတွင်း ယခင်ယူဂိုဆလားဗီးယားပြည်ထောင်စုနဲ့ ရဝမ်ဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်တွေမှာ…

Read More
အိန္ဒိယဘက်နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၀၀ကျော်အနက် အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေဖြစ်

အိန္ဒိယဘက်နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၀၀ကျော်အနက် အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေဖြစ်

၁၆ ၊ မတ်လ ၊ ၂၀၂၀ ။ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အိန္ဒိယနိုင်ငံဆီကို ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားဦးရေ ၄၀၀ကျော်ရှိလာပြီး အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေ ဖြစ်တယ်လို့ အိန္ဒိယရဲအရာရှိတစ်ဦးက မတ်လ ၁၅ရက်နေ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးနေတာ ဖြစ်ပါတယ်။ သူတို့ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်သတ်ဖို့ စစ်ကောင်စီရဲ့အမိန့်ကို ငြင်းပယ်ပြီးနောက် ဖိနှိပ်ခံရမှာကို စိုးရိမ်တာကြောင့် အခုလိုနယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတာလို့…

Read More
စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့သားသမီးတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့သားသမီးတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

၁၁ ၊ မတ်လ ၊ ၂၀၂၁ ။ သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ စစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေကို အရေးယူပိတ်ဆို့ကြောင်း မတ်လ၁၀နေ့က ကြေညာလိုက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သတိပေးနေချိန်မှာပဲ အခုလိုအရေးယူလိုက်တာပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေဖြစ်တဲ့ အသက် ၃၆နှစ်အရွယ် အောင်ပြည့်စုံနဲ့ အသက်၃၉နှစ်အရွယ် ခင်သီရိသက်မွန်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီလုပ်ငန်း ၆ခုကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။…

Read More
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းခံထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းခံထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီတောင်းဆို

၁၃ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုအခြေအနေနဲ့ ပတ်သတ်လို့ မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့တာပါ။ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားပစ်တာ ၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လုပ်ပိုင်ခွင့်တွေကို ရပ်ဆိုင်းပစ်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကိုရှုံချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းခံထားရသူတွေ ချက်ချင်းပြန်လွှတ်ပေးရေး ဆုံးဖြတ်ချက်တစ်ရပ်ကို သဘောတူခဲ့ကြပါတယ်။ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇နိုင်ငံစလုံး တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြပေမယ့်…

Read More
ဖျာပုံက တိုင်းဒေသကြီးကိုယ်စားလှယ်လည်း ဖမ်းဆီးခံရ

ဖျာပုံက တိုင်းဒေသကြီးကိုယ်စားလှယ်လည်း ဖမ်းဆီးခံရ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ NLDပါတီရဲ့ ဖျာပုံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် အမတ် မပြုံးပြုံးအေးကို စစ်ယူနီဖောင်းဝတ်သူ (၁၀)ဦးနဲ့ ရိုးရိုးဝတ်လူ (၄)ဦးတို့က စစ်ကားတစ်စီး၊ ရိုးရိုးကားအဖြူတစ်စီးနဲ့နေအိမ်ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ ခင်ပွန်းဖြစ်သူ ကိုအောင်မိုးက အတည်ပြုပါတယ်။ မနက်(၄)နာရီလောက်လာခေါ်သွားတယ်၊ အိမ်က အလုပ်သမားကို ခြံတံခါးဖွင့်ပေးဖို့ပြောတာ အလုပ်သမားကမဖွင့်ပေးဘူး၊ နောက်မှ ဖွင့်ပေးလိုက်တာ လူတွေကတော့ ပြောက်​ကျားဝတ်စုံတွေပါတယ်။ ရိုးရိုးလည်ကတုံးဝတ်တွေလည်းပါတယ်။ ကျွန်တော်အမျိုးသမီးကို ကားအဖြူပေါ်တင်ခေါ်သွားတယ်၊ စစ်ကားတစ်စီးကတော့ဖျာပုံ(၉၈)တပ်ရင်းဘက်ကို ထွက်သွားပြီး…

Read More
အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာရဲ့ သတင်းစကား

အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာရဲ့ သတင်းစကား

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲမှာ ထိန်းသိမ်းခံနေရတဲ့ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာက ပြည်သူတွေ စိတ်မပူဖို့ ၊ ပြည်သူ့ဆန္ဒသာ အဓိကဖြစ်ကြောင်းနဲ့ ပြည်သူ့ဆန္ဒကို ဘယ်သူဖျက်ဖျက် မပျက်ဘူးလို့ Delta News Agency ကို ပြောပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော်က စည်ပင်ရိပ်သာကို ဝန်းအတွင်းမှာ ရဲတပ်ဖွဲ့တွေနဲ့ ဝန်းအပြင်မှာ စစ်တပ်ကပိတ်ဆို့ထားတယ်လို့လည်း အမတ်တစ်ဦးကအတည်ပြုပါတယ်။ . အိမ်မဲလွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာကတော့ အိမ်မဲပြည်သူတွေ စိတ်မပူဖို့ အမှန်တရားကို…

