NATO မဟာမိတ် အဖွဲ့က ယူကရိန်းအတွက် စစ်လက်နက် တပ်ဆင်မှုတွေ အရှိန်မြှင့်လာရင် စစ်ပွဲဟာ လုံးဝဥဿုံ ခြားနားတဲ့ အဆင့်တစ်ခုဆီ ဦးတည်သွားလိမ့်မယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။ ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး အမေရိကန် အပါအဝင် NATO နိုင်ငံတွေက တင့်ကားနဲ့ သံချပ်ကာယာဉ်တွေ တင်ပို့ကြဖို့ အကျေအလည် ညှိနှိုင်း ဆောင်ရွက်လာကြချိန်မှာ ကရင်မလင် နန်းတော်ဖက်က အခုလို ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဗြိတိန်စစ်တပ်ဟာ သူတို့ရဲ့…
Read Moreသမုဒ္ဒရာ ရေပြင်ပေါ် ဖြတ်ပျံနေချိန် အရေးပေါ် အကူအညီ တောင်းခံခဲ့တဲ့ ခရီးသည်တင် လေယာဉ် တစီးဟာ ဩစတြေးလျနိုင်ငံမှာ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဩစတြေးလျပိုင် Qantas လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၁၄၄ လေယာဉ်ဟာ ဇန်နဝါရီ ၁၈ ရက်က နယူးဇီလန်နိုင်ငံ၊ အုက္ကလန်မြို့ကနေ ဩစတြေးလျရဲ့ ဆစ်ဒနီမြို့ဆီ ဦးတည် ပျံသန်းခဲ့ပါတယ်။ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး မြို့ကြီးတွေကြား ၃ နာရီခွဲကြာ…
Read Moreတရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ တောက်လျှောက် မြင့်တက်လာနေတဲ့ အခြေအနေမှာ ထိုင်ဝမ်က အမျိုးသမီး အရန်တပ်ဖွဲ့ဝင်တွေ လက်ခံဖို့ ပထမဆုံးအကြိမ် ပြင်ဆင်လာခဲ့ပါတယ်။ အရန်တပ်ဖွဲ့ထဲမှာ အမျိုးသမီးတွေကို ဒုတိယ သုံးလပတ် ကာလကစပြီး လက်ခံသွားမယ့် အစီအစဉ် မူကြမ်းကို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို စမ်းသပ်အဆင့် အနေနဲ့ စတင်မှာ ဖြစ်ပါတယ်။ အရန်တပ်ဖွဲ့မှာ ဆန္ဒအလျောက် ပါဝင်လာမယ့် အမျိုးသမီးတွေကို လေ့ကျင့်ပေးဖို့ ထိုင်ဝမ် အမြဲတမ်း…
Read Moreအိန္ဒိယ နိုင်ငံက စွန်လွှတ်ပွဲတော် တခုမှာ စွန်ကြိုးနဲ့ငြိတဲ့ ပြတ်ရှဒဏ်ရာတွေကြောင့် ကလေးတွေ အပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဂူဂျာရတ်ပြည်နယ် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်မှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဂူဂျာရတ်မှာ နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကြီးတစ်ခု ကျင်းပပြီး ပရိသတ် အမြောက်အမြား တက်ရောက်ခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ စွန်ကြိုးနဲ့ ငြိရာက လည်ပင်းပြတ်ရှမှုတွေကြောင့်…
Read Moreကမ္ဘာ့ အသက်အကြီးဆုံး လူသားလို့ သတ်မှတ် ခံထားရသူ ပြင်သစ် ခရစ်ယာန် သီလရှင်ကြီး လူစီလ် ရန်ဒွန်ဟာ အသက် ၁၁၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ စစ္စတာ အန်ဒရီးလို့လည်း လူသိများတဲ့ ရန်ဒွန်ရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးနေသူ တစ်ဦးက ဇန်နဝါရီ ၁၇ ရက်မှာ သီလရှင်ကြီး ကွယ်လွန်သွားကြောင်း အတည်ပြုခဲ့ပါတယ်။ ရန်ဒွန်ဟာ အသက် ၁၁၉ နှစ် ပြည့် မွေးနေ့ မတိုင်ခင်…
