ထိုင်းဘုရင်ကို ပုတ်ခတ် စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား တစ်ဦးကို ထောင်ဒဏ် ၂၈ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး အွန်လိုင်းကနေ အဝတ်အထည်တွေ ရောင်းချနေတဲ့ မွန်ကိုလ် တီရာကိုတီဟာ ထိုင်းဘုရင်နဲ့ တော်ဝင် မိသားစုကို အွန်လိုင်းကနေ စော်ကားတဲ့ ပို့စ်တွေ တင်ခဲ့ကြောင်း သီးခြား စွဲချက် နှစ်ခုအတွက် အပြစ်ရှိတယ်လို့ ချင်းရိုင်ခရိုင် တရားရုံးက အခုသီတင်းပတ်မှာ ဆုံးဖြတ်ပြီး…
Read Moreအမေရိကန်ဟာ ယူကရိန်းဆီကို သူတို့ရဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး ဗားရှင်းဖြစ်တဲ့ တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့သွားမယ်လို့ သိရပါတယ်။ အစောပိုင်းမှာ အမေရိကန်က ယူကရိန်းအတွက် M1 Abrams တင့်ကား ၃၁ စီး ပေးပို့သွားမယ်လို့ပဲ ကြေညာထားခဲ့ပေမယ့် ဘယ်မျိုးကွဲလဲ ဆိုတာကို အတိအကျ မပြောထားပါဘူး။ အခုအခါမှာတော့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လက်ထောက် ပြန်ကြားရေး အရာရှိချုပ် ဆာဘရီနာဆင်းက ယူကရိန်းဆီ ပေးပို့မှာဟာ M1A2 မျိုးကွဲ…
Read Moreအသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ်တဲ့ ဖျားနာမှု ဝေဒနာတစ်မျိုး ခြိမ်းခြောက်လာတာကြောင့် မြောက်ကိုရီးယားဟာ မြို့တော် ပြုံယမ်းမှာ Lockdown အမိန့် ကြေညာထားကြောင်း သိရပါတယ်။ ဇန်နဝါရီ ၂၅ ရက်ကစလို့ ပြုံယမ်း မြို့ခံတွေကို အခုသီတင်းပတ်ကုန်ထိ ၅ ရက်ကြာ အိမ်အပြင် မထွက်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ကြောင်း တောင်ကိုရီးယား အခြေစိုက် မြောက်ကိုရီးယား အထူးပြု မီဒီယာ တစ်ခုက ဖော်ပြလာခဲ့ပါတယ်။ NK သတင်းဌာနရဲ့ အဆိုအရ…
Read Moreအိန္ဒိယနိုင်ငံမှာ လူနေ တိုက်တစ်လုံး ရုတ်တရက် ပြိုကျခဲ့ရာက လူ ၃ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း သိရပါတယ်။ အူတာပရာဒက်ရှ် ပြည်နယ်က လက္ကနောင်းမြို့မှာ ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်း နေမထွက်ခင် ၄ ထပ် အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာဖြစ်ပြီး အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေ တော်တော်များများ ရှိနေတယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ ပြည်နယ် အစိုးရ ဒုတိယ အကြီးအကဲ ဘရာဂျက်ရှ်…
Read Moreရာထူးက ရုတ်တရက် နုတ်ထွက်သွားတဲ့ ဂျက်ဆင်ဒါ အားဒန်ရဲ့ နယူးဇီလန် ဝန်ကြီးချုပ် နေရာကို ခရစ္စ ဟစ်ပ်ကင်စ်က တရားဝင် အစားထိုး ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ ရဲလုပ်ငန်းရေးရာ ဝန်ကြီး ဟစ်ပ်ကင်စ်ဟာ အာဏာရ လေဘာပါတီရဲ့ ခေါင်းဆောင် နေရာကို ဆက်ခံပြီး ဝန်ကြီးချုပ်သစ် အနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဟစ်ပ်ကင်စ်ဟာ အားဒန်…
Read Moreအီရန်ကို ဦးတည်ပြီး အင်အားပြတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကြီး တစ်ခုကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စတင်နေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်က စတင်ပြီး တစ်ပတ်နီးပါး ကြာမြင့်မယ့် စစ်ရေး လေ့ကျင့်မှုကို Juniper Oakလို့ နာမည်ပေးထားပါတယ်။ လေတပ်ချင်း ပူးပေါင်း စစ်ဆင်မှုကို အဓိက အသားပေးထားပြီး စုစုပေါင်း လေယာဉ် ၁၄၂ စီး ပါဝင် ပျံသန်းမယ့် အစီအစဉ်ဟာ လက်ရှိ…
Read Moreယူကရိန်းအတွက် ပင်မ တိုက်ပွဲဝင် တင့်ကားကြီးတွေ ပေးပို့သွားဖို့ အစဉ်တစိုက် ငြင်းဆန်နေတဲ့ ခေါင်းမာမှုကို အမေရိကန်ရော၊ ဂျာမနီပါ စွန့်လွှတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ အနောက်နိုင်ငံ နှစ်ခုက သတင်းတွေရဲ့ အဆိုအရ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ M1 Abrams တင့်ကားတွေကို ယူကရိန်းဆီ လွှဲပေးဖို့ ပြင်ဆင်နေသလို ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်ကလည်း Leopard 2 တင့်ကားကြီးတွေ ပေးပို့နိုင်ရေးအတွက် ခေါင်းညှိတ်ဖို့…
Read Moreကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့မှာ သေဆုံးမှုတွေ ပြန်လည် မြင့်တက်လာတဲ့အပေါ် အလေးအနက် စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေက ကိုဗစ်နဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ ကြေညာထားမှုကို ဆက်လက် ထားရှိရမလား၊ ပြန်လည် ရုပ်သိမ်းရမလား ဆိုတာကို ဝေဝါးသွားစေတယ်လို့လည်း WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရို့စ် အက်ဟန်နမ် ဂျီဘရီယီဆွတ်ဇ်က ပြောပါတယ်။ အရင်က ကိုဗစ်ရောဂါဟာ…
Read Moreဂျေရုဆလင်မြို့မှာ ဝန်ကြီးချုပ် အိမ်တော်တစ်ခု တည်ဆောက်ဖို့ စဉ်းစားနေကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူက ပြောကြားခဲ့ပါတယ်။ အစ္စရေးမှာ ဝန်ကြီးချုပ် အိမ်တော်ရယ်လို့ သီးသန့် မရှိဘဲ နေတန်ယာဟူက ဂျေရုဆလင်မှာရှိတဲ့ ကိုယ်ပိုင် အိမ်ကြီးမှာပဲ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အိမ်နားတဝိုက်မှာ လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားရတာ၊ ဆူဆူညံညံ ဖြစ်တာတွေကြောင့် အိမ်နီးချင်းတွေရဲ့ မကျေမနပ် စောဒက တက်မှုတွေကို ကြုံတွေ့နေရတယ်လို့ အစ္စရေးရဲ့ သက်တမ်း…
Read Moreအစိုးရ အဖွဲ့ဝင်တဦး အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် အဂတိ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားမယ်လို့ ယူကရိန်း အစိုးရက ကတိပြုခဲ့ပါတယ်။ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ယူကရိန်း အစိုးရရဲ့ အခြေခံ အဆောက်အအုံ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗာဆဲလ် လိုဇင်စကီးကို ရာထူးက ထုတ်ပယ်လိုက်တဲ့နောက် အဂတိ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို…
Read More