နိုင်ငံရေး

ဒီပဲယင်းမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ဒေသခံ ဆယ်ဦးထက်မနည်း ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရွာကိုးရွာမီးရှို့ခဲ့တဲ့စစ်ကြောင်းနှစ်ကြောင်းက ဒေသခံဆယ်ဦးထက်မနည်းဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုပြီးရေဦးမြို့နယ်ကချုံရွာနဲ့တင်းတိန်ရံရွာဖက်တွေကိုဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ အဲ့ဒီ့စစ်ကြောင်းဟာဒီပဲယင်းနယ်ထဲကစိုင်းပြင်မြို့၊ မြို့မစျေးနဲ့လူနေအိမ်ခြေတွေအပါအဝင်၊ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မကျည်းစောက်ရွာ၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အင်းတိုင်လေး၊ ကုန်းရိုးက အရပ်သားပြည်သူတွေရဲ့နေအိမ်တွေကိုမီးတင်ရှို့ခဲ့တာဖြစ်ပြီး စျေးဆိုင်ခန်းတွေလူနေအိမ်ခြေတရာနီးပါးမီးလောင်ပျက်စီးဆုံးရှူံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေး အင်အားစုတွေကပြောပါတယ်။ “ဒီပဲယင်းနယ် စစ်ကြောင်းဝင်တဲ့ကျေးရွာတချို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူး၊မလူရွာတိုက်ပွဲမှာပျူခေါင်းဆောင်နှစ်ဦး သေဆုံးပြီးနောက် ရွာခံ NLD ပါတီဝင်တွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊မလူကျေးရွာမှာ ရွာခံ ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း(၃)တို့ တိုက်ပွဲဖြစ်ကာ ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။  အဲ့ဒီလို တိုက်ပွဲ ဖြစ်ကာ ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ထောင်ထဲ အကြမ်းဖက်ရိုက်နှက်ခံရတဲ့အကျဉ်းသားတွေ ကတုန်းကွက်ကြားရိတ်ကာ အမှုဖွင့်ခံရ

စစ်ကောင်စီ လုံထိမ်းတပ်ဖွဲ့ နဲ့  ထောင်စည်းကမ်း ထိန်းသိမ်းရေးတွေက အကြမ်းဖက် ရိုက်နှက်လို့ ထောင်တွင်း ဒဏ်ရာ အသီးသီး ရထားတဲ့ ဆန္ဒပြ အကျဉ်းသားတွေ ကို ပုသိမ်အကျဉ်းထောင် အာဏာပိုင် အဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်နယ် ပန်းညိုရွာကို မီးရှို့နေတဲ့စစ်တပ်ကို ကာ ကွယ်ရေးတပ်တွေ တိုက်ခိုက်လို့ရွာလုံး ကျွတ် ပြာကျမယ့်ဘေးကလွတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဧရာဝတီ မြစ်ကမ်း က ပန်းညိုရွာကို စစ်ကောင်စီက အင်အား တရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးကာ ဇန်နဝါရီ ၉ ရက် ညနေပိုင်းမှာမီးရှို့ဖျက်ဆီးချိန်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး တရွာလုံး မီးလောင်ပြာကျမယ့်ဘေးကနေ ကာကွယ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအင်အားစုတွေကပြောပါ တယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့်မြို့က အလွတ်တန်းသတင်းထောက်တဦး မန္တလေးရောက်နေချိန်ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက် မန္တလေးမြို့ကို ရောက်ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူများထံမှာ သိရပါတယ်။   မနေ့က ဇန်နဝါရီ ၁၀ ရက်နေ့ နေ့ခင်း ၃ နာရီလောက်က ကိုဇော်မိုးထက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးမြို့မှာ နေအိမ်သုံးလုံးမီးလောင်

ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်မှာ ဇန်နဝါရီ၁၀ ရက် မနက်တနာရီကျော်ကမီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်သုံးလုံးပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လျှပ်စစ်မီးရှော့ဖြစ်လောင်တာလို့ပြောတယ်၊ လောင်တာကတော်တော်မြန်တယ်” လို့ မြို့ခံတဦး ကပြောပါတယ်။ မီးကသုံးအိမ်မြောက်ကိုကူးစက်လောင်ကျွမ်းချိန်မှ မီးသတ်ကားရောက်ရှိလာပြီး လာရောက်ငြှိမ်းသတ်သွားတယ်လို့ဆိုပါတယ်။ မီးလောင်သွားတဲ့နေအိမ်သုံးလုံးဟာ သစ်သား နဲ့ သွပ်ရောဆောက်ထားတဲ့အိမ်တွေဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းတောင်မှာ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုတွေဆက်တိုက်လုပ်ပြီး ငွေညှစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဟာ ညောင်ရွှေမြို့နယ်ထဲက ဒေသခံတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။  ညောင်ရွှေမြို့နယ်ထဲက အင်းလေးဒေသနဲ့ အနီးတစ်ဝိုက်က ရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြင်းမူမှာကင်းပုန်းဝပ်နေတဲ့စစ်သားကိုစစ်ကားကတိုက်သတ်၊အချင်းချင်းပစ်ခတ်မှုလည်းဖြစ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားကိုမြင်းမူမြို့ကနေထွက်လာတဲ့စစ်ကားတန်းကတိုက်သတ်ခဲ့သလိုစစ်ကောင်စီတပ်သားအချင်းချင်းအပြန်အလှန်ပစ်ခတ်မှုလညိးဖြစ်ခဲ့တယ်လို့ဒေသခံကာကွယ်ရေးအင်အားစုတွေကပြောပါတယ်။ မြင်းမူမြို့ကနေမုံရွာဘက်သွားတဲ့စစ်ကားနှစ်စီးကို ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်သုံးနာရီခွဲအချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီလို ချင်းချင်းသတ်ဖြတ်မှု တွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုနှစ်ကြိမ်မှာ စစ်ကားနှစ်စီးထိခိုက်ပြီး ထိခိုက် သေ ဆုံးမှုတွေရှိနေတဲ့အချိန် အဲ့ဒီနေရာနဲ့ မလှမ်းမကမ်း မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မဲစာရင်းကောက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ ပစ်ခတ်ခံရပြီး စစ်သားတဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က မြောကင်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့ အဖွဲ့ကိုတိုက်ခိုက်ရာမှာစစ်သား တဦးသေပြီးတဦးဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။  စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့အဖွဲ့တွေကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းတပ်မှာ ရွာမီးရှို့တဲ့စစ်တပ်နဲ့ CDF တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကြောင်း ထိုးပြီး ရွာမီးရှို့ခဲ့တဲ့ စစ်တပ်နဲ့ဒေသခံ ကာကွယ်ရေး တပ် CDF – MINDAT တို့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ CDF – MINDAT ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]