Read Moreရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စကားအမှား တစ်ခွန်းကို တာဝန်ယူပြီး ယူကရိန်း သမ္မတရဲ့ အနီးကပ် အကြံပေး ပုဂ္ဂိုလ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းရဲ့ ဒီနီပရိုမြို့က လူနေ တိုက်ခန်းတွဲ တစ်ခုကို ရုရှားဒုံးကျည် ထိမှန်ခဲ့ရာက လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးရာမှာ အိုလစ်ဆီ အာရစ္စတိုဗစ်ချ်က စကားမှားသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယူကရိန်း…
Read Moreရုရှားဟာ စူပါ တော်ပီဒိုလို့ သတ်မှတ်ခံရတဲ့ Poseidon တော်ပီဒိုတွေကို ပထမအသုတ် လက်တွေ့ စတင် ထုတ်လုပ်ထားပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဖျက်ဆီးအား မတန်တဆ ပြင်းထန်တဲ့ လက်နက်ကြီးတွေ (Super Weaponတွေ)လို့ ညွှန်းဆိုခဲ့ဖူးတဲ့ စစ်လက်နက်တွေ စာရင်းမှာ Poseidonတွေလည်း ပါဝင်ပါတယ်။ အရွယ်အစား အရမ်းကြီးမားသလို နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင် ပစ်ခတ်နိုင်တဲ့ Poseidonတွေကို…
Read Moreယူကရိန်းကို ထောက်ပံ့မယ်ဆိုတဲ့ ဗြိတိန်ရဲ့ တင့်ကားတွေ မီးဟုန်းဟုန်းတောက် လောင်ကျွမ်းစေရမယ်လို့ ရုရှားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က နိုင်ငံရဲ့ စစ်တပ်မှာ အသုံးပြုနေတဲ့ အဓိက တိုက်ပွဲဝင် တင့်ကားတွေဖြစ်တဲ့ Challenger 2 ၁၄ စီးကို ယူကရိန်းအတွက် လွှဲပေးမယ်လို့ ကြေညာလိုက်တဲ့အပေါ် ရုရှားက အခုလို တုံ့ပြန်ခဲ့တာပါ။ ဗြိတိန်ဟာ NATO မဟာမိတ် နိုင်ငံတွေထဲမှာ အနောက်နိုင်ငံ နည်းပညာနဲ့…
Read Moreပြည်ပမှာ တိမ်းရှောင်နေသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူက သူဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ အခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အင်အားစုကို ကိုယ်စားပြုပြီး လက်ရှိ ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာကို စိန်ခေါ်သွားလိုကြောင်း ပေတွန်တန် ရှီနာဝပ်ထရာက ဆိုပါတယ်။ သူ့ရဲ့ ဖခင် ဘီလီယံနာ သူဌေးကြီး သက်ဆင်ရော၊ အဒေါ်ဖြစ်တဲ့ ယင်လက်ခ် ရှီနာဝပ်ထရာပါ…
Read Moreဘာကီနာဖာဆို နိုင်ငံမှာ အမျိုးသမီး ၆၀ ဝန်းကျင်လောက် အစုလိုက် ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ နိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် သူပုန်တွေ ထကြွနေတဲ့ တစ်နေရာမှာ အမျိုးသမီး အများအပြား ပြန်ပေးဆွဲ ခံလိုက်ရတာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဘင်ဒါမြို့နဲ့ ၁၀ ကီလိုမီတာလောက် အကွာမှာ အမျိုးသမီး ၄၀ ဝန်းကျင် ပြန်ပေးဆွဲခံရပြီး နောက်တစ်ရက်မှာလည်း မြို့မြောက်ဖက်မှာ နောက်ထပ်…
Read More