
ယူကရိန်းမှာ ရုရှားက မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေကို အသုံးပြုနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မကြာခဏ ပြောထားပြီး ရုရှားကို ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးနေတဲ့အပြင် စစ်ပွဲအတွက် စစ်ကူတွေ ထပ်ပေးဖို့လည်း မြောက်ကိုရီးယားက ကတိပြုထားတယ်လို့ စွပ်စွဲထားပါတယ်။
၁၅ ၊ ဩဂုတ်
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက်လည်း ပူးတွဲ လုပ်ဆောင်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ပြောခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာန KCNA က ဒီကနေ့ ဩဂုတ် ၁၅ ရက်နေ့ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်ကနေ ကိုရီးယားနိုင်ငံ လွတ်မြောက်ခဲ့တဲ့ အထိမ်းအမှတ်နေ့အတွက် ကင်ဆီကို ပေးပို့တဲ့ သဝဏ်လွှာမှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံကိစ္စတွေနဲ့ နိုင်ငံတကာရေးရာတွေမှာ အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားကြမယ်လို့ ယုံကြည်ကြောင်း ပူတင်က ပြောခဲ့တယ်လို့ KCNA က ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ကို တိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက်စစ်သည်တွေကို ဂုဏ်ပြုဖို့ ကင်ဟာ သောကြာနေ့က ပြုံးယမ်းမှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို သွားရောက်ခဲ့တယ်လို့ KCNA က သတင်းဖော်ပြပါတယ်။
နှစ်နိုင်ငံကြား သွေးစည်းညီညွတ်မှုနဲ့ စစ်မက်ဘက်တော်သား သံယောဇဉ်ဟာ အရှိန်ရလာတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အုတ်မြစ်ဖြစ်လာတယ်လို့ ကင်က ပြောခဲ့ကြောင်း KCNA က သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်ကလည်း ကင်ဆီ သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ KCNA က ဆိုပါတယ်။
ဒီသဝဏ်လွှာတွေနဲ့ ကင်ရဲ့ ခရီးစဉ်ဟာ မော့စကိုနဲ့ ပြုံးယမ်းတို့ကြား ပိုမိုနက်ရှိုင်းလာတဲ့ ဆက်ဆံရေးကို မီးမောင်းထိုးပြနေပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကို မြောက်ကိုရီးယားက ကူညီပေးနေမှုအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ပိုမိုမြင့်တက်စေခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားက မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေကို အသုံးပြုနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မကြာခဏ ပြောထားပြီး ရုရှားကို ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးနေတဲ့အပြင် စစ်ပွဲအတွက် စစ်ကူတွေ ထပ်ပေးဖို့လည်း မြောက်ကိုရီးယားက ကတိပြုထားတယ်လို့ စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားဟာ လက်နက်အစီအစဉ်တွေကို ဆက်လုပ်ဖို့ ဖြောင့်ချက်ထုတ်တာ၊ တရုတ်နဲ့ ရုရှားတို့ရဲ့ ထောက်ခံမှုကို ပိုခိုင်မာအောင် လုပ်ဖို့အတွက် အရှေ့မြောက်အာရှဒေသကို ပြိုင်ဘက်အုပ်စုတွေ ထိပ်တိုက်တွေ့ဆုံတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေတာလို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
Ref – Reuters
#ရုရှား #မြောက်ကိုရီးယား #ဒေသတွင်းလုံခြုံရေး #ပူတင်
#DeltaNewsAgency #DNA