Read More
ဧရာဝတီရဲ့ ဒီချုပ်ပါတီတိုင်းရုံးကို စစ်တပ်ဝင်ရောက်စစ်ဆေး

ဧရာဝတီရဲ့ ဒီချုပ်ပါတီတိုင်းရုံးကို စစ်တပ်ဝင်ရောက်စစ်ဆေး

၁ ၊ ဖေဖော်ဝါရီ၊ ၂၀၂၁။ အမှတ် ၂ ရပ်ကွက်၊ ငွေဆောင်ကားဝန်းထဲမှာရှိတဲ့ ဧရာဝတီတိုင်း၊ ဒီချုပ်ပါတီရဲ့တိုင်းအဆင့်ရုံးကို စစ်တပ်ကဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တိုင်းရုံးအဖွဲ့ဝင်တစ်ဦးက အတည်ပြုဖြေကြားပါတယ်။ လက်ရှိအချိန်အထိတော့ ပုသိမ်မြို့အတွင်းမှာ ပုံမှန်အတိုင်း အသွားအလာ မပျက်ရှိနေပြီး အစိုးရအဖွဲ့ရုံး ၊ တိုင်းလွှတ်တော်ရုံး ၊ ဝန်ကြီးများအိမ်ယာဝန်းတွေကို စစ်တပ်က ပိတ်ဆို့ထားတာ တွေ့ရပါတယ် ။ ပုသိမ်တံတားအမှတ် ၂နဲ့ ကြိုးတံတားတွေမှာလည်း စစ်တပ်ကလုံခြုံရေးယူထားပြီး ၊ ဒီမနက်ပိုင်းမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ…

Read More
ရေကြည်တိုင်းဒေသကြီးအမတ် ကိုမျိုးသက်ဦးကို စစ်တပ်လာခေါ်သွားပြီ

ရေကြည်တိုင်းဒေသကြီးအမတ် ကိုမျိုးသက်ဦးကို စစ်တပ်လာခေါ်သွားပြီ

၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။ ဒီနေ့မနက် ၄နာရီခန့်မှာ NLDပါတီရဲ့ ရေကြည်တိုင်းဒေသကြီး အမတ် ကိုမျိုးသက်ဦးကို ကွန်မန်ဒိုဝတ်စုံဝတ် လက်နက်ကိုင်တွေက နေအိမ်ကို လာရောက်ခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူ မဝင်းစန္ဒာခိုင်က အတည်ပြုပါတယ်။ ဆွေးနွေးစရာရှိတဲ့အတွက် အထက်ကညွှန်ကြားချက်အရ လာရောက်ခေါ်တာဖြစ်ပြီး ကိုမျိုးသက်ဦးရဲ့ ဖုန်းကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ လာရောက်ခေါ်ဆောင်သွားသူတွေက ဘယ်တပ်အမှတ်အမှတ်တံဆိပ်ဆိုတာ မပေါ်လွင်ပဲ အပေါ်က ကွန်မန်ဒို ဝတ်စုံတွေနဲ့ လက်နက်တွေ ကိုင်ဆောင်ထားတာကိုသာ တွေ့ရပါတယ်။…

Read More
ကိုဗစ် ဇီးရိုး ၊ ပါတီဝန်းရံ တစ်ဂိုး

ကိုဗစ် ဇီးရိုး ၊ ပါတီဝန်းရံ တစ်ဂိုး

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၀။ (Opinion) ကပ်ရောဂါကာလမှာ ကိန်းဂဏန်းတွေဟာ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ သွင်းဂိုးတွေပါပဲ။ ရောဂါကူးစက်ခံရတဲ့ တနေ့တာစာရင်းထွက်မဲ့အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြမယ်။ ရောဂါပိုး ကူးစက်ခံရမှုဟာ မနေ့ကထက် ပိုနည်းတဲ့ အရေအတွက် ထွက်လာမယ်ဆိုရင် သူတို့တွေဟာ စိတ်သက်သာရာ ရမယ်။ တကယ်လို့ ရောဂါပိုးကူးစက်ခံရမှုဟာ ယခင်နေ့တွေကထက် ပိုများတဲ့ အရေအတွက် ထွက်လာမယ်ဆိုရင် သူတို့တွေဟာ အထိတ်တလန့် ဖြစ်ကြမယ်။ လူအဖွဲ့အစည်းဟာ ကူးစက်မြန်ကပ်ရောဂါကို…

Read More