အားကစားကဏ္ဍ

အမ်ဘာပေနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဟာ လေးစားမှု မရှိဘူးလို့ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒို ပြော

၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ရီးရဲလ်မက်ဒရစ်အသင်းဟာ လူငယ်ကြယ်ပွင့် အမ်ဘာပေနဲ့ ပတ်သက်လို့ ပီအက်စ်ဂျီအသင်းအပေါ် လေးစားမှုမရှိဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာတို့အကြားမှာ အပြောင်းအရွှေ့ဂယက်က ပြန်လည်ထွက်ပေါ်လာပြီး ကစားသမားကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နေပြည်တော်မှာ လဝက ဝန်ထမ်းဖယ်ရီကား ဗုံးပေါက်

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ နေပြည်တော်မှာ Non CDMတွေကို သတိပေးတဲ့အနေနဲ့ စစ်အုပ်စုရဲ့ လဝကဝန်ထမ်းတွေအတွက် ကြိုပို့ယာဉ်တစ်စင်းကို နေပြည်တော် PDFက ဗုံးတစ်လုံးသတိပေးဖောက်ခွဲခဲ့ပါတယ်။ အောက်တိုဘာလ ၅ရက်နေ့ နေ့လည်ပိုင်းက ရပ်တန့်ထားတဲ့ လဝကဝန်ထမ်း ဖယ်ရီကားတစ်စင်းကို အသံဗုံးအပျော့စားနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတမြို့ ဗုံးပေါက်ကွဲပြီးနောက် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ဖမ်းဆီး

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ဟင်္သာတမြို့မှာ အောက်တိုဘာလ ၄ရက်နေ့ ညပိုင်းက ဗုံးသုံးလုံးပေါက်ကွဲပြီးနောက်   အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ဗုံးသုံးလုံးဆင့်ပေါက်ခဲ့တာနဲ့ ပက်သက်ပြီး စစ်အုပ်စုက အောက်တိုဘာလ ၅ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းအောင်လှိုင် ရန်ကုန်ကို ဘာလာလုပ်မှာလဲ 

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊သီလဝါမှာ မနက်ဖြန်ပြုလုပ်မယ့် Coast Guard(ကမ်းခြေစောင့်တပ်ဖွဲ့ဖွင့်ပွဲနဲ့ စစ်ရေယာဥ်တွေ လွှဲပြောင်းပေးအပ်တပ်တော်ဝင်ခြင်းအခမ်းအနားကို မင်းအောင်လှိုင်တက်ရောက်မယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ အဲဒီအခမ်းအနားကို ရေတပ်ဆိပ်ခံတံတား(သီလဝါ)အမှတ်(၃)မှာ ပြုလုပ်မှာဖြစ်ပြီး မင်းအောင်လှိုင်နဲ့အတူ ရေတပ်ဦးစီးချုပ်၊လေတပ်ဦးစီးချုပ်နဲ့ ရန်ကုန်တိုင်း၊တိုင်းမှူးကဲ့သို့ ထိပ်တန်းအရာရှိကြီးတွေပါလာမယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လာမယ့်နှစ် မတိုင်ခင်အထိ ဩစတြေးလျက နိုင်ငံတကာခရီးသွားတွေကို ဝင်ခွင့်ကန့်သတ်

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ လက်ရှိဩစတြေးလျနိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ချက် တွေကြောင့် နိုင်ငံတကာခရီးသွားဧည့်သည်တွေကို လက်ခံဦးမှာ မဟုတ်သေးဘူးလို့ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဒီကနေ့မှာ ပြောပါတယ်။ ဒီထဲမှာ ကျွမ်းကျင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပညာရေးအတွက် ကျောင်းလာတက်မယ့် သူတွေလည်း ပါဝင်နေပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုနဲ့ပျူစောထီးက ကျွန်းဒက်ရွာကို ဝင်ရောက်ဓားပြတိုက်ပြီး အိမ်တွေမီးရှို့

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ဂန့်ဂေါမြို့နယ် ကျွန်းဒက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတို့က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူဓားပြတိုက်ကာ နေအိမ် ၄လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  စစ်ကားတွေနဲ့ ကျေးရွာထဲကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဆိုးဆုံးဒလန်လုပ်ခဲ့တဲ့ ကသာအုပ်ကြီး၇ဦး မြို့ကနေအပြီး ထွက်ခွါသွားဖို့ ထုတ်ပြန်

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ အဆိုးဆုံးဒလန်လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၇ဦး မြို့ကနေအပြီးအပိုင်ထွက်ခွါ သွားကြဖို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ကသာမြို့ပေါ်ကရပ်ကွက်၃၊၄၊၅၊၆၊၉၊၁၀နဲ့၁၁က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ အဆိုးဆုံးဒလန်လုပ်ခဲ့တယ်လို့ ကသာPDF ကထုတ်ပြန်ပါတယ်။ ဒါအပြင် စစ်အုပ်စု မြို့နယ်ကောင်စီမှာပါဝင်တဲ့ ကသာမြို့၊မြို့မိမြို့ဖ အမည်ခံအချို့လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးကူညီပေးခဲ့တဲ့ Free Burma Ranger-Karenni

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရတဲ့ ကယားပြည်နယ်(ကရင်နီ) အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို Free Burma Ranger-Karenniက ရိက္ခာ၊ဆေးဝါးနဲ့ အသုံးဆောင်တွေကို အောက်တိုဘာလ ၅ရက်နေ့မှာ သွားရောက်ပေးအပ်ခဲ့ပါတယ်။ ရိက္ခာတွေပေးအပ်ခဲ့တဲ့အပြင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်ဝမ်ကို အလုံးစုံဖိအားပေးနေတာတွေ ရပ်တန့်ဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ တရုတ်အနေနဲ့ ထိုင်ဝမ်ကို စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးနဲ့ အကျပ်ကိုင်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။ လက်ရှိအချိန်ထိ အမေရိကန်အနေနဲ့ ထိုင်ဝမ်ဘက်က ရပ်တည်နေပြီး တရုတ်ရဲ့ ထိုင်ဝမ်အပေါ်ပြုမူ ဆက်ဆံနေပုံတွေကို အဆက်မပြတ်စောင့်ကြည့်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အဲဗာတန်နဲ့ ပွဲမှာ စီရော်နယ်ဒိုကို ဦးစားပေးစာရင်းမှာ ပွဲထုတ်ခဲ့သင့်တယ်လို့ ဖာဂူဆန်ပြော 

၅၊ အောက်တိုဘာလ၊ ၂၀၂၁။ မန်ယူဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်က ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ အသင်း သရေကျခဲ့တာနဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်နေပြီး သူ့အမြင်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဖာဂူဆန်က အဲဗာတန်နဲ့ ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ စီရော်နယ်ဒိုကို ဦးစားပေးစာရင်းမှာ [ဆက်လက်ဖတ်ရှုရန